ကွမ်းစာခြင်းနှင့်ကျန်းမာရေးပြဿနာများ

မြန်မာပြည်သူ ခုနှစ်သန်းကျော်တို့သည် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါဝင်သည့် ကွမ်းယာကို နေစဉ်စားသုံးလျက်ရှိနေပြီး ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်းကြောင့် သေဆုံးသူဦးရေမှာ နှစ်စဉ်ခြောက်သောင်းကျော်ရှိကြောင်းနှင့် လူသားတို့၏အသက်အန္တရာယ်ကို ကြီးမာစွာခြိမ်းခြောက်နေသောကြောင့် ကွမ်းယာသုံးစွဲမှု၏ နောက်ဆက်တွဲ ပြဿနာများကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

🌿ကွမ်းစားသော ရိုးရာဓလေ့သည် 👴👵ဘိုးဘွားမိဘအစဉ်အဆက်ကတည်းက စားသုံးလာကြသောရိုးရာဓလေ့တစ်ခုဖြစ်ပြီး ယနေ့အချိန်မှာတော့ ခေတ်မီဓာတုပစ္စည်းများပေါင်စပ်ထားသော ကွမ်းစားဆေးများသုံးစွဲနေကြတာကိုမြင်တွေ့နေရပါတယ်။ 🌿ကွမ်းရွက်ကိုဆေးဝါးအရ အနည်ငယ်သုံးစွဲခြင်းကပြဿနာမရှိနိုင်သော်လည်း ကွမ်းယာကဲ့သို့သောအခြားတန်ဆာပလာများဖြင့် ရော၍ကြာရှည်စွာ စွဲစွဲမြဲမြဲ သုံးစွဲခြင်းကများစွာသော ဆိုကျိုးများကိုရရှိစေနိုင်ပါတယ်။ ၎င်းသည် ကဖိန်းနှင့် ဆေးရွက်ကြီးသုံးစွဲမှုကဲ့သို့ စိတ်ကြွဆေးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ ကြာရှည်စွာသုံးစွဲပါက အော့အန်ခြင်း၊ သွားဖုံးပြဿနာများ၊ ကျောက်ကပ်ရောဂါ၊ ရင့်ဘက်အောင့်ခြင်း၊ ပုံမှန်မဟုတ်သည့်နှလုံးခုန်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွားဖုံးကင်ဆာစတဲ့ နောက်ဆက်တွဲပြဿနာများကိုဖြစ်ပွားစေနိုင်ပါတယ်။

📌ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစားများကို(၂)မျိုးခွဲခြားနိုင်ပါတယ်။
👉အငွေ့ထွက်သော ဆေးရွက်ကြီးထွက်မစ္စည်းများမှာ (စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံနှင့် အခြားဆေးရွက်ကြီနှင့်ဓာတုပစ္စည်းများဖြင့်အငွေထွက်အောင်ပြုလုပ်ထားသောအရာများအားလုံးပါဝင်တယ်)
👉အငွေ့မထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းများမှာ ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း နှင့်ဓာတုဆေးဝါးများရောစပ်ထားသောဆေးမွှေးများ စသည့်ဆေးထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း)တို့ ပါဝင်ပါတယ်။

📌ကွမ်းယာစားသူများအနေဖြင့် မိမိကျန်းမာရေးအတွက်အောက်ပါတို့ကို သတိပြုလိုက်နာသင့်ပါတယ်။
🚫ကွမ်းယာသည် အစပြုလျှင် စွဲတတ်သောကြောင့် လုံးဝအစမပြုသင့်ပါ၊ မိမိကိုယ်တိုင်လည်း ကွမ်းစားခြင်းကိုဖြတ်ရန်ကြိုးစားသင့်ပါတယ်။
🚫မိဘပြည်သူများအနေဖြင့် သားသမီးများနှင့် ကလေးများကို ကွမ်းစားခြင်းအစမပြုရန် ဝိုင်ဝန်းစောင့်ရှောက်သင့်ပါတယ်။
🚫မိသားစုဝင်များနှင့် မိတ်ဆွေများအား ကွမ်းစားခြင်းကိုဖြတ်နိုင်ရန်တိုက်တွန်းပေးသင့်ပါတယ်။

