နာတာရှည်ကျောက်ကပ်ရောဂါ လျော့နည်းစေရန်ကြိုတင်ကွာကွယ်ပါ

နာတာရှည်ကျောက်ကပ်ရောဂါအန္တရာယ်ကြုံနေရသည်မှာ ဝမ်းနည်းစရာပင်ဖြစ်ပါသည်။ ဤရောဂါသည် ဆီးချိုရောဂါနှင့် နှလုံးရောဂါကဲ့သို့သော နောက်ထပ်အခြေအနေ၏ အကျိုးဆက်များအဖြစ်အများအားဖြင့်ဖြစ်ပေါ်လေ့ရှိပါသည်။ အစားအစာနှင့်ဘဝလူနေမှုပုံစံ အပြောင်းအလဲများအပါအဝင် ကျောက်ကပ်ရောဂါအန္တရာယ်ကို လျော့နည်းစေရန် လုပ်ဆောင်နိုင်သည့် အရာအနည်းငယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပြုမိကြပါသည်။

ဆားစားသုံးမှုကို လျှော့ချပါ။ ဆားသုံးစွဲမှုများခြင်းသည် ကျောက်ကပ်ချို့ယွင်းမှုရှိမည်ဆိုပါက အရမ်းထိခိုက်စေနိုင်ပါသည်။ ဆားအလွန်အကျွံစားသုံးခြင်းကို ထိန်းချုပ်ခြင်းဖြင့် သွေးဖိအားကိုလျော့နည်းစေပြီး ကျောက်ကပ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ ထို့အပြင် အချိုဓာတ်ပါသောအစားအစာများ အလွန်အကျွံစားသုံးခြင်း ကိုရှောင်ကြဉ်သင့်ပါသည်။ ၎င်းသည် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါဖြစ်ပွါးစေရာတွင် ကြီးမားသောကဏ္ဍမှပါဝင်သောကြောင့် နှစ်ခုစလုံးသည် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေနိုင်ကြောင်းဖေါ်ပြထားပါသည်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်ကာကွယ်ပါ

ကိုယ်အလေးချိန်ပိုခြင်း (သို့မဟုတ်) အဝလွန်ခြင်းက နာတာရှည်ကျောက်ကပ်ရောဂါအန္တရာယ်ကို တိုးများစေနိုင်ပါသည်။ ကိုယ်အလေးအချိန်လျှော့ချရန်နှင့် သွေးဖိအားလျော့နည်းစေရန် လေ့ကျင့်ခန်းလုပ်သင့်ပြီး နှစ်ခုစလုံးက ကျောက်ကပ်ရောဂါဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါသည်။ အဝလွန်သူများသည် နာတာရှည်ကျောက်ကပ် ရောဂါဖြစ်နိုင်ချေနှစ်ဆရှိကြောင်း လေ့လာမှုများကဖော်ပြနေပါသည်။ ကိုယ်ခန္ဓာ၏ Body Mass Index က ၃၀ ကျော်ရှိပါက အဝလွန်တယ်လို့ ယူဆနိုင်ပါသည်။ ထို့ကြောင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းကဲ့သို့သော ပုံမှန်လေ့ကျင့်ခန်းများလုပ်သင့်ပါသည်။

ဆေးရွက်ကြီးသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကို အကြီးအကျယ်ပျက်စီးစေနိုင်ပြီး နှလုံးရောဂါဖြစ်ပွါးမှုကိုဖြစ်နိုင်ပါသည်။ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် နှလုံးရပ်တန့်ခြင်းတို့က ကျောက်ကပ်၏လုပ်ဆောင်မှုကို ပိုမိုလုပ်ဆောင်ရသောကြောင့် ကျောက်ကပ်ရောဂါကိုဖြစ်စေနိုင်ပါသည်။ ဆေးလိပ်ဖြတ်ခြင်းက ကျောက်ကပ်ရောဂါဖြစ်ပေါ်လာမှုကို နှေးကွေးစေနိုင်ပါသည်။

အရက်သောက်ခြင်းကိုကန့်သတ်ခြင်းဖြင့်ကာကွယ်ပါ

အရက်သောက်ခြင်းသည် သွေးဖိအားနှင့် ကိုလက်စထရောပါဝင်မှုနှုန်းကို မြင့်မားလာနိုင်ပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်စေနိုင်သည့် သွေးတိုးရောဂါကိုမြင့်မားစေနိုင်သောကြောင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

 

ပုံမှန်ကျန်းမာရေးစစ်ဆေးပြီးကုသခြင်းဖြင့်ကာကွယ်ပါ

ကျောက်ကပ်ရောဂါကို ကြိုတင်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါသည်။ အကယ်၍  သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါကဲ့သို့သော အခြားနာတာရှည်ရောဂါရှိသူများ၊ မိသားစုရာဇဝင်ရှိသူများ၊ အခြားဆေးဝါးများသောက်သုံးနေရသူများသည် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများသောကြောင့် ဆရာဝန်နှင့် ဆွေးနွေတိုင်ပင်ကုသရန်လိုအပ်ပါသည်ခင်ဗျာ။

ကျောက်ကပ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါကလည်း ကျွန်တော်တို့ဗဟိုရ်စည် ဆေးရုံကြီးရှိ Medical Check-up ဌာနတွင် Healthy Kidney Medical Check-Up Package ဖြင့်စစ်ဆေးနိုင်ပါသည်ခင်ဗျာ။

 လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4504, 4505, 4001, 4002, 4010

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

Email: bahosihospital@gmail.com

Web Mail: bahosihospital@bahosihospital.com

⇒More Health Info⇐