







ကျွန်မ ဗဟိုရ်စည်ဆေးရုံမှာ တာဝန်ထမ်းဆောင်းခဲ့တာ နှစ်ပေါင်း (၃၀) ကျော်ခဲ့ပါပြီ ဆေးရုံမှ ချမှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဂရုစိုက်လိုက်နာပြီး ဝန်ထမ်းအချင်းချင်းလည်း အဆင်ပြေညီညွတ်ခင်မင်စွာဖြင့်ရှိခဲ့ပါတယ်၊ ဝန်ထမ်းအသစ်များရောက်လာပါကလည်း လက်တွဲခေါ်သင်ကြားပေးခဲ့ပြီး ပျော်ရွှင်စွာလုပ်ကိုင်ခဲ့ကြပါတယ်။ လူကြီးများမှ တစ်နှစ်တစ်ခါနှစ်ပတ်လည် ပျော်ပွဲ ရွှင်ပွဲ၊ ကျွေးမွေးပွဲ၊ ငွေသားမဲနှိုက်ပွဲများကိုလည်း လုပ်ပေးသည့်အတွက် ပျော်ခဲ့ရပါတယ်။ Yearly Bonus များကိုလည်းဝန်ထမ်းများ၏ လုပ်သက်အလိုက် ချီးမြှင့်ပေးခဲ့ပါတယ်။ အခုလို (၄၅) နှစ် အထက်ဝန်ထမ်းများကို ယခုနှစ်မှစ၍တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးတဲ့အတွက် အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်။
ယခုလိုမျိုးဝန်ထမ်းအားလုံးကို မိသားစုသဖွယ် စောင့်ရှောက်ပေးတဲ့ ဗဟိုရ်စည်ဆေးရုံ၏ တာဝန်ရှိ လူကြီးမင်းများကို ဗဟိုရ်စည်ဆေးရုံဝန်ထမ်းများအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ဗဟိုရ်စည်ဆေးရုံကြီးလည်း အခုထက်ပိုပြီး လူသားအားလုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပြုစုစောင့်ရှောက်ပေးနိုင်သော အကျိုးပြုဆေးရုံကြီးဖြစ်ပါစေလို့ ဗဟိုရ်စည်ဆေးရုံဝန်ထမ်းများအားလုံးရဲ့ ကိုယ်စား ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။”



“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။