📌ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကွမ်းယာစားခြင်း
🫄ကိုယ်ဝန်ဆောင်မိခင်များ ကွမ်းစားပါက ပေါင်မပြည့်၊ လမစေ့သော ကလေးများမွေဖွားပြီး ကလေးအသက် ငါးနှစ်မပြည့်မီသေဆုံးနိုင်ပါတယ်၊
🤱နို့တိုက်မိခင်များ ကွမ်းစားပါက မိခင်နို့ရည်ထဲသို့ ဓာတုပစ္စည်းများပါဝင်ပြီး ကလေး၏ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးတတ်၍ ဉာဏ်ရည်နိမ့်ခြင်းများဖြစ်စေသောကြောင့် ပညာသင်ကြားမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

📌ကွမ်းစားခြင်းဆိုးကျိုးများမှာ
🛑ကွမ်းယာကို နှစ်ရှည်လများ အမြဲစားသုံးသူများတွင် ပါး၊ အာခံတွင်းနှင့် လည်ချောင်းကင်ဆာများအဖြစ်များတာကိုတွေ့ရပါတယ်။
🛑ကွမ်းယာစားပြီးကွမ်းတံတွေးထွေးခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
🛑ကွမ်းစားသူတွင် တီဘီရောဂါပိုးရှိပါက၎င်းထွေးလိုက်သော ကွမ်းသွေးကြောင့် အခြားသူများကိုရောဂါများ ရရှိစေနိုင်ပါတယ်။ ကွမ်းယာဝါးပြီးကလေးများကို ခွံ့ကြွေးခြင်းကြောင့် ကလေးများတွင်လည်းရောဂါများရရှိနိုင်ပါတယ်။
🛑ကွမ်းစားခြင်းကြောင့် သွားများနီရဲ၍ ကြည့်ရဆိုးပြီး သွားများကွမ်းချေးများကပ်ခြင်း၊ သွားများကျိုးပဲ့ခြင်း၊ ခံတွင်းကင်ဆာဖြစ်ခြင်းအပြင် အစာအိမ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများကိုလည်းဖြစ်စေနိုင်ပါတယ်။

