ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာဘာကိုပြောတာလဲ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်ပေါ်စေနိုင်သောအဓိကအကြောင်းရင်းသည် များသောအားဖြင့် Escherichia coli (E. coli) ကြောင့်ဖြစ်ပါသည်။ E. coli သည် အစာအိမ်နှင့် အူလမ်းကြောင်း (GI) တွင် တွေ့ရလေ့ရှိသော ဗက်တီးရီးယား တစ်မျိုးဖြစ်ပါသည်။ စအိုနှင့် စအိုတဝိုက်ရှိ Escherichia Coli ဟု ခေါ်သော ဗက်တီးရီးယားများသည် ဆီးလမ်းကြောင်း အတွင်းသို့ဝင်ရောက်ပြီး ဆီးအိမ်ပိုးဝင်ခြင်း (Cystitis), ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urethritis), ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) များကို ဖြစ်ပေါ်စေနိုင်ပြီး အသက် အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။

🔷UTI ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်ခြေပိုများသော သူများမှာ-

အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ ခုခံအားကျဆင်းသောလူများ၊ အသက်ကြီးသူများ၊ Catheter နှင့်နေရသောသူများ၊ ဓာတ်ရောင်ခြည်ကုထုံးကုသမှုခံယူနေရသူများ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသူများ၊ ရေသောက်နည်းသူများ၊ ဆီးအောင့်ထားလေ့ရှိသောသူများ၊ ကျောက်ကပ်လုပ်ဆောင်မှုဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူများတွင် ဖြစ်နိုင်ခြေများစေနိုင်ပါသည်။ ယေဘုယျအားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက်ဖြစ်နိုင်ခြေပိုများနိုင်ပါသည်။

🔷UTI ရောဂါလက္ခဏာတွေကဘာတွေလဲ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာများတွင် ချမ်းတုန်ဖျားခြင်း၊ ဆီးသွားချင်စိတ်ရှိပြီးဆီးမသွားနိုင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားသည့်အခါ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း (သို့) ပူလောင်ခြင်းခံစားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးတွင်အနည်များပါခြင်း၊ ဆီးကျန်သကဲ့သို့ ခံစားရခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ နေမကောင်းခြင်း၊ ပင်ပန်းခြင်းနှင့် ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါသည်။

🔷ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကုသဘဲထားပါက ကိုယ်တွင်းအင်္ဂါများကိုဒုက္ခပေးနိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါသည်။

👉👉ထို့ကြောင့် မိမိတွင် ဆီးလမ်းကြောင်းနှင့်ပတ်သက်သည်ရောဂါများခံစားနေရသည်ဟု သံသယရှိပါက စောစီးစွာ ကုသမှုခံယူသင့်ပါသည်ခင်ဗျာ။ ဆီးလမ်းကြောင်းနှင့်ပတ်သက်သော ရောဂါလက္ခဏာများခံစားနေရပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနတွင် ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ အထူးကုသမားတော်ကြီးများနှင့် ကြိုတင် Booking ယူပြီး ဆွေးနွေးတိုင်ပင်ကုသမှု ခံယူနိုင်ပါသည်ခင်ဗျာ။

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့။

More Health Info⇐