သိုင်းရွိုက်ဟော်မုန်းနည်းခြင်း(Hypothyroidism)ကိုဂရုစိုက်ပါ
 သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပေးသောသိုင်းရွိုက်ဂလင်းသည် လည်ပင်း၏အသံအိုးအောက်လေပြွန်ရှေ့နားတွင်ရှိသော လိပ်ပြာပုံစံသေးငယ်သော  သိုင်းရွိုက်ဟော်မုန်းထုတ်လွှတ်ပေးသည် ဂလင်းတစ်ခုဖြစ်ပါသည်။
သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း နှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ် အသီးသီးပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။
 
သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်း (နည်းခြင်း/များခြင်း)ထဲမှ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးလက္ခဏာများနှင့် ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း(Hypothyroidism)၏လက္ခဏာများ
 
ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အအေးမိသလိုခံစားရခြင်း၊ အားနည်းခြင်း၊ ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ချွေးထွက်နည်းခြင်း၊ နှလုံးခုန်နှုန်းနှေးကွေးခြင်း၊ သွေးတွင်းကိုလက်စထရောမြင့်မားခြင်း၊ ကြွက်သားအားနည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ အထက်ပါလက္ခဏာများခံစားရပါက သိုင်းရွိုက်အားနည်းခြင်းရှိမရှိကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသသင့်ပါသည်။ ဤရောဂါလက္ခဏာအများအပြားရှိနေပါက (သို့မဟုတ်)ပိုဆိုးလာပါက Hypothyroidism အတွက် စမ်းသပ်ရန်လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေ ရှစ်ဆပိုများပါသည်။
 
⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ
 
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းသည် ပုံမှန်အားဖြင့် နှေးကွေးပြီး ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးလက္ခဏာများ ကွဲပြားခြားနားနိုင်ပါသည်။ (Hypothyroidism) အလွန်ပြင်းထန်ပါက (Myxedema Coma) မေ့မြောသွားနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါသည်။ မကုဘဲထားပါက Hypothyroidism ၏အန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သော လည်ပင်ကြီးရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ မျိုးမပွားနိုင်ခြင်း၊ မွေးကင်းစကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခြင်း၊ အပျိုဖော်ဝင်ချိန်နောက်ကျခြင်း များကိုဖြစ်စေနိုင်ပါသည်။
 
🛡သိုင်းရွိုက်ဟော်မုန်းနည်းခြင်းများကိုလျှော့ချရန်အကြံပြုချက်များမှာ
 
ရှောင်ရှားသင့်သောအစားအစာများ- ယေဘူယျအားဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းသူများအတွက် ရှောင်ရှားသင့်သော အစားအစာများကိုအတိအကျလိုက်နာရန် မလိုအပ်သော်လည်း သတိထားရန်အကြံပြုချက်အချို့မှာ အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်မှထွက်သော အစားအစာများကိုရှောင်သင့်ပါသည်။
 
မျှတသောအစားအစာများကိုစားပါ- လုံလောက်သော အိုင်အိုဒင်းပမာဏ ရရှိရန်အတွက် အိုင်အိုဒင်းကြွယ်ဝသော အစားအစာများပါဝင်သော အိုင်အိုဒင်းဆား၊ ဒိန်ချဉ်ဒိန်ခဲ ကဲ့သို့နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ပင်လယ်စာများကို စားသုံးသင့်ပါသည်။
 
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်အောင်ကူညီပေးပြီး အချို့သောသိုင်းရွိုက်ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
 
စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး သိုင်းရွိုင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
 
လုံလောက်စွာအိပ်စက်ပါ- လုံလောက်သောအိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။
 
ဆေးလိပ်နှင် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုင်းရောဂါဖြစ်ပွားမှုကိုပါတိုးမြှင့်စေနိုင်ပါသည်။
 
ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးခြင်းများသည် သိုင်းရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)
 
ထို့ကြောင့် မိမိတွင်သိုင်းရွိုင်းရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
👉👉သိုင်းရွိုက်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် ကျွမ်းကျင်သောပညာရှင်များက တိကျသောအဖြေများရရှိအောင် စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com