🩻World Osteoporosis Day🩻
 
နှစ်စဉ် အောက်တိုဘာလ (၂၀) ရက်နေ့သည် အရိုးပါး၊ အရိုးပွရောဂါနှင့်ပတ်သက်ပြီး အသိပေးမှုတိုးမြှင့်စေရန်၊ အရိုးပွရောဂါနှင့် အရိုးကျိုးလွယ်ခြင်းတို့ကို ကာကွယ်ရန်အတွက် ကလေးဘဝမှစ၍ အသက်ကြီးရင့်သည့်အချိန်အထိ အရိုးကျန်းမာရေး၏ အရေးပါမှုကိုသိရှိစေရန် ရည်ရွယ်၍ကျင်းပသော နေ့တစ်နေ့ ဖြစ်ပါတယ်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Build, Protect, Strengthen Your Bones for Life.” ဖြစ်ပါတယ်။
 
🔹Build – အရိုးများ ကြံ့ခိုင်သန်မာစေရန်တည်ဆောက်ခြင်း – ကယ်လ်စီယမ်နှင့် ပရိုတင်းဓာတ် ကြွယ်ဝမျှတသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်အလေးချိန်ကို ထောက်ပံ့ပေးနိုင်သည့် လေ့ကျင့်ခန်းနှင့် ကြွက်သားများသန်မာစေသည့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများကို ကျင့်သုံးခြင်းတို့ဖြင့် ကြံ့ခိုင်သန်မာသောအရိုးများကိုတည်ဆောက်ပါ။
🔹Protect – အရိုးများကို ကာကွယ်စောင့်ရှောက်ခြင်း – အရိုးပွရောဂါ (osteoporosis) ဖြစ်နိုင်ခြေကိုလျော့ချရန်၊ ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ တက်ကြွလှုပ်ရှားနေထိုင်ခြင်းနှင့် လဲကျမှုမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် အရိုးများကို ကာကွယ်စောင့်ရှောက်ပါ။
🔹Strengthen – အရိုးများကို ပိုမိုကြံ့ခိုင်စေခြင်း – အရိုးပွရောဂါရှိနေလျှင် သို့မဟုတ် အရိုးကျိုးဖူးပါက အချိန်မီ ရောဂါရှာဖွေကုသမှုခံယူခြင်း၊ သင့်လျော်သော ကုသမှုနှင့် အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လဲကျမှုကာကွယ်ခြင်းနှင့် အနာဂတ်တွင် အရိုးထပ်မံကျိုးပဲ့နိုင်ခြေကို လျှော့ချရန် ဆက်လက်ဂရုစိုက်ခြင်းတို့ဖြင့် အရိုးများကို ပိုမိုကြံ့ခိုင်သန်မာစေမှာဖြစ်ပါတယ်။
 
📌အရိုးကျန်းမာရေးသည် တစ်သက်တာလုံး ဂရုစိုက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး ကြိုတင်ဆောင်ရွက်မှုများပြုလုပ်ရန် စောလွန်းသည် သို့မဟုတ် နောက်ကျလွန်းသည်ဟူ၍ မရှိပါ။ ထို့သို့အရိုးနှင့်ပတ်သက်သော ရောဂါများ လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ကျင်းပသော “World Osteoporosis Day” အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆို ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။
 
🩺🩺အရိုးကျန်းမာရေးအတွက် ကြိုတင်သိရှိပြီးကာကွယ်မှုများပြုလုပ်နိုင်ရန် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Bone Wellness Check-Up Package များဖြင့် ဝန်ဆောင်မှု‌ပေးနေပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”