CANCER PACKAGE

ကင်ဆာ ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်း (Male, Female)

ယခုအခါ ကမ္ဘာနှင့်တစ်ဝန်းတွင် လူကြီးလူငယ်ကျားမ မရွေး ကင်ဆာဖြစ်ပွါးမှုနှုန်း မြင့်တတ်လျက်ရှိပါသည်။ ကင်ဆာရောဂါသည် မျိုးရိုးကြောင့်သော်လည်ကောင်း၊ စားသောက်နေထိုင်မှုပုံစံ Lifestyle Changes စသည်လူနေမှုပုံစံ အကြောင်းအမျိုးမျိုးကြောင့်သော်လည်ကောင်း ကင်ဆာရောဂါဖြစ်လာရပါသည်။ ကင်ဆာဆဲလ်တွေဟာရောဂါရှိသောနေရာတွင်သာမက ကိုယ်ခန္ဓာအနှံ့မှာ ကုပ်တွယ်ပျံနှံ့တတ်ပါသည်။ ကုသမှုခံယူသည့်အခါတွင်းလည်းလူနာ၏အသက်အရွယ် တစ်ခြားရောဂါအခံရှိမရှိ ကုသမှုဒဏ် ခံနိုင်မခံနိုင် လူနာ၏ဆန္ဒစသော လူနာတစ်ဦးချင်းစီ၏အခြေအနေပေါ်မူတည်ပြီး ကင်ဆာဆဲလ်အမျိုးအစားအလိုက်သင့်လျော်သော ကုသမှုနှင့် အကောင်းဆုံးဖြစ်စေမည့်ကုသမှုများကိုရွေးချယ်ကုသသင့်ပါသည်။ 

ကင်ဆာဆဲလ်ပျံ့ပွါးနိုင်သောနည်းလမ်းလေးခုရှိပါသည်။

  • ကင်ဆာအလုံးအကြိတ်နှင့်ကင်ဆာအနာများစတင်ဖြစ်ပေါ်လာသည့်နေရာမှာပင်တစ်ဖြည်းဖြည်းကြီးလာခြင်း၊
  • (Lymph Node) ပြန်ရည်အကြိတ်ကတစ်ဆင့်ကင်ဆာဆဲလ်ပျံ့ပွါးနိုင်ခြင်း၊
  • ကင်ဆာဆဲလ်တွေသည် သွေးကြောမှတစ်ဆင့် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုး ခန္ဓာကိုယ်နေရာအနှံ့ကိုရောက်ရှိပျံပွါးနိုင်ခြင်း၊
  • (Trans coelomic) ဝမ်းဗိုက်အတွင်းမှ အစာအိမ်၊ မျိုးဥအိမ် တို့တွင်ကင်ဆာဆဲလ်ပျံ့ပွါးနိုင်ခြင်း တို့ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် ကင်ဆာရှိမရှိစစ်ဆေးတိုင်းတာခြင်းကို ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့်ခေတ်မီပြီး နိုင်ငံတကာမှတင်သွင်းသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများကို အသုံးပြုကာ မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါ၏အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Cancer Screening Check-Up Package များအတွက်အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်ခင်ဗျာ။

ဗဟိုရ်စည်ဆေးရုံကြီး၏ Cancer ရောဂါရှာဖွေးရေးဌာနတွင်

  • Cancer Screening(Male) (အမျိုးသားများအတွက် ကင်ဆာရှိ/မရှိစစ်ဆေးခြင်း)၊
  • Cancer Screening(Female) (အမျိုးသမီးများအတွက် ကင်ဆာရှိ/မရှိစစ်ဆေးခြင်း)၊

များကိုပြုလုပ်ရရှိနိုင်မည်ဖြစ်ပါသည်။

Program(အစီအစဉ်) Cancer Screening Cancer Screening
( Male ) ( Female )
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
 
 
မျက်စိစမ်းသပ်စစ်ဆေးခြင်( မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Exam Screening
 
 
နားအကြားအာရုံစစ်ဆေးခြင်း Hearing Screening
 
 
သွေးဆဲလ်များအားဓာတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
 
 
သွေးနီဥ အနည်ထိုင်နှုန်းစစ်ဆေးခြင်း ESR
 
 
အစာမစားမီ သွေးထဲရှိသကြားဓာတ်တိုင်းတာခြင်း FBS
 
 
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test Liver Function test, T&DP (Albumin, Globulin)
 
 
ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test BUN/Urea, Creatinine
 
 
အသည်းကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း AFP
 
 
အူလမ်းကြောင်းကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း CEA
 
 
ဆီးကျိတ်ကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း  Total PSA, Free PSA
 
 
ပန်ကရိယ / အူမကြီးကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း CA 19-9
 
 
ရင်သားကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း CA 15-3  
 
သားဥအိမ်ကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း CA 125  
 
သားအိမ်ခေါင်းကင်ဆာ ဆဲလ် ရှိ/မရှိ စစ်ဆေးခြင်း Pap smear test  
 
ဆီးစစ်ဆေးခြင်း Urine Exam
 
 
ဝမ်းစစ်ဆေးခြင်း Stool Exam
 
 
အစာအိမ် အူလမ်းကြောင်းတွင်သွေးယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးခြင်း Stool for Occult Blood
 
 
ရင်ဘက်ဓာတ်မှန်ရိုက်ခြင်း Digital Chest X-ray(PA)
 
 
ဝမ်းဗိုက်တခုလုံးအားအသံလှိုင်းဖြင့် ရောဂါရှာဖွေခြင်း Ultrasound(Abdomen+pelvic)
 
 
မနက်စာစားသုံးခွင့်ကူပွန် Breakfast Coupon
 
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)