မိုးရာသီနှင့် အအေးမိတုပ်ကွေးရောဂါ

ယ္ခုလိုကျောင်းဖွင့်တဲ့အချိန် မိုးရာသီကာလမှာ ဆေးရုံဆေးခန်းများ၌ ဖျားနာသောကလေးများနှင့် လူကြီးများဖြင့် ပြည့်နှက်နေပြီး အတော်များများသည်ပြင်းထန်သော အအေးမိတုပ်ကွေးရောဂါခံစားနေရတာကို တွေ့နေရပါတယ်ခင်ဗျာ။ ထို့ကြောင့် အအေးမိတုပ်ကွေးရောဂါမဖြစ်စေရန်အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များနှင့် ရာသီတုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ပုံမှန်ထိုးသင့်ကြောင်းကို ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မိုးရာသီတွင် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါဘာကြောင့်ဖြစ်ရတာလဲ

ရာသီအကူးအပြောင်းကာလများနှင့် ပိုအေးသောကာလများတွင် ကူးစက်ရောဂါများ အဖြစ်များတာကိုတွေ့ရပြီး သာမန်အအေးမိခြင်း (သို့မဟုတ်) တုပ်ကွေးဖြစ်စေမည့် ဗိုင်းရပ်စ်ကူးစက်ခြင်းများကြောင့်လည်း ပြင်းထန်သော ကျန်းမာရေးအန္တရာယ်အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်ခင်ဗျာ။ ဦးဆုံးအနေနဲ့ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးကို ခွဲခြားသိမြင်ရန်လိုအပ်ပါတယ်။ သာမန်အအေးမိခြင်း၏ ရောဂါလက္ခဏာမှာ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးနှာချေခြင်းတို့ဖြစ်ပါတယ်။ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးရောဂါဟာ ရောဂါလက္ခဏာတူများစွာ ရှိသော်လည်း တုပ်ကွေးရောဂါကူးစက်ခံရပါက ဖျားခြင်း၊ အပူချိန်မြင့်မားခြင်း၊ ခန္ဓာကိုယ်ညောင်းကိုက်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်းနှင့် နှာရည်ကျချောင်းဆိုးခြင်းများကို ဖြစ်စေနိုင်ပါတယ်။ CDC ၏ပြောကြားချက်အရ တုပ်ကွေးရောဂါဟာ မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ရောဂါအများစုမှာ ရာသီပြောင်းချိန်များတွင် အဖြစ်များတယ်ဟုဆိုထားပါတယ်။

🤒🤧ဘယ်လိုလူတွေမှာအဖြစ်များတာလဲ

တုပ်ကွေးရောဂါဟာ 😮အဆုတ်အပါအဝင်၊ အသက်ရှုလမ်းကြောင်းကို အဓိကထိခိုက်စေသောကြောင့် အသက်အရွယ်မရွေးနှင့် အခြေခံကျန်းမာရေးပြဿနာရှိသူများတွင် ပြင်းထန်သောရောဂါတစ်ခုကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်ခင်ဗျာ။

💉💉နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ

အအေးမိခြင်း၊ တုပ်ကွေးနှင့် အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဟာ လူတစ်ဦးမှတစ်ဦးသို့ ပို၍ကူးစက်ရန် လွယ်ကူစေနိုင်သောကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံထားခြင်းက တုပ်ကွေးရောဂါအခြေအနေကို လျှော့နည်းစေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းတွင်တုပ်ကွေးရောဂါနှင့် ဆက်နွယ်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုလျှော့နည်းစေရန်အတွက် ရာသီအလိုက်ကာကွယ်ဆေးထိုးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

⛳ကာကွယ်ဆေး၏အကျိုးကျေးဇူးများမှာ-

👉နှစ်စဉ် တုပ်ကွေးနှင့်ဆက်နွယ်သောရောဂါများကို ကာကွယ်ခြင်း၊

👉တုပ်ကွေးရောဂါရဲ့ပြင်းထန်မှုကို ကာကွယ်နိုင်ခြင်း၊

👉အလုပ်(သို့မဟုတ်)ကျောင်းတွင် ဖျားနာသည့်အရေအတွက်ကိုလျှော့ချနိုင်ခြင်း၊

👉တုပ်ကွေးနှင့်ဆက်နွယ်သောဆေးရုံတက်ခြင်းကို လျှော့နည်းစေခြင်း၊

👉တုပ်ကွေးနှင်ပတ်သက်သော သေဆုံးမှုကိုလျှော့နည်းစေခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

💉💉ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ၏အဆိုအရ ကလေးများနှင့်အသက်ကြီးပိုင်းလူများအတွက် နှစ်စဉ်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရန်အကြံပြုထားပါတယ်ခင်ဗျာ။

🛡🛡ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိသောကြောင့် ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ် သောအားဖြင့်

✅လက်ကိုမကြာခဏဆေးခြင်း၊

✅အပြင်ထွက်တိုင်း Mask တပ်ခြင်း၊

✅နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးနှင့် Covid-19 ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများလိုအပ်သလိုထိုးခြင်း၊

✅အာဟာရရှိသော အစားအစာများကို စားသုံးခြင်း၊

✅ရေများများသောက်ခြင်း၊

✅ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း၊

✅ပြည့်ဝစွာအနားယူခြင်း

✅လူစုလူဝေး၊ လူထူထပ်သောနေရာများအားရှောင်ကျဉ်ခြင်းများကို ပြုလုပ်သင့်ပါတယ်ခင်ဗျာ။

💉💉အထက်ဖော်ပြပါတုပ်ကွေးကာကွယ်ဆေးများကို ဗဟိုရ်စည်ဆေးရုံကြီး၏ Emergency နှင့် OPD ဌာနတို့တွင် Myanmar FDA Approval ရထားသော ကာကွယ်ဆေးများဖြင့် ထိုးနိုင်ရန်ဝန်ဆောင်မှုပေးနေပြီး ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Emergency Phone – 01-2300631 / Ext: 1008, 1009, 1020

☎OPD Phone – 01-2300631 / Ext: 4007

☎Phone- 01-2300631(Hot Line), 2300502 to 2300514 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

More Health Info⇐