Ureteroscopic Lithotripsy (URS)

Ureteroscopic Lithotripsy (URS) ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှကျောက်ခြေခြင်း

Ureteroscopic Lithotripsy (URS) ဆိုသည်မှာ ဆီးလမ်းကြောင်းဆီးပြွန်အတွင်းရှိ မည်သည့်အစိတ်အပိုင်းတွင် မဆို ကျောက်များပိတ်စို့နေပါက မခွဲမစိတ်ဘဲ လူနာအိပ်ပျော်သွားသည်နှင့် သေးငယ်သောကင်မရာတပ်ထားသည့် ဆီးလမ်းကြောင်းမှန်ပြောင်း (Ureteroscope) ကိုအသုံးပြု၍ ဖယ်ရှားခြင်းဖြင့် အလွန်ထိရောက်သော ကုထုံးတစ်ခုဖြစ်ပါသည်။ ဆီးလမ်းကြောင်းဆီးပြွန်အတွင်းနှင့် ကျောက်ကပ်အတွင်းရှိ ကျောက်များရှိပါက စောစောကုသကာ စောင့်ရှောက်မှုခံယူသင့်ပါသည်။

Ureteroscopic Lithotripsy (URS) အကျိုးကျေးဇူးများ

  • ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးရုံတက်ရက်နည်းခြင်း၊
  • ဆီးပြွန်အတွင်းရှိ သိပ်သည်းဆများသောကျောက်များအပြင် ဓါတ်မှန်တွင်မတွေ့ရှိနိုင်သော ကျောက်များပါခြေဖျက်နိုင်ခြင်း၊
  • အဝလွန်ရောဂါရှိသူနှင့် ကိုယ်ဝန်ဆောင်များပါကုသနိုင်ခြင်း၊

Ureteroscopic Lithotripsy (URS) မလုပ်ဆောင်သင့်သူများ

  • အရွယ်အစားကြီးမားသော ဆီးလမ်းကြောင်း ကျောက်ရှိသူများ၊
  • ဆီးလမ်းကြောင်းမှန်ပြောင်းထည့်ကြည့်၍ မသင့်လျှော်သောရောဂါအခြေအနေရှိသူများ၊

နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကျောက်တည်သောရောဂါများကို ယခင်ကလိုခွဲစိတ်စရာမလိုဘဲ ရောဂါလက္ခဏာ၊ ကျောက်အရွယ်အစား၊ တည်နေရာ၊ လူနာကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ဗဟိုရ်စည်ဆေးရုံကြီးမှာ ခွဲစိတ်စရာမလိုဘဲ ခန္ဓာကိုယ်ထဲတွင်ရှိသောကျောက်များကို ခေတ်မီနည်းပညာကို အသုံးပြု၍ ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှကျောက်ကို Ureteroscopic Lithotripsy (URS) နည်းပညာ ကိုအသုံးပြုကာ ကျွမ်းကျင်သောပညာရှင်များမှ အကောင်းဆုံးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

Call Us : 01 2300631

Extension 1601, 1606