ကျန်းမာရေးကောင်းအောင်စားသောက်ခြင်း

လူတိုင်းလူတိုင်းသည် အစားအစာများကိုပုံမှန်စားသောက်ခြင်းဖြင့် နေ့စဉ်လူနေမှုဘဝကို ပျော်ရွှင်စွာဖြတ်သန်း နေထိုင်နေကြပါသည်။  ထိုအစားအသောက်များတွင် မိမိ၏ Lifestyle ကြောင့်သော်လည်းကောင်း မိမိပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း

မိမိခန္ဓာကိုယ်အတွက် အကျိုးရှိသောအစားအစာများနှင့် အကျိုးမရှိသောအစား အစာများကိုစားသောက်နေကြရပါသည်။ လူတိုင်းတွင် ခန္ဓာကိုယ်အတွက် ကိုယ်ခံအားစနစ်ဆိုတာရှိပါသည်။  ပြင်ပမှရောဂါများ ခန္ဓာကိုယ်အတွင်း မဝင်ရောက်နိုင်ရန်အတွက် ကိုယ်ခံအားစနစ်သည် အလွန်အရေးကြီးလှပါသည်။ ထို့ကြောင့် အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း မိမိကိုယ်ခံအားစနစ်ကောင်းစေရန်တွက် မိမိနေ့စဉ်စားသောက်သော အစားအစာများသည် အလွန်အရေးကြီးလှပါသည်။ အာဟာရရှိသောအစားအစာများနှင့် သန့်ရှင်းသောသောက်ရေများကို မှန်ကန်စွာစားသုံးခြင်းက သင့်ကျန်းမာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါသည်။ ထိုထဲတွင် ဆား၊ သကြား (အချိုဓာတ် ပါဝင်သောအစားအစာများ)၊ အဆီများကို အလွန်အကျွံမစားရန် အတွက်လည်းအရေးကြီးလှပါသည်။

ခန္ဓာကိုယ် ခုခံအားစနစ်ကိုမြှင့်တင်ပေးသည့် ဗီတာမင် ကြွယ်ဝသောအစားအစာများ

ခန္ဓာကိုယ် ခုခံအားစနစ်ကိုမြှင့်တင်ပေးသည့် ဗီတာမင်အေ ကြွယ်ဝသောအစားအစာများမှာ မုန့်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ငရုတ်ပွသီး၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဥ်သီးစသည် အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ရှိသော အသီးအနှံများနှင့် ဟင်းရွက်များကိုသင့်တင့်အောင်စားသုံးခြင်းဖြင့် ရရှိနိုင်ပါသည်။ ဗီတာမင်စီဓါတ်များပါဝင်သော အရည်ရွှမ်းသောအသီးအနှံများ၊ အခြားသော ဗီတာမင်ဓါတ်များစွာ ပါဝင်သော သစ်ချသီး၊ မြေပဲ၊ ကြက်ဥ၊ ဒိန်ချဉ်၊ နွားနို့တို့ကို သင့်တင့်စွာစားသုံးသင့်ပါသည်။ အထက်ဖော်ပြပါအစားအစာများသည် ကိုယ်ခံအားကို မြှင့်တင်ပေးသည့်အပြင် ရောဂါကာကွယ်ရန်အတွက်လည်း အထောက် အကူပြုစေသည့်အတွက် ရောဂါဒဏ်ကိုခံနိုင်ရည်ရှိပြီးနောက်ဆက်တွဲ ပြဿနာအချို့ကိုလည်း လျှော့ချပေးနိုင်ပါသည်။

ကျန်းမာစွာစားသောက်ခြင်းဖြင့် ကလေးများနှင့် လူကြီးများအတွက်အကျိုးကျေးဇူးများမှာ

  • အရေပြား၊ သွားများနှင့် မျက်စိကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊
  • အသက်ပိုရှည်နေထိုင်နိုင်အောင်ကူညီပေးခြင်း၊
  • သဘာဝကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း၊
  • နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါများအန္တရာယ်ကို လျော့နည်းစေခြင်း၊
  • အစာခြေစနစ် လုပ်ဆောင်မှုကို ထောက်ပံ့ပေးခြင်း၊
  • အရိုးများကို ခိုင်ခံ့စေပြီး ကြွက်သားများကို ထောက်ပံ့ပေးခြင်း၊
  • ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန်ကူညီပေးခြင်း၊
  • ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးတိုးတက်မှုကို ထောက်ပံ့ပေးခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင်ရှိသော အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်သင့်ကြောင်း အကြံပြုလိုက်ရပါသည်ခင်ဗျာ။

 

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

 

☎️Phone- 01-2300631(Hot Line), 2300502 to 2300514,

Ext- 4001, 4002, 4010

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

✉Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

📡👉Website: www.bahosihospital.com👈

⇒More Health Info⇐