ကြက်သွန်ဖြူ (Garlic) ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ခေတ်အဆက်ဆက်မှသည် ယနေ့ထိတိုင် ကြက်သွန်ဖြူ (Garlic) ကို ဟင်းခပ်ရာတွင် ဟင်းအနှစ်/အရသာ ရရှိ စေရန်အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီး ကျန်းမာရေးအတွက် ဆေးစွမ်းတစ်လက်အဖြစ်ပါအသုံး ပြုလျက်ရှိကြပါသည်။

🧄ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာကတည်းက သုံးစွဲလာကြပြီး ရှေးခေတ်အီဂျစ် လူမျိုးများသည်လည်း ကျန်းမာရေးအတွက်သာမက အချက်အပြုတ်နှင့် ရောဂါကုထုံး လုပ်ဆောင်ရာအတွက်ပါ အသုံးပြုခဲ့ကြပါသည်။

🧄ကြက်သွန်ဖြူ(Garlic)တွင် ကယ်လိုရီ အဆီများနှင့် ဆိုဒီယမ်တို့ ပါဝင်မှုအလွန်နည်းပါးပါသည်။ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာမင် B6၊ B1၊ ကလိုရင်း စသည့် အသုံးဝင်သော သတ္တုဓာတ်များ အများအပြားရှိပါသည်။

ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသော သုတေသနစမ်းသပ်ချက်များအရ ကြက်သွန်ဖြူ (Garlic) တွင် ဆေးဖက်ဆိုင်ရာအရည်အသွေးများနှင့် ဒြပ်ပေါင်းများပါဝင်ခြင်းကြောင့် ကြက်သွန်ဖြူ(Garlic)စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🧄သွေးတိုးနှင့် နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေခြင်း
လေ့လာမှုအများစု၏ သုတေသနပြုချက်များအရ နှလုံးရောဂါ၏အန္တရာယ်နှင့် ကိုလက်စထရောအဆင့်များကို လျှော့ချနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းများကို သောက်ဆေးများကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရသည် ဟုဆိုပါသည်။ ကြက်သွန်ဖြူ(Garlic) သည် သွေးတွင်းကိုလက်စထရောဓာတ်ကို ထိန်းညှိပေးပြီးနှလုံးရောဂါနှင့် သွေးကြောဆိုင်ရာ ရောဂါများဖြစ်သည့် arthrosclerosis, hyperlipidemia, thrombosis, သွေးတိုးရောဂါ စသည်ရောဂါများနှင့် လေဖြတ်ခြင်းအန္တရာယ်များကို ကာကွယ်ပေးနိုင်ရန် ကူညီပေးပါသည်။

🧄အရိုးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေခြင်း
ကြက်သွန်ဖြူ(Garlic)ကို သုံးစွဲခြင်းဖြင့် ရိုးဆက်ရောင်ရမ်းနာ၏ လက္ခဏာများကို အတော်အသင့် သက်သာကြောင်းနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် အဖြစ်များသော အရိုးပွခြင်းကို လျော့နည်းစေနိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။ ထို့အပြင် အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးအတွက် အရိုးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အဆစ်အမြစ်ရောင်ရောဂါများကိုလည်း သက်သာစေနိုင်ပါသည်ခင်ဗျာ။

🧄အစာခြေမှုကို မြှင့်တင်ပေးနိုင်ခြင်း
ကြက်သွန်ဖြူ (Garlic)ကို နေ့စဉ်အစားအစာတွင်ထည့်၍စားသုံးခြင်းဖြင့် အစာခြေခြင်းပြဿနာများနှင့် အစာအိမ် ရောင်ရမ်းခြင်းကိုလျော့နည်းစေနိုင်ပါသည်။ အစာအိမ်နှင့် အူထဲတွင်ရှိသော ကောင်းသောဗက်တီးရီးများကို ထိခိုက်စေခြင်းမရှိဘဲ မကောင်းသောဗက်တီးရီးယားများကို ပျက်စီးစေနိုင်ပြီး အစာခြေမှုကိုလည်းမြှင့်တင်ပေးပါသည်။ ထို့အပြင် ဝမ်းပျက်၊ ဝမ်းလျှောခြင်းနှင့် အူလမ်းကြောင်း ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ပါသည်။

