Dialysis Center

ကျောက်ကပ်သွေးသန့်စင်ရာတွင် လူနာများအတွက် အကောင်းဆုံးနှင့်အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုဖြစ်စေရန်အတွက် အောက်ပါအချက်များနှင့်ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

 

  • ကျောက်ကပ်ဆေးရာတွင်အသုံးပြုသော RO Water သည်လည်း အရည်အသွေးစိတ်ချရသော Double RO System ဖြင့် အသုံးပြုပါသည်။ ထို့ကြောင့် Water Quality ကိုလည်း လစဥ် အမျိူးသားကျန်း‌မာရေးဓာတ်ခွဲခန်းသို့ RO Water Sample ပို့၍ စစ်ဆေးခြင်း၊ RO Water ၏ပိုးမွှားသန့်စင်မှု (Endotoxin)စစ်ဆေးခြင်းကို ပြင်ပကုမ္မဏီတွင် ၃လ ၁ကြိမ် စစ်ဆေးခြင်း၊
  • HD စက်များနှင့်ပတ်သက်၍ Cleaning & Disinfection ကို Infection Control Guildline အတိုင်းတိကျစွာဆောင်ရွက်လုပ်ကိုင်ခြင်း၊
  • လူနာများ ကျောက်ကပ်သွေးသန့်စင်ရာတွင် အသုံးပြုသည့်ဆေး ရည်များ၏ Electrolyte ဓာတ်ပစ္စည်းပါဝင်မှုတို့သည်လည်း အလွန်အရေးကြီးသောကြောင့် ဓာတ်ပစ္စည်းစစ်ဆေးမှုကို ၃လ ၁ကြိမ် စံပြုသတ်မှတ်ရန် ပုံမှန်စစ်ဆေးခြင်း၊
  • Infectiousနှင့်Non-infectious လူနာများအား သီးသန့် HD စက်များနှင့် ဆောင်ရွက်ပေးခြင်း၊
  • Kidney-Kleen Reprocessing machine ကို အသုံးပြု၍ သင့်တင့်သော အကြိမ်အရေအတွက်တွင် ကျောက်ကပ်တု၏ သန့်စင်နှုန်း အရည်အသွေးကောင်းစွာလုပ်ဆောင်နိုင်ရန် စီစဥ်ထားရှိခြင်း၊
  • အရေးပေါ်အခြေအနေအတွက် ၂၄နာရီအချိန်မရွေး ကျောက်ကပ်သန့်စင်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်း၊
  • ကျောက်ကပ်သွေးသန့်စင်ခြင်းအတွက် အထောက်အကူဖြစ်စေရန် Body Composition Monitor(BCM) စက်အသုံးပြု၍ လိုအပ်သလို တွက်ချက်ပေးခြင်း တို့ဖြင့်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံကြီးရှိ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် Japan နိုင်ငံမှထုတ်လုပ်သော Nipro 55 Plus HD စက်၊ Nikkiso HD စက်စသော ခေတ်မှီ HD Machine 17 လုံးကို အသုံးပြုကာ အတွေ့အကြုံရှိ၍ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် သူနာပြုကျန်းမာရေးဝန်ထမ်းများမှ ကျောက်ကပ် သွေးသန့်စင်ခြင်းကို ဆီးနှင့်ကျောက်ကပ်သမားတော်ကြီးများ၏ ညွန်ကြားချက်အတိုင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

Operation Hours တစ်နေ့လျှင် 3 Sessions ဖြင့်

  • Session 1 – 6:30am to 11:30 am
  • Session 2 – 12:00 pm to 4 pm 
  • Session 3 – 5:00 pm to 9:00 pm သက်မှတ်ထားပြီးအရေးပေါ်လိုအပ်လာပါက(Lifesaving) အ‌တွက် (၂၄)နာရီဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Call Us: 01 2300631

Extension-6527, 6528