တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာ အစားထိုးခွဲစိတ်ကုသခြင်း
 
ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာကုသမှုများကို ကျွမ်းကျင်သောအရိုးအကြောဆိုင်ရာခွဲစိတ်ပါရဂူကြီးများမှ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများအပြင်လိုအပ်ပါကအစားထိုးခွဲစိတ်ကုသခြင်းများကို ခေတ်မီစက်ကိရိယာများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ကုသပေးနေပါသည်ခင်ဗျာ။
ဘယ်လိုလူမျိုးတွေအစားထိုးခွဲစိတ်ကုသမှုကိုရွေးချယ်သင့်ပါသလဲ
✅အထူးသဖြင့်အခြားသောဆေးဝါးများနှင့် လေ့ကျင်းခန်းကုသခြင်းများဖြင့် သက်သာမှုမရှိသောသူများ၊
✅တင်ပါးဆုံရိုးနှင့် ဒူးခေါင်းရိုးများဆိုးဆိုးရွားရွားပျက်စီးခြင်းကြောင့် နာတာရှည်နာကျင်ကိုက်ခဲ၍ လှုပ်ရှားမှု မပြုလုပ်နိုင်သောအရိုးအဆစ်ဝေဒနာခံစားနေရသူများသည် ဆရာဝန်ဖြင့်တိုင်ပင်ပြီး အစားထိုးခွဲစိတ်ကုသရန်လိုအပ်ပါက ခွဲစိတ်ကုသမှုကို ရွေးချယ်သင့်ပါသည်။
 
တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာခွဲစိတ်ကုသခြင်းသည် မကောင်းသောအရိုးအစိတ်အပိုင်းများကိုဖယ်ထုတ်ပြီး အစားထိုးမည့်အစိတ်အပိုင်းများကိုတပ်ဆင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အစားထိုးခွဲစိတ်ကုသမှုများကို ဗဟိုရ်စည်ဆေးရုံကြီးတွင် အကောင်းဆုံးဆောင်ရွက် ကုသပေးနေပါသည်ခင်ဗျာ။
 
⛳တင်ပါးဆုံနှင့် ဒူးခေါင်းနာကျဉ်ခြင်းတို့၏ လက္ခဏာရပ်များ
တင်ပါးဆုံရိုးနှင့်ဒူးခေါင်းရိုးတို့သည် ခန္ဓာကိုယ်အစိတ်အပိုင်းများထဲတွင် အရေးပါသောနေရာများဖြစ်ပြီး လမ်းလျောက်ခြင်းနှင့် အထိုင်အထကောင်းမွန်စေရန်အတွက် တင်ပါးဆုံနှင့် ဒူးခေါင်းများကောင်းမွန်နေစေရန် အရေးကြီးလှပါသည်။ တင်ပါးဆုံရိုးနှင့် ဒူးခေါင်းရိုးများပျက်စီးယိုယွင်းလာပါက လမ်းမလျောက်နိုင်ဘဲ ၎င်းနေရာတစ်ဝိုက်တွင် နာကျင်ခြင်း၊ လှုပ်ရှားနေစဉ်အသံမြည်ခြင်း၊ အပြည့်အဝမဆန့်တန်းနိုင်ခြင်း၊ အထိုင်အထခက်ခဲခြင်းနှင့် လှေကား အတက်အဆင်းခက်ခဲခြင်းတို့ကိုခံစားရနိုင်ပါသည်။ ၎င်းခံစားမှုများသည် အဆက်မပြတ်နာကျင်ကိုက်ခဲလာပါက နာတာရှည် အရိုးအဆစ်ဝေဒနာများကိုဖြစ်ပေါ်စေပြီး သက်တောင့်သက်သာမဖြစ်စေနိုင်သည့်အပြင် နေ့စဉ်လူနေမှုဘဝကိုပါထိခိုက်စေနိုင်ပါသည်။ ဤအခြေအနေသည် သက်ကြီးရွယ်အိုများတွင်သာမက ငယ်ရွယ်သူများတွင်လည်း ကြုံတွေ့ရနိုင်ပါသည်။
 
လူနာများအတွက် အကောင်းဆုံးဆောင်ရွက်ထားရှိခြင်း
✅ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာအစားထိုးခွဲစိတ်မှုပြုလုပ်ပြီး လူနာများအား အပြည့်အဝပြန်လည်ကောင်းမွန်လာသည်အထိ အကျိုးသက်ရောက်မှုရှိစေရန် ခွဲစိတ်မှုမပြုလုပ်မီနှင့် ခွဲစိတ်မှုအပြီး ကုသမှုအစီအစဉ်များကိုအကောင်းဆုံး ဆောင်ရွက်ထားရှိခြင်း၊
✅Physical & Rehabilitation Department မှ Physiotherapist များမှ လူနာအားပုံမှန်ကျန်းမာကြံ့ခိုင်သောဘဝကို အမြန်ဆုံးပြန်လည်ရရှိစေရန် အကောင်းဆုံးဆောင်ရွက်ပေးခြင်း များကိုဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎Phone- 01-2300631(Hot Line), Ext-1601,1606
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။