ဆောင်းရာသီနှင့် ကျန်းမာရေး

ပိုအေးသောရာသီမှာ အအေးမိခြင်းနှင့် ဖျားနာခြင်းကို တားဆီးရန်နည်းလမ်းများအပြင် ဖျားနာမည်ဆိုလျှင် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပိုမိုကောင်းမွန်လာစေရန်အတွက် အကြံပြုဖော်ပြလိုက်ရပါသည်ခင်ဗျာ။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် မိမိကိုယ်ကိုနှင့် မိမိ မိသားစုကို ဂရုစိုက်ခြင်းဖြင့် အခြားသူများအားကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မည်။ တုပ်ကွေးဖြစ်စေသောဗိုင်းရပ်စ်အမျိုးမျိုးရှိပြီး အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားတတ်ပါသည်။ အအေးမိခြင်းနှင့် တုပ်ကွေးရောဂါသည် အလွန်ကွဲပြားခြားနားသော ဗိုင်းရပ်စ်များကြောင့်ဖြစ်သော်လည်း အလွန်ဆင်တူသည်ဟု ခံစားရနိုင်ပါသည်။

🤒🤧😪တုပ်ကွေးရောဂါ၏ လက္ခဏာများ

🤒ဖျားခြင်း၊ 🤧နှာရည်ယို ခေါင်းကိုက်ခြင်း၊ 🤕မောပန်းနွမ်းနယ်မှုနှင့် အားနည်းသောခံစားချက်ရှိခြင်း၊ လည်ချောင်း နာခြင်း၊ 🗣ချောင်းဆိုးခြင်း၊ 🤮အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ၊ ကိုယ်လက်နာကျင်ခိုက်ခဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ တုပ်ကွေးရောဂါခံစားရ၍ ရောဂါပိုဆိုးလာခြင်းများမဖြစ်ပေါ်စေရန်အတွက် 🧑‍⚕️👩‍⚕️ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် ကုသမှုခံယူသင့်ပါသည်။

 

🛡ကြိုတင်ကာကွယ်ပါ🛡

ခြောက်သွေ့သော ဆောင်းရာသီလေသည် နှာခေါင်း၊ ပါးစပ်နှင့် အဆုတ်တို့မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေနိုင်ပါသည်။ ထို့ကြောင့်ရောဂါကိုမဖြစ်ခင်ကကြိုတင်ကာကွယ်သောအားဖြင့် လက်ကိုဆပ်ပြာနှင့် မကြာခဏသန့်ရှင်းရေးလုပ်ပါ။ အပြင်သွားတိုင်း😷Mask တပ်ပါ။ မိမိနေအိမ်ကို အလင်းရောင်ရစေရန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။ ချောင်းဆိုး၊ နှာချေလျှင် 🤧လက်ကိုင်ပုဝါဖြင့်အုပ်ပြီးကာကွယ်ပါ။ ဖျားနာလျှင် မိမိအိမ်မှာ နားနားနေနေ နေခြင်းဖြင့် အလုပ်ခွင်ရှိအခြားအလုပ်သမားများနှင့် အခြားသူများအား ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မည်။

👩‍👩‍👧‍👦ကျန်းမာစွာနေထိုင်စားသောက်ပါ

အိပ်ရေးဝဝအိပ်ခြင်း (သုတေသီများ၏လေ့လာအကြံပြုချက်များအရ ကျန်းမာသောအမျိုးသားများနှင့် အမျိုးသမီးများ၏ အိပ်ချိန်မှာ ပုံမှန်အားဖြင့် တစ်ညလျှင် (၇)နာရီ (သို့မဟုတ်) (၉)နာရီ ရှိသင့်ပြီး (၇)နာရီအောက်(သို့မဟုတ်) (၉)နာရီ ထက်ပိုအိပ်ပါက အအေးမိနိုင်ခြေ(၃)ဆ ပိုများကြောင်းပညာရှင်များကဆိုထားပါသည်)၊ ရေများများသောက်ခြင်း၊ အာဟာရရှိစွာစားသောက်နေထိုင်ခြင်း (ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ပရိုတင်းဓာတ်ပါသောအစားအစာများကိုစားသုံးခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းစသည် အစားအသောက် နေထိုင်မှုပုံစံတို့ဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများအပြင် ဆောင်းရာသီတွင်အဖြစ်များသော အရေပြားများခြောက်သွေ့၍ နှုတ်ခမ်းများကွဲအက်ခြင်း၊ ခြေဖနောင့်များကွဲခြင်းနှင့် အခြားမလိုလားအပ်သော ရောဂါများကို ကြိုတင်ကာကွယ်ပြီးသားဖြစ်သွား၍ ဖျားနာမည်ဆိုလျှင်လည်း တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပိုမို ကောင်းမွန်လာစေရန်အတွက် အကြံပြုဖော်ပြလိုက်ပါသည်ခင်ဗျာ။

 

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

 

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

 

Email: bahosihospital@gmail.com

Web Mail: bahosihospital@bahosihospital.com

👉Website: www.bahosihospital.com👈

More Health Info