ပျားရည်(Honey) ၏ကျန်းမာရေးကောင်းကျိုးများ
ပျားရည်ဆိုတာ အိမ်တိုင်းတွင်ဆောင်ထားသင့်ပြီး ကျန်းမာရေးအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ပျားအမျိုးပေါင်း (၃၂၀)ခန့်ရှိပြီး အရောင်၊ အနံ့နှင့် အရသာအမျိုးမျိုးရှိကြပါတယ်။ ထို့ကြောင့်ပျားရည်ကို ကျန်းမာရေးနှင့်ညီညွတ်စွာ ဘယ်လိုစားသောက်သင့်ကြောင်းကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။
 
🐝ပျားရည်(Honey) တစ်ဇွန်း၏ကျန်းမာရေးအကျိုးကျေးဇူးများ
ပျားရည်ကို အလွန်အကျိုးရှိသော ဖြည့်စွက်စာအဖြစ်ယူဆကြပြီး ပျားရည်တွင် သကြားဓာတ်၊ အမီနိုအက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ သံ၊ ဇင့်နှင့် အန်တီအောက်ဆီးဒန့် တို့ရောစပ်ထားသော ဂုဏ်သတ္တိများစွာပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက်အလွန်အကျိုးရှိလှပါတယ်။ ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းတွင် ကယ်လိုရီ (၆၄) ကယ်လိုရီ၊ ပရိုတင်း (၀) ဂရမ်၊ အဆီ (၀) ဂရမ်၊ ကာဗိုဟိုက်ဒရိတ် (၁၇) ဂရမ်၊ ဖိုက်ဘာ (၀) ဂရမ်၊ သကြား (၁၇) ဂရမ် အခြားဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သော သံ၊ ဇင့်၊ ပိုတက်ဆီယမ် ပမာဏအနည်းငယ်ပါဝင်ကြောင်းလေ့လာမှုများကဖော်ပြနေပါတယ်။ ပျားရည်ကို နေ့စဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစားသုံးခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး ကင်ဆာရောဂါထိန်းချုပ်မှု၊ နှလုံးကျန်းမာရေးကောင်းခြင်းနှင့် အခြားကျန်းမာရေး အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါတယ်။ ပျားရည်ကို အခြားအစားအစာများကဲ့သို့ပင် အလွန်အကျွံစားသုံးပါက အချို့သောရောဂါများကိုဖြစ်ပေါ်စေနိုင်ပါတယ်။
 
🐝တစ်နေ့တာစားသုံးသင့်သော ပျားရည်(Honey)ပမာဏ
ပညာရှင်များ၏ လေ့လာမှုများအရ တစ်နေ့လျှင်ပျားရည် (၅၀) မီလီယံ သို့မဟုတ် လက်ဖက်ရည်းဇွန်း (၁၀)ဇွန်းအောက် စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။ ကန့်သတ်ချက်ထက်ကျော်လွန်ပြီး မစားသုံးသင့်ကြောင်းနှင့် အခြားသကြားပါဝင်မှုမြင့်မားသော အစားအစာများကို စားသုံးသောသူများအနေဖြင့် ပျားရည်စားသုံးရာတွင် မိမိကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ကာ စားသုံးသင့်ကြောင်းကိုဖော်ပြထားပါတယ်။
 
🐝ပျားရည်(Honey) ၏ကောင်းကျိုးများ
ဗြိတိသျှဆေးဂျာနယ်၏ဖော်ပြချက်အရ မီးလောင်ကျွမ်းမှုများတွင် ဒဏ်ရာကိုသက်သာစေရန် ပျားရည်ကို အသုံးပြုခြင်းဖြင့် တိုးတက်မှုရှိကြောင်းဖော်ပြထားပါတယ်။ ပျားရည်တွင်ပါရှိသော Antioxidants များသည် နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေခြင်း၊ အစာခြေအနစ်ကိုကောင်းမွန်စေခြင်း၊ ချောင်းဆိုးမှုရှိသူအချို့အတွက် သက်သာစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြနေပါတယ်။ လေ့လာမှုတစ်ခုတွင် ပျားရည်စစ်စစ်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းသည် ကလေးငယ်များ၏ ညဘက်ချောင်းဆိုးမှုကို သက်သာစေပြီး ကောင်းမွန်စွာ အိပ်စက်နိုင်တယ်လို့ဆိုထားပါတယ်။ အသက် တစ်နှစ်အောက်ကလေးများတွင် လုံးဝမကျွေးသင့်ကြောင်းကိုလည်းဖော်ပြထားပါတယ်။ အချို့လေ့လာမှုများအရ စိတ်ကျဝေဒနာ၊ စိုးရိမ်ပူပန်မှုနှင့် မှတ်ဉာဏ်ဝေဒနာများကို ကာကွယ်ပေးနိုင်ကြောင်းပြသထားပါတယ်။ ညဘက်အိပ်မပျော်သူများအတွက်လည်း ပျားရည်ကိုစားသုံးခြင်းဖြင့် သဘာဝအလျောက် အိပ်စက်ခြင်းအဖြစ်အကျိုးရှိနိုင်ပါတယ်။
 
🐝ပျားရည်(Honey) ကိုအလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ
ပျားရည်ကို အလွန်အကျွံစားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေခြင်း၊ သွားကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း၊ သွေးဖိအားကိုနည်းစေခြင်း လူအများစုသည်သွေးတိုးခြင်းကို အန္တရာယ်ရှိသည်ဟုယူဆကြသော်လည်း သွေးဖိအားနည်းခြင်းကလည်း များစွာသောရောဂါများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် အစာခြေခြင်းအတွက် အမှန်တကယ်ကောင်းသော်လည်း အလွန်အကျွံစားသုံးပါက အစာအိမ်၊ အူလမ်းကြောင်း တို့၏ အစိတ်အပိုင်းကို အန္တရာယ်ဖြစ်စေနိုင်ပြီး ဝမ်းလျှောခြင်း၊ အစာအိမ်ကျုံ့ခြင်း စတဲ့ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပျားရည်နှင့်ဓာတ်မတည့်မူများရှိလျှင်လည်း ပျားရည်ကိုလုံးဝရှောင်သင့်ပါတယ်။
 
ထို့ကြောင့် ပျားရည်ကို အစာလည်းဆေးဆေးလည်းအစာဖြစ်စေရန်အတွက်စားသုံးသင့်ကြောင်းနှင့် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း (၁၀)ဇွန်းထက် ပိုမစားသင့်ကြောင်းကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။🥰🥰🥰
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com