ပန်းဂေါ်ဖီစိမ်း(Broccoli)၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ကျွန်တော်တို့စားသောက်နေသော အသီးအရွက်များသည် ကျွန်တော်တို့အတွက် အဟာရဖြစ်စေပြီး မလိုလားအပ်သောရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိစေရန်အတွက် ထိုအသီးရွက်များထဲမှ ပန်းဂေါ်ဖီစိမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် အဟာရဓာတ်ပါဝင်မှုများကိုသိရှိနိုင်ရန်တွက် ဗဟုသုတအလိုငှာဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
🥦ပန်းဂေါ်ဖီစိမ်း(Broccoli)ကို စားသုံးခြင်းဖြင့်ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ
ပန်းဂေါ်ဖီစိမ်းကိုစားသုံးခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်းကြောင့် အစာအိမ်ကိုကျန်းမာစေပြီး အူထဲမှာရှိသည့်ကောင်းသော ဗက်တီးရီးယားအဆင့်ကို ထိန်းသိမ်းပေးခြင်း၊ ကိုလက်စထရောအဆင့်ကိုလျော့နည်းစေနိုင်ခြင်း၊ ဓာတ်မတည့်မှုကိုတားဆီးပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း၊ သွေးဖိအားနည်းခြင်းနှင့်ရောင်းရမ်းမှုကိုလျော့နည်းစေနိုင်ခြင်း၊ အမြင်အာရုံကိုတိုးတက်စေနိုင်ခြင်း၊ လတ်ဆတ်သောပန်းဂေါ်ဖီစိမ်း ၁၀၀ ဂရမ်တွင် ဗီတာမင်အေ ၆၂၃အိုင်ယူ (သိုမဟုတ်) ၂၁ ရာခိုင်နှုန်းပါဝင်ခြင်း၊ မျက်စိကျန်းမာရေးအတွက်အားကောင်းခြင်းတို့ကြောင့် ယနေ့ခေတ် လူငယ်လူကြီးများအနေဖြင့် စားသုံးသင့်ပါသည်။ ထို့အပြင်ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ခြင်းကြောင့်လည်း ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်လည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေးနိုင်ခြင်းကြောင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များနှင့်ပြည့်ဝနေ၍ အလွန်အကျိုးရှိနိုင်ပါသည်။
 
✅အရိုးများနှင့်သွားများကို တိုးတက်ကောင်းမွန်စေခြင်း
ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်နှင့် ဖော့စဖရပ်စ်တို့ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများနှင့်သွားများကို ခိုင်ခံ့စေနိုင်ပါသည်။
 
✅အသည်းကျန်းမာရေးကိုကောင်းမွန်စေခြင်း
အသည်းကျန်းမာရေးကိုကောင်းမွန်စေသည့် ပန်းဂေါ်ဖီစိမ်းသည် အသည်းအဆီဖုံးခြင်းကို လျော့နည်းစေပြီး အသည်းလုပ်ဆောင်ချက်များကို အကောင်းဆုံးဖြစ်အောင်ကူညီပေးနိုင်ပါသည်။
 
✅ဦးနှောက်အသိဉာဏ်ကိုမြှင့်တင်ပေးခြင်း
ပန်းဂေါ်ဖီစိမ်းတွင် ဦးနှောက်တစ်ရှူးများ ကြီးထွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်မှုကိုမြှင့်တင်ပေးသည့် Sulforaphane(ဆာဖိုရာဖုန်း)ဟု လူသိများသော ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သောကြောင့် အသိဉာဏ်နှင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်ပါသည်။
 
✅အိုမင်းခြင်းကိုဆန့်ကျင်နိုင်သောအာနိသင်ရှိခြင်း
ပန်းဂေါ်ဖီစိမ်းတွင်ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဇင့်၊ ဖော့စဖရပ်များနှင့် အခြား Antioxidants အန်တီအောက်ဆိုက်ဒန့်များ ပါဝင်ခြင်းကြောင့် အိုမင်းခြင်းကိုဆန့်ကျင့်နိုင်သော အာနိသင်ရှိကြောင်းကို ပညာရှင်များက ဖော်ပြထားပါသည်။
 
✅ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း
ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သော ဒြပ်ပေါင်းများသည် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါကူးစက်မှုကိုကာ ကွယ်ပေးနိုင်ပါသည်။ အကောင်းဆုံးကျန်းမာရေးရလဒ်များကိုရရှိရန်အတွက် သင့်တင့်သောစားသုံးမှုနှင့် လုံလောက်သောအိပ်စက်ခြင်းများကို လိုအပ်ပါသည်။
 
✅သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း
ပန်းဂေါ်ဖီစိမ်းတွင်အလျှံအပယ်တွေ့ရသော ခရိုမီယမ်သည် သွေးဖိအားကိုထိန်းညှိပေးနိူင်ပါသည်။ မဂ္ဂနီဆီယမ် နှင့် ကယ်လ်ဆီယမ်တို့သည် သွေးဖိအားကိုထိန်းညှိရာတွင်အထောက်အကူပြုနိုင်ခြင်းကြောင့် လေဖြတ်ခြင်း (သို့မဟုတ်) နှလုံးရပ်တန့်ခြင်းကဲ့သိုသော နှလုံးရောဂါဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် ပန်းဂေါ်ဖီစိမ်းတွင်ပါရှိသော ပိုတက်ဆီယမ်ပမာဏသည် သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင်ဓာတ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ အမျှင်ကြွယ်ဝသော အစားအစာများသည် နှလုံး ရောဂါအန္တရာယ်ကို လျော့နည်းစေနိူင်ပါသည်။ ပန်းဂေါ်ဖီစိမ်းသည် ထိုအစားအစာများအနက် တစ်ခုဖြစ်ပါသည်။
 
🎯🎯ကျန်းမာရေးနှင့်အညီချက်ပြုတ်စားသောက်ပါ
အကယ်၍စားသုံးမည်ဆိုပါက မည်သည့်အသီးအရွက်ကိုမဆို ဆားရေထဲတွင် မိနစ် ၃၀ ကြာစိမ်ထားပြီး ဆေးကြောချက်ပြုတ် စားသောက်သင့်ပါသည်။ သို့မှသာ ဟင်းသီးဟင်းရွက်ထဲတွင်ရှိသော မကောင်းသော အညစ်အကြေးများနှင့် ပိုမွှားများကင်းစင်ပြီး အဟာရရှိစွာ ချက်ပြုတ်စားနိုင်မှာဖြစ်ပါသည်။ မည်သည့် ဟင်းသီးဟင်းရွက်များကိုမဆို အလွန်အကျွံစားသုံးပါက သိုင်းရွိုက်အခြေနေကိုပိုဆိုးစေနိုင်ခြင်းကြောင့် မိမိစားသောက်သောအစားအစာများနှင့် ဓာတ်မတည့်မှုများရှိပါက ဆရာဝန်နှင့်တိုင်ပင်ကာ စားသောက်သင့်ပြီး သင့်တင့်စွာ စားသုံးခြင်းဖြင့် ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
 
👉👉ထို့ကြောင့် ပန်းဂေါ်ဖီစိမ်းသည် ကျန်းမာရေးအတွက် အလွန်အကျိုးရှိသော ဟင်သီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ကယ်လ်လိုရီအလွန်နည်းသော ဟင်းသီးဟင်းရွက်များအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုထဲတွင် အမျှင်ဓာတ်များ၊ သတ္တုဓာတ်များ၊ ဗီတာမင်များနှင့် Antioxidants များကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်းကို ဖော်ပြပေးလိုက်ရပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

More Health Info⇐