အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးကောင်းအောင်စားသောက်နေထိုင်ခြင်း

အသက်ကြီးလာသည်နှင့်အမျှ အာဟာရမျှတအောင်စားသောက်နေထိုင်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာကိုစားသုံးခြင်းတို့သည် နှလုံးရောဂါ၊ ဆီးချိုရောဂါကဲ့သို့သော မလိုလားအပ်သော ရောဂါများမဖြစ်ပေါ်လာနိုင်အောင်လျှော့ချပေးနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာစွာအသက်ရှည်နေထိုင်ရေးအတွက် စာသောက်နေထိုင်သင့်ပုံအကြံပြုချက်အချို့ကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။ 

📌အသက်ကြီးလာသည်နှင့်အမျှကျန်းမာရေးပြဿနာတွေကဘာတွေလဲ

👉National Center for Nutrition Physical Function and Aging ၏အဆိုရ ကမ္ဘာပေါ်တွင် အသက်ကြီးရွယ်အို (၄) ယောက်မှာ (၁) ယောက်သည် အာဟာရချို့တဲ့ခြင်းကိုခံစားနေကြရသည်ဟုဆိုထားပါသည်။ အာဟာရချို့တဲ့ခြင်းသည် ကြွက်သားများနှင့် အရိုးများကိုအားနည်းစေကာ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။

👉အသက်ကြီးလာသည်နှင့်အမျှဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများသည် အထူးသဖြင့် လူကြီးများတွင် ဆေးဘက်ဆိုင်ရာအခြေအနေများအရ ကိုယ်အလေးချိန်သိသိသာသာပြောင်းလဲစေနိုင်ခြင်း၊ ဆီးချို၊ သွေးတိုး၊ ကိုလက်စထရောနှင့် အရိုးရောဂါများကဲ့သို့သော နာတာရှည်ကျန်းမာရေးပြဿနာများရှိလာနိုင်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဦးနှောက်နှင့် မှတ်ဉာဏ်လုပ်ဆောင်မှုများလျော့နည်းလာခြင်း၊ အရိုးကျန်းမာရေး၊ ကြွက်သားကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ အစာအိမ်လုပ်ဆောင်မှု၊ စိတ်ကျန်းမာရေး၊ သံဓာတ်နှင့် ဗီတာမင်ချို့တဲ့မှုများအပြင် နှလုံးကျန်းမာရေး၊ ကျောက်ကပ်လုပ်ဆောင်မှုတို့သည် ခက်ခဲလာနိုင်ပါသည်။ အသက်အရွယ်နှင့်ဆက်နွယ်သော ပြောင်းလဲမှုများတွင် အစာခြေစနစ်ပြောင်းလဲခြင်းသည် ကိုယ်အလေးချိန်ပြောင်းလဲခြင်းကိုဖြစ်စေနိုင်ပြီး အာဟာရထိန်းသိမ်းရန် ပို၍ခက်ခဲနိုင်ပါသည်။

👉သက်ကြီးရွယ်အိုများတွင် ခံတွင်းကျန်းမာရေးနှင့်ပတ်သက်ပြီး အစာစားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ သွားနှင့်ခံတွင်းကျန်းမာစေရန်အတွက် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်သွားတိုက်ရမည်ဖြစ်ပြီး အံကပ်များရှိပါက သေချာစွာဆေးကြောသင့်ပါသည်။

🎯အကြံပြုချက်အချို့မှာ

✅ကျန်းမာသော ကိုယ်တွင်းအင်္ဂါများ၊ ကြွက်သားများနှင့် အရိုးများကို ထိန်းသိမ်းရန်အတွက် လုံလောက်သော ကယ်လိုရီနှင့် အာဟာရများလိုအပ်ပါသည်။

✅အာဟာရဓာတ် လိုအပ်ချက်များကို ဖြည့်ဆည်းရန် အမျှင်ဓာတ်၊ ဗီတာမင်၊ ကယ်လ်ဆီယမ်၊ ပရိုတင်းနှင့် အခြားအာဟာရဓာတ်ကြွယ်ဝသော အစားအစာများကိုသင်တင့်စွာ စားသုံးသင့်ပါသည်။ နာတာရှည်ကျန်းမာရေးအခြေအနေရှိသူများအနေဖြင့် အစားအစာကိုချိန်ညှိရန်လိုအပ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အာဟာရလိုအပ်ချက်၊ အစာစားချင်စိတ်နှင့် အစားအသောက် အလေ့အထများသည် အမျိုးသား၊ အမျိုးသမီးနှင့် အသက်ရွယ်ပေါ်မူတည်ပြီး ပုံစံအမျိုမျိုးဖြင့် ပြောင်းလဲနိုင်ပါသည်။

✅အသက်ကြီးလာသောအခါတွင် ပုံမှန်ရေသောက်ပေးသင့်ပါသည်။

✅ကိုယ်လက်လှုပ်ရှားမှုများအနေဖြင့် အသက်ကြီးသူများအတွက် ပေါ့ပါးသောလေ့ကျင့်ခန်းကိုတစ်နေ့လျှင် မိနှစ် ၃၀ (သို့မဟုတ်) တစ်ရက်ခြား လုပ်ဆောင်သင့်သည်ဟုအကြံပြုထားပါသည်။

✅ကျန်းမာသော ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ အကယ်၍ အစာစားချင်စိတ်ပျောက်ဆုံးခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်ကျသွားပါက ဆရာဝန်(သို့မဟုတ်) အာဟာရပညာရှင်တို့ဖြင့်တိုင်ပင်သင့်ပါသည်။ နာတာရှည် ကျန်းမာရေးချို့တဲ့မှုများမဖြစ်ပေါ်စေရန်အတွက် အဆစ်များ၊ ကြွက်သားများ၊ ကိုယ်အလေးချိန်ကျန်းမာရေးပြဿများကိုပါ စစ်ဆေးသင့်ပါသည်။ ထိုအပြင် သက်ကြီးလူများအတွက် ပုံမှန်အစာစားချိန်သတ်မှတ်ခြင်းသည် ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးအတွက်အကျိုးရှိသည်ဟုဆိုထားပါသည်ခင်ဗျာ။

👉👉မိမိကျန်းမာရေးအခြေအနေများအား ကြိုတင်သိရှိပြီးကာကွယ်မှုများပြုလုပ်နိုင်ရန် Medical Check-up ပြုလုပ်လိုသောသူများအတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် အသက်အရွယ်အလိုက်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် ကျန်းမာသောအစားအသောက်များအတွက်လည်း အာဟာရဆိုင်ရာ ဆရာဝန်များဖြင့်ကြိုတင် Booking ယူပြီးဆွေးနွေးတိုင်ပင်ကုသနိုင်ပါသည်ခင်ဗျာ။

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone – 01-2300631 (Hot Line), 2300502 to 2300514, Ext – 4001, 4002, 4010, 4505

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

More Health Info⇐