📌World Spine Day-2026
ကမ္ဘာ့ကျောရိုးဆစ်ကျန်းမာရေးနေ့ (World Spine Day) ကို နှစ်စဉ် အောက်တိုဘာလ (၁၆) ရက်နေ့၌ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Spine Health for Life” ဖြစ်ပါသည်။ နာကျင် ကိုက်ခဲမှုနှင့် လှုပ်ရှားသွားလာမှုဆိုင်ရာ ကျောရိုးကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာသည်အထိ စောင့်ဆိုင်းမနေဘဲ၊ မိမိတို့၏ ဘဝတစ်လျှောက်လုံးတွင် ကျောရိုးဆစ်ကို ကြိုတင်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပသော “World Spine Day” ကို ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက် ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”