🎯ကွမ်းယာဆိုသည်မှာပီကေကဲ့သို့ပင် အာဟာရမရှိသောကြောင့်အပျင်းပြေဝါးရန် မသင့်လျော်သော ဝါးစရာတစ်မျိုးဖြစ်ပါတယ်။ မြန်မာတို့သည်ရှေးယခင်ကပင် ကွမ်းယာများကိုစားသုံးလာကြတာနှစ်ပေါင်းများစွာကြာလာပြီး ယ္ခုအခါတွင် တောရောမြို့ပါ အရွယ်ရောက်ပြီးလူများနှင့် အရွယ်မရောက်သေးသေား (ယောင်္ကျား၊ မိန်းမ၊ ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး )ကွမ်းစားခြင်ကို ပိုမိုပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ ကွမ်းယာစားသည့်ဓလေ့သည် မြန်မာတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံ တို့တွင်လည်းရှိကြပါတယ်။ ကွမ်းစားခြင်းဖြင့် 🦷သွားများကို ညစ်ထေးပေကျံစေနိုင်သည့်အပြင် သွားများတွင်ကျောက်ပါဖြစ်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆီးအိမ်အတွင်း ကျောက်တည်ခြင်း၊ ပါးစောင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ စသည့် ရောဂါများဖြစ်ပွါးနိုင်ပါတယ်။ လျှာကင်ဆာရောဂါများသည် လျှာ၏အရှေ့ဘက်နှင့် လျှာ၏အနောက်ဘက်တွင်ဖြစ်တတ်ပြီး လျှာ၏အရှေ့ဘက်တွင်ဖြစ်မည်ဆိုပါက စကားပြောရန်ခတ်ခဲနိုင်ပြီး လျှာ၏အနောက်ဘက်တွင်ဖြစ်မည်ဆိုပါက အစာမျိုချရန်ခတ်ခဲနိုင်ပါတယ်။ ထို့ကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ အဆာမျိုလမ်းကြောင်းကင်ဆာများဖြစ်မည်ဆိုပါက အသက်ရှင်နိုင်ရန်အခွင့်အရေးအားဖြင့် (၆၀) ရာခိုင်နှုန်းသာရှိပါတယ်။ ကွမ်းအဝါးကောင်းခြင်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအဖြစ် သွားဖုန်းကင်ဆာဖြစ်ပြီး ကင်ဆာဓာတ်ကင်ရခြင်း၊ သွားဖုန်း မေးရိုးများပါ လှီးထုတ်ရခြင်း စသည့်ဆိုးကျိုးများကိုခံစားရနိုင်သည့်အပြင် ကုသမှုအပြီးတွင်လည်း စကားကောင်းစွာမပြောနိုင်ခြင်း၊ အစာစားရန်ခတ်ခဲခြင်း တို့ကြောင့် လူနာမှာ အဟာရချို့တဲ့သောရောဂါကိုခံစားရပြီး တပိန်ပိန်တလှီလှီနဲ့ နာကျင်သောဝေဒနာကို ခံစားရနိုင်ပါတယ်။ အချို့သောသူများသည် ဆေးလိပ်ဖြတ်ရာတွင်လည်းအစားထိုးအနေဖြင့် လွယ်တကူအသုံးပြုနေသည်ကိုတွေ့ရပါတယ်။ ကွမ်းယာထဲတွင် ပါဝင်သည့် နီကိုတင်နှင့် အခြားမူယစ်ဆေးကဲ့သို စွဲစေသော ဓာတုပစ္စည်းများကြောင့် ပညာသင်ကြားရာတွင်လည်း အနှောက်အယှက်ဖြစ်စေကာ ကျန်းမာရေးထိခိုက်လာပြီး အသက်အန္တရာယ်ကိုပါထိခိုက်လာနိုင်သောကြောင့် လူ့ဘဝသက်တမ်းစေ့မနေရဘဲ ဖြစ်တတ်ပါတယ်။ ထို့အပြင်မိမိ၏အလှအပကိုပျက်စီးစေပြီး အိုမင်းရင့်ရော်မှုကိုပါဖြစ်စေပါတယ်ခင်ဗျာ။ ထို့ကြောင့် ကွမ်းယာနှင့်ဆေးရွက်ကြီးသုံးစွဲခြင်းသည် ကျန်းမာရေးနှင့် အလှအပကို ဒုက္ခပေးပြီးမလိုလားအပ်သော နောက်ဆက်တွဲရောဂါပြဿနာများကို ဖြစ်စေနိုင်ကာ ငွေကုန်လူပင်ပန်းဖြစ်၍ အသက်ကိုပါဆုံးရှုံးရသည့် အထိဖြစ်နိုင်သောကြောင့် ကွမ်းစားခြင်းကို လုံးဝ လုံးဝရှောင်ကြဉ်သင့်ပါကြောင်း ဗဟုသုတအလို့ငှာ ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။🙏🙏🙏

⛳️ထို့ကြောင့် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် အထက်ပါရောဂါများနှင့်ပတ်သက်ပြီး မိမိကိုယ်ကို သံသရရှိပြီး ဆွေးနွေးတိုင်ပင်ကုသလိုပါက သက်ဆိုင်ရာရောဂါအမျိုးအစားအများအလိုက် 👨‍⚕️👩‍⚕️အထူးကုဆရာဝန်ကြီးများနှင့်ကြိုတင်📝ရက်ချိန်းယူပြီး တိုင်ပင်ကုသမှုခံယူနိုင်ပါတယ်ခင်ဗျာ။

”လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone 01-2300502 to 01-2300514 / Ext: 4001, 4002, 4010
🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

⇒More Health Info⇐