🌏World Polio Day-2026🌏
 
“ကမ္ဘာ့ပိုလီယိုနေ့ (World Polio Day)” ကို ပိုလီယိုရောဂါကြောင့် ကလေးများတွင် ဖြစ်ပေါ်လာနိုင် သည့် ဆိုးရွားသော အကျိုးဆက်များကို အသိပညာပေးရန်အတွက် နှစ်စဉ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပါသည်။ ထို့အပြင် ဤနေ့သည် ပိုလီယို ကာကွယ်ဆေးကို ပထမဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့သူ Dr. Jonas Salk ၏ မွေးနေ့ကို ဂုဏ်ပြုသောနေ့လည်း ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “End Polio: Every Child, Every Vaccine, Everywhere” ဖြစ်ပါသည်။ မိခင်ဖခင်များအနေဖြင့် မိမိ၏ ရင်သွေးရတနာများကို ပိုလီယိုကာကွယ်ဆေး 🩸တိုက်ကျွေးခြင်း၊ 💉ထိုးခြင်းများကို မပျက်မကွက်ဘဲ ⛳️နေရာဒေသမရွေး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ရင်း ပိုလီယိုရောဂါကင်းစင်သောကမ္ဘာကြီးဖြစ်စေရန် ရည်ရွယ်၍ ကျင်းပသော (World Polio Day) အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”