🧄သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးခြင်း
ကြက်သွန်ဖြူ (Garlic)ကို စားသုံးခြင်းဖြင့် သွေးထဲရှိသကြားပါဝင်မှုနှုန်းကို လျော့နည်းစေနိုင်သည်ဟု လေ့လာမှု များက ဖော်ပြနေပါသည်။

🧄ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
ကြက်သွန်ဖြူ (Garlic) တွင် ကိုယ်ခံအားကိုကောင်းမွန်စေသော အာဟာရဓာတ်များပါရှိပါသည်။ ထို့အပြင် ကြက်သွန်ဖြူ (Garlic) ကို ပျားရည်နှင့်တွဲဖက်စားသုံးခြင်းဖြင့်လည်း အရေပြားအိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးခြင်းဖြင့်ကူညီပေးနိုင်ပါသည်။

🧄ကိုယ်အလေးချိန်လျှော့ချရန် မြှင့်တင်ပေးခြင်
ကြက်သွန်ဖြူ (Garlic) ကို ကိုယ်အလေးချိန်လျှော့ချရန် နှစ်ပေါင်းများစွာအတည်းက အသုံးပြုခဲ့ကြပြီး ဓာတ်မ တည့်မှုမရှိသလောက်ပင်ဖြစ်ပါသည်။ ကိုလက်စထရောအတွက် ကြက်သွန်ဖြူ (Garlic) ကိုအသုံးပြုပါက ကိုလက်စထရောအဆင့်များကို သုံးလကြာပြီးနောက် စစ်ဆေးသင့်ပါသည်။ အကြံပြုထားသော ကြက်သွန်ဖြူ၏ နေ့စဉ်ပမာဏမှာ တစ်နေ့လျှင် (၃၀၀၀-၆၀၀၀ မီလီဂရမ်) အထိအသုံးပြုသင့်ကြောင်း ဖော်ပြထားပါသည်။

🧄ဆေးဖက်ဆိုင်ရာ သုတေသနဂျာနယ်မှ အစီရင်ခံစာတစ်စောင်က တစ်နေ့လျှင် ကြက်သွန်ဖြူဥတစ်ဥသည် ကျန်းမာရေးကို အကြီးအကျယ်တိုးတက်စေနိုင်ပြီး နေ့စဉ်နှစ်ကြိမ်မှ သုံးကြိမ်စားသုံးသင့်ကြောင်းဖော်ပြထား ပါသည်ခင်ဗျာ။

🧄ကြက်သွန်ဖြူ (Garlic) ကို လူအများစုသည် ချက်ပြုတ်စားသောက်ခြင်းဖြင့်ပိုမိုနှစ်သက်ကြပြီး ဟင်းသီး ဟင်းရွက်များ၊ အသားငါးများချက်ပြုတ်ရာတွင် ထည့်၍အသုံးပြုကြပါသည်။ ကြက်သွန်ဖြူ (Garlic) ကို ချက်ပြုတ်၊ ကင်စားသူများရှိသလို အစိမ်းစားတဲ့သူများလည်းရှိပါသည်။ ကြက်သွန်ဖြူ (Garlic) ၏ အနံ့၊ အရသာ ကို မခံစားနိုင်သော လူအချိူ့အတွက်တော့ အစိမ်းစားခြင်းသည် အဆင်မပြေမှုများဖြစ်စေနိုင်ပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာကြောင့် မည်သို့ပင်စားစား ကြက်သွန်ဖြူ (Garlic) သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာတစ်မျိုးပင်ဖြစ်ပါသည်။ ကြက်သွန်ဖြူ (Garlic) မှာပါ၀င်သော သဘာ၀ဂုဏ်သတ္တိများသည် ရောဂါများစွာကိုကုသပေးနိုင်သော ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်ကို ဗဟုသုတအလို့ငှာဖော်ပြလိုက်ပါသည်ခင်ဗျာ။ 🥰🥰🥰

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

More Health Info⇐