မိုးရာသီနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

ယခုလိုမိုးရာသီတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများအပြင် ဝမ်းပျက်ဝမ်းလျှောခြင်းများလည်း ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုမလုံလောက်သော နေရာ ဒေသများတွင် မိုးရာသီ၌အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါသည်။ ဝမ်းပျက် ဝမ်းလျှော ရောဂါသည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများထဲမှ အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပါ သည်။ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုသည်မှာ ၂၄ နာရီအတွင်း ဝမ်းအရည်များ ၃ ကြိမ်ထက် ပို၍သွားခြင်းဖြစ်ပါသည်။

📌ဝမ်းပျက်ဝမ်းလျှောခြင်းကို ကာလတိုဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ကာလရှည် ဝမ်းပျက်ဝမ်းလျှောခြင်း ဟူ၍ နှစ်မျိုး ရှိပါသည်။

1.ကာလတိုဝမ်းပျက်ဝမ်းလျှောခြင်းသည် ၁ ရက်မှ ၂ ရက်တွင်းသက်သာသွားနိုင်ပြီး

2.ကာလရှည်ဝမ်းပျက်ဝမ်းလျှောခြင်းသည် ရက်သတ္တပတ် တော်တော်ကြာကြာအထိခံစားရနိုင်ပါသည်။

သာမန်ဝမ်းပျက်ဝမ်းလျှောခြင်းသည် ၁ ရက် မှ ၂ ရက်တွင်း သက်သာသွားနိုင်ပြီး ၃ ရက်ထက်ပိုပြီး ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ပွားပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သောကြောင့် ဂရုစိုက်ရန်လို အပ်ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဘာကြောင့်ဖြစ်တာလဲ

❓

ဝမ်းပျက်ဝမ်းလျှောခြင်းသည် မလတ်ဆတ် မသန့်ရှင်းသောယင်နားစာ အစားအသောက်များနှင့် အမှည့် လွန်အသီးများကြောင့်သော်လည်းကောင်း၊ မသန့်ရှင်းသောရေများကြောင့်သော်လည်းကောင်း၊ ပိုးသတ် ဆေးများသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့်သော်လည်းကောင်း၊ အစာအိမ်ဆေးအ သောက်များခြင်း၏ ဆိုးကျိုးကြောင့်သော်လည်းကောင်း၊ ရောဂါတစ်ခု၏ နောက်ဆက်တွဲ အခြေအနေ များကြောင့်သော်လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေသောရောဂါပိုးများမှာ-

  • 👉ဘက်တီးရီးယားပိုးဝင်ခြင်း E. coli, Salmonella, Shigella,
  • 👉ဗိုင်းရပ်စ်ပိုးဝင်ခြင်း Rota Virus နှင့် norovirus
  • 👉ကပ်ပါးပိုးဝင်ခြင်း Giardia နှင့် E.histolytica ၊
  • 👉မှိုပိုး(Fungi) များမှ Candida စသည်တို့မှဖြစ်ပွါးနိုင်ပါသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်စေသည့် အကြောင်းအရင်းများစွာရှိသည့်အနက်မှ ပိုးကြောင့်ဖြစ်သော ဝမ်းပျက် ဝမ်းလျှောခြင်းသည် လူတစ်ယောက်မှတစ်ယောက်သို့ ကူးစက်ပျံပွားနိုင်ပါသည်။

⛳️ဝမ်းပျက်ဝမ်းလျှောလက္ခဏာများမှာ

ဗိုက်အောင့်ခြင်း၊ ဗိုက်ထဲကရစ်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းတို့ဖြစ်ပါသည်။ ဝမ်းသွား တာများလာခြင်းကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးကာ ရေငတ်ခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ ဆီးသွား တာနည်းလာခြင်း၊ အသားအရေနှင့်ခံတွင်းခြောက်လာခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်းများအပြင် အော့အန်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်လာပါက အသက်သေဆုံးမှုပါဖြစ်လာနိုင်သောကြောင့် မပေါ့ဆသင့်ပါ အထူးသဖြင့် ကလေးများနှင့် သက်ကြီး ရွယ်အိုများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားပြီး ကျန်းမာရေး စောင့်ရှောက်ကုသမှုခံယူသင့်ပါသည်။

📌ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေရန်

ရေများများသောက်ပါ (သန့်ရှင်းသောရေ သို့မဟုတ် ရေကျက်အေး) ၊ ဓာတ်ဆားရည်ကို အဓိကသောက် ပါ၊ ကဖိန်းဓာတ်မပါသော Sport Drink များ၊ စွပ်ပြုတ်များကိုသောက်သုံးသင့်ပါသည်။ ဝမ်းပျက် ဝမ်းလျှောချိန်တွင် ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ကျန်းမာရေးပြဿနာများမဖြစ်ပေါ်စေရန်အတွက် အရည်များကို များများသောက်သုံးသင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးတိုင်ပင် သင့်ပါသည်။

❌ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ် ရှောင်ရှားသင့်သောအရာများမှာ

ရေဓာတ်ဆုံးရှုံးခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုဆိုးစေနိုင်သောကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ လက်ဖက်များစားသုံးခြင်း စသည့် ကဖိန်းဓာတ်ပါသောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ လေပွစာများဖြစ်သော ပဲအမျိုးမျိုး၊ ဂေါ်ဖီထုတ်၊ ဘီယာ၊ အချိုရည် စတာတွေကို ရှောင်ကြဉ်သင့်ပါသည်။ အချို့ပင်လယ်စာများ၊ ထို့အပြင် နို့နှင့် နို့ထွက်ပစ္စည်းများမစားမိရန်လည်းလိုအပ်ပါသည်။

🛡ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေနည်းအောင်

တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုခြင်း၊ အစာမစားမီနှင့် အစားအသောက်များမကိုင်တွယ်မီ လက်ကိုဆပ်ပြာဖြင့်စနစ်တကျဆေးကြောခြင်း၊ အိမ်သာအသုံးပြုပြီးအချိန်များတွင် လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း၊ ယင်နားစာ စားသုံးခြင်းကိုရှောက်ကြဉ်ခြင်း၊ လမ်းဘေး မသန့်ရှင်းသောအစားအသောက်များကိုရှောင်ကြဉ်ခြင်း၊ ရေကိုကျိုချက်သောက်သုံးခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ၏ အဝတ်အစားများ အသုံးအဆောင်များကိုရှောင်ကြဉ်ခြင်း၊ သောက်သုံးရေကန်နှင့် ရေတွင်းများအနီးမှာ လျှော်ဖွတ်ခြင်းများကိုရှောက်ကြဉ်ခြင်းတို့ဖြစ်ပါသည်။

#RainySeason #StayHealthy #PreventDiarrhea #DiarrheaHygiene #bahosihospital

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

More Health Info⇐