တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသော မျောက်ကျောက်ရောဂါ

 မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကကြေညာ ထားပါသည်။ ၂၀၂၂ ခုနှစ်မှာ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာမှုသည် ဒုတိယအကြိမ်ဖြစ်ပါသည်။

အာဖရိကတိုက်တွင် မျောက်ကျောက်ရောဂါ တစ်ကျော့ပြန်ခေါင်းထောင်လာသောကြောင့် WHO က ပြည်သူ့ ကျန်းမာရေး 🚨🚨အရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်ခြင်းဖြစ်ပါသည်။

👉မျောက်ကျောက်ရောဂါသည် ကွန်ဂိုနိုင်ငံတွင်စတင်ခေါင်းထောင်လာပြီး အိမ်နီးချင်းနိုင်ငံများဆီသို့ စတင်ပျံ့နှံ့ ကူးစက်လာကြောင်း အာဖရိကရောဂါတားဆီးထိန်းချုပ်ရေးဌာန CDC ကထုတ်ပြန်ထားပါသည်။ နိုင်ငံတိုင်း မျောက်ကျောက်ရောဂါကို ဖိဖိစီးစီးဖြင့်ကာကွယ်သင့်ကြောင်း CDC ကဆိုထားပါသည်။

👉ရောဂါလက္ခဏာများမှာ တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများပြသတတ်ပြီး မျက်နှာ၊ လက်၊ ခြေ၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ဖျားခြင်း၊ ပြန်ရည်အိတ် (Lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် နောက်ကျောနာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း တို့ဖြစ်ပါသည်။ တစ်ပတ်ကြာလျှင်ရောဂါသက်သာလေ့ရှိပြီး အထူးသဖြင့်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ခံအားနည်းသောသူများ၊ရောဂါအခံရှိသူများမှာ ပြင်းထန်သော အခြေအနေများတွင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။

👉မျောက်များတွင်စတင်တွေ့ရှိသောရောဂါဖြစ်ခြင်းကြောင့် မျောက်ကျောက် (Monkey Pox) ဟုခေါ်ဆိုခြင်းဖြစ် ပြီး နောက်ပိုင်းတွင် လူမျိုးရေးခွဲခြားမှုဆိုင်ရာအငြင်းပွါးမှုများကိုရှောင်လွှဲနိုင်ရန်အတွက် WHO က Monkey Pox နာမည်အစား Mpox ဟုပြောင်းလဲခေါ်ဆိုစေခြင်းဖြစ်ပါသည်။ Mpox ရောဂါအမျိုးအစားနှစ်မျိုးရှိပြီး Clade 1 နှင့် Clade 2 ဖြစ်ပါသည်။ ၂၀၂၂ခုနှစ်တွင် ကြေညာခဲ့သော Mpox သည် Clade2 အပျော့စား ရောဂါအမျိုးအစားဖြစ် ပါသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကျော့ပြန်ဖြစ်လာသော Mpox သည် Clade1 အမျိုးအစားဖြစ်ပြီး ပိုမိုပြင်းထန် ကြောင်းနှင့် ကူးစက်မှုလည်းမြန်ဆန်ကြောင်းဖော်ပြထားပါသည်။

👉မျောက်ကျောက်ရောဂါကူးစက်နိုင်သောနည်းလမ်များမှာ ရောဂါပိုးရှိသောသူနှင့်ထိတွေ့ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသောတိရစ္ဆာန်မှတစ်ဆင့်ကူးစက်ခြင်းတို့ဖြစ်ပါသည်။

🎯မျောက်ကျောက်ရောဂါသည် မျိုဗီဇပြောင်းလဲမှုဖြစ်ပေါ်နေသည့်အတွက် ရောဂါဆိုင်ရာအချက်အလက်များမှာ ပြောင်းလဲနေမည်ဖြစ်သောကြောင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် စောင့်ကြည့်သင့်ကြောင်း CDC က ဆိုထားပါသည်။

Sources by; WHO, CDC,

 

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

 

☎Phone 01-2300502 to 01-2300530 / Ext: 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

#monkeypox #mpox #Bahosihospital

More Health Info⇐