ပူပြင်းသောနွေရာသီတွင် ကျန်းမာစွာနေထိုင်ခြင်း
ယခုလိုပူပြင်းသောနွေရာသီတွင် အပူချိန်မြင့်တက်လာသောကြောင့် အပူချိန်ကိုနေ့စဉ်နေ့တိုင်း တော်တော်လေး ခံစားနေကြရပါသည်။ ထို့ကြောင့်နေပူထဲတွင်သွားလာနေသူများ၊ နေပူထဲတွင် အလုပ်လုပ်နေကြသောသူများ၊ အိမ်မှနေပြီးအပြင်ထွက်သူများ၊ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ရာသီဥတုပေါ်မူတည်ပြီးဖြစ်နိုင်တဲ့ရောဂါအခြေအနေများနှင့် အပူဒဏ်ကိုကာကွယ်နိုင်မည့်နည်းလမ်းများကို ဗဟုသုတအလို့ငှာဖေါ်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
🌞🛡နွေရာသီတွင် ခန္ဓာကိုယ်အတွက်အပူလွန်ကဲမှုကို ကာကွယ်ရန်အခြေအနေများ-
 
🛡နွေရာသီအပူလွန်ကဲမှုကို ကာကွယ်ရန်လုပ်ဆောင်မှုများမှာ
✅ရေဓာတ်ပြည့်ဝအောင်နေပါ၊ ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ရန် ရေများများသောက်ပါ၊
✅ချည်သို့မဟုတ် ပိတ်စကဲ့သို့သော လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသောအဝတ်အစားများကိုရွေးချယ်ဝတ်ဆင်ပါ၊
✅နေခင်းဘက်အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းအားရှောင်ကြဉ်ပါ (များသောအားဖြင့် မနက် ၁၀ နာရီမှ ည နေ ၄ နာရီကြား) အပြင်ထွက်သည့်အခါတိုင်း အပူဒဏ်ကာကွယ်နိုင်မည့်အရာများကို ယူဆောင်သွားပါ၊(ထီး၊ ဦးထုပ်)
✅အပူဓာတ်ရှိသောအစားအစာများကို ရှောင်ကြဉ်ပြီး အအေးဓာတ်ရှိသော အစားအစာများကို ရွေးချယ် စားသုံးပါ၊
 
🌞🤒ပူပြင်းသောနွေရာသီတွင် အပူရှပ်ခြင်းကိုဂရုပြုပါ
အပူရှပ်ခြင်းသည် သင့်ခန္ဓာကိုယ် အပူလွန်ကဲသောအခါ ဖြစ်ပွားနိုင်သည့် ပြင်းထန်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါသည်။ မြင့်မားသောအပူချိန်နှင့်ထိတွေ့ပြီး ခန္ဓာကိုယ်တွင် ရေဓါတ်၊ ဓါတ်ဆားဓါတ်များ အလုံအလောက်မရှိသည့်အခါ ဖြစ်ပွားနိုင်ပါသည်။ နွေရာသီတွင် အပူဒဏ်ကိုကာကွယ်ရန် အကြံပြုချက်အချို့ရှိပါသည်။
👉ရေဓာတ်ပြည့်ဝနေပါစေ။ တစ်နေ့တာလုံး ရေများများသောက်ပါ၊ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်ဆားများကို အစားထိုးရန် Electrolytes ပါဝင်သော အချိုရည်များကို သောက်နိုင်ပါသည်။
👉အရက်နှင့် ကဖိန်းဓာတ်များကို ရှောင်ကြဉ်ပါ အရက်နှင့်ကဖိန်းဓာတ်သည် ရေဓာတ်ခန်းခြောက်စေကာ အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါသည်။
👉သင့်လျော်သောအဝတ်အစားများဝတ်ဆင်ပါ ခန္ဓာကိုယ်ကို အေးမြစေဖို့အတွက် ပေါ့ပါးပြီးအရောင်ဖျော့ဖျော့ အဝတ်အစားများကိုဝတ်ဆင်ပါ။
👉နေ၏အပူဆုံးအချိန်တွင်း အိမ်ထဲတွင်နေပြီး နေရောင်ခြည်ထိတွေ့မှုကိုကာကွယ်ပါ။
 
ထို့အပြင် အပူချိန်မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများမှာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း နှင့် ပျို့အန်ခြင်းတို့ပါဝင်ပါသည်။ ဤလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားပြီးချက်ချင်း ဆေးကုသမှုခံယူသင့်ပါသည်။ ဤအကြံပြုချက်ကို လိုက်နာခြင်းဖြင့် အပူဒဏ်ကိုကာကွယ်နိုင်ပြီး နွေရာသီတွင် ကျန်းမာစွာနေနိုင်မည်ဖြစ်ပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext-4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com