ခြေထောက်သွေးကြောထုံးခြင်း (Varicose Veins)

သွေးကြောထုံးခြင်းဆိုသည်မှာ သွေးပြန်ကြောအတွင်း သွေးများကောင်းစွာလည်ပတ်မှုမရှိခြင်းကြောင့်ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်ပါသည်။ သွေးကြောထုံးခြင်းသည် သွေးပြန်ကြောရှိသည့် ခန္ဓာကိုယ်နေရာအနှံ့တွင်ဖြစ်နိုင်ပြီး အများအားဖြင့် ခြေထောက်တွင်အဖြစ်များသည်ဟုဆိုထားပါသည်။

⛳️ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူ ၂၅% ခန့်သည် ခြေထောက်သွေးကြောထုံးခြင်းများကို ခံစားနေကြရပါသည်။ ခြေထောက်သွေးကြောထုံးခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ်များတာကို တွေ့ရပါသည်။ အဖြစ်များသော နေရာများမှာ ခြေကျင်းဝတ်၊ ဒူးခါင်းကွေး၊ ပေါင်ရင်းနှင့် ခြေသလုံးတစ်လျောက်တွင် အဖြစ်များပြီး နောက်ဆက်တွဲ ပြဿနာများအနေဖြင့် သွေးခဲခြင်း၊ အနာများဖြစ်ခြင်း၊ အရေပြားနှင့်နီးသော သွေးကြောများပေါက်ကာ သွေးထွက်ခြင်းများကိုဖြစ်စေနိုင်ပါသည်။ ခြေထောက်သွေးကြောထုံးခြင်းသည် အမျိုးသမီးများ၏ခြေထောက် အလှအပအတွက်လွန်စွာ အနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ ထိုကြောင့် ခြေထောက်သွေးကြောထုံးခြင်းအား ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။🥰🥰🥰

 

🎯ခြေထောက်သွေးကြောထုံးခြင်း၏လက္ခဏာများ

👉ခြေထောက်သွေးကြောများသည် အပြာရောင်၊ ခရမ်းရင့်ရောင်ကဲ့သို့ဖြစ်ခြင်း၊

👉သွေးကြောများ တွန့်လိမ်ခွေခေါက်၍ ဖောင်းဖုနေခြင်း၊

👉ကြွက်တက်ခြင်း၊

👉ခြေထောက်ရောင်ခြင်း၊

👉သွေးကြောထုံးသောနေရာတစ်လျောက် ယားယံခြင်း အရေပြားရောင်ခြင်း၊

👉ခြေထောက်များလေးလံကိုက်ခဲခြင်း

👉အချိန်ကြာမြင့်စွာထိုင်၍ အချိန်ကြာမြင့်စွာမတ်တပ်ရပ်ပြီးနောက်နာကျင်မှုဖြစ်လာခြင်း စသည်တို့ဖြစ်ပါသည်။

 

🎯သွေးကြောထုံးခြင်းသည် အသက်အရွယ်(ကျား/မ) မရွေးဖြစ်ပွားစေနိုင်ပြီး အဖြစ်များသောသူများမှာ

အမျိုးသမီးများ- ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်တွင် ဟော်မုန်းအပြောင်းအလဲများကြောင့် အဖြစ်များခြင်း၊

အဝလွန်သူများ- အဝလွန်ခြင်းသည် ခြေထောက်ရှိသွေးပြန်ကြောများကို ဖိအားပို၍ဖြစ်စေနိုင်သောကြောင့် Varicose Veins ဖြစ်နိုင်ခြေရှိခြင်း၊

မျိုးရိုးလိုက်သူများ- လူတစ်ဦး၏မိသားစုဝင်များတွင် Varicose Veins ရှိလျှင်ဖြစ်နိုင်ခြေရှိခြင်း၊

ကြာကြာမတ်တပ်ရပ်သူများထိုင်သူများ- ခြေထောက်မလှုပ်ရှားဘဲ အချိန်ကြာကြီး ထိုင်ခြင်းသို့မဟုတ် မတ်တပ်ရပ်သူများသည် သွေးစီးဆင်းမှုလျော့နည်းခြင်းကြောင့် Varicose Veins ဖြစ်နိုင်ခြေကို တိုးစေခြင်း၊

ခြေထောက်တွင်ထိခိုက်ဒဏ်ရာရသူများ- ခြေထောက်တွင်ထိခိုက်ဒဏ်ရာရသူများသည်လည်း ဖြစ်နိုင်ခြေရှိသောသူများဖြစ်ပါသည်။

 

🛡🛡သွေးကြောထုံးခြင်း၏တိုးတက်မှုကိုနှေးကွေးစေရန်နှင့် တားဆီးရန် အချို့သောအကြံပြုချက်များမှာ

📌လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်း၊

📌ကျန်းမာသော ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊

📌ကြာရှည်ထိုင်ခြင်းမတ်တပ်ရပ်ခြင်းကိုရှောင်ကြဉ်ခြင်း၊

📌တင်းကျပ်သောအဝတ်အစားများနှင့် ဒေါင့်မြင့်ဖိနပ်စီးခြင်းကိုရှောင်ကြဉ်ခြင်း၊

📌ထိုင်နေချိန်နှင့် လဲလျောင်းနေချိန်တွင် ခြေထောက်ကို မြှင့်တင်ထားခြင်း၊

📌ကျန်းမာသောအစားအစာကိုစားခြင်း၊

📌ရေဓာတ်ပြည့်ဝနေခြင်းတို့သည် သွေးကြောထုံးခြင်း၏တိုးတက်မှုကိုနှေးကွေးစေပြီး တားဆီးရန်အကြံပြုချက်များဖြစ်ပါသည်။

သွေးကြောထုံးခြင်းကို ကာကွယ်ကုသရန်အတွက် ရောဂါအခြေအနေနှင် ပြင်းထန်မှုပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်ပါသည်။ ထို့ကြောင့် သွေးကြောထုံးခြင်းလက္ခဏာများကိုခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပြီး ကုသသင့်ပါသည်ခင်ဗျာ။

👉👉ခြေထောက်သွေးကြောထုံးခြင်းများကို ဆွေးနွေးတိုင်ပင်ကုသလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနတွင် အထူးကုဆရာဝန်ကြီးများဖြင့် ဘိုကင်ကြိုတင်ယူပြီး ဆွေးနွေးတိုင်ပင် ကုသနိုင်ပါသည်ခင်ဗျာ။

 

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

 

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

 

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

More Health Info⇐