ပူပြင်းသောနွေရာသီနှင့် အုန်းရေ၏ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းရေသည် ယခုလိုပူအိုက်သောရာသီအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။ အုန်းရေတွင် သဘာဝအလျောက်ပါဝင်သည့် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်စီယမ်ကဲ့သို့သော ကယ်လိုရီနည်းသောအီလက်ထရောနစ်များ မြင့်မားစွာပါဝင်သော သဘာဝဖျော်ရည်ဖြစ်ပါသည်။ Electrolytes များသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များဟန်ချက်ညီစေရန်နှင့် သွေးပေါင်ချိန်ကို ထိန်းညှိရန်အတွက် မရှိမဖြစ်လိုအပ်သောကြောင့်သောက်သုံးသင့်ပါသည်။
 
🌞ပူပြင်းသောရာသီမှာ ချွေးထွက်များပြီး အရည်ပိုဆုံးရှုံးကာ ရေဓာတ်ခန်းခြောက်သွားနိုင်သောကြောင့် အုန်းရေသောက်ခြင်းသည် ဆုံးရှုံးသွားသောအရည်များနှင့် Electrolytes များကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ပြီး အားကစားသမားများအတွက် အချိုရည်များထက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါသည်။
 
🌊ရေဓာတ်ကို ထိန်းထားခြင်းဖြင့် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆက်စပ်ရောဂါလက္ခဏာများကို လျှော့ချနိုင်မည်ဖြစ်ပြီး ရေဓာတ်ခန်းခြောက်ခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းအပါအဝင် လက္ခဏာများစွာကိုဖြစ်စေနိုင်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးနိုင်စွမ်းကိုပါထိခိုက်စေနိုင်ပြီး ပြင်းထန်သောကျန်းမာရေးအခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။
 
⛳️ထို့ကြောင့် ပူပြင်းသောရာသီတွင်ရေဓာတ်ခန်းခြောက်မှုမှကာကွယ်ပြီး ကျန်းမာရေးကောင်းစေရန်အတွက် အုန်းရေသောက်သင့်သော အကြောင်းအရင်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
 
✅ပိုမိုကောင်းမွန်သောအစာခြေခြင်း- အုန်းရေတွင် အစာခြေခြင်းကို ပိုမိုကောင်းမွန်စေရန်နှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သော အင်ဇိုင်းများပါဝင်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။
✅သွေးပေါင်ကျခြင်း- အုန်းရေတွင် ပိုတက်စီယမ်ပါဝင်မှုမြင့်မားခြင်းသည် သွေးပေါင်ချိန်ကို ကျဆင်းစေကြောင်း ပြသခဲ့ပြီး သွေးတိုးရောဂါရှိသူများအတွက် အကျိုးပြုနိုင်ပါသည်။
✅ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း- အုန်းရေတွင် ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများကြွယ်ဝစွာပါဝင်ပြီး ခုခံအားစနစ် ကို မြှင့်တင်ပေးပြီး free radical ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပါသည်။
✅ရောင်ရမ်းမှုကို လျှော့ချပေးခြင်း- အုန်းရေတွင် ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် ရောင်ရမ်းမှုကိုဆန့်ကျင့်သည့် ဂုဏ်သတ္တိများပါဝင်သည်။ ၎င်းသည်အဆစ်အမြစ်ရောင်ရောဂါ ကဲ့သို့သော အခြေအနေရှိသူများအတွက် အကျိုးပြုနိုင်ပါသည်။
✅အားကစားစွမ်းဆောင်ရည်မြှင့်တင်ခြင်း- အုန်းရေသည် အားကစားစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ကြွက်သား ကြွက်တက်ခြင်းမှ ကာကွယ်ရန် အားကစားသမားများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု လေ့လာမှုများက ဖော်ပြနေပါသည်။
 
ယေဘူယျအားဖြင့် ပူအိုက်သောရာသီတွင် အုန်းရေသောက်ခြင်းသည် ရေဓာတ်ထိန်းရန် ကျန်းမာသော နည်းလမ်းတစ်ခုဖြစ်ကြောင်းဗဟုသုတအလို့ငှာဖေါ်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
More Health Info⇐