ရေသောက်ခြင်းနှင့်ကျန်းမာရေး

ရေသောက်ခြင်းနှင့်ပတ်သက်ပြီး ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဗဟုသုတ အလို့ငှာ ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ခန္ဓာကိုယ်အတွက် ဘာကြောင့်ရေကိုလိုအပ်တာလဲ
တစ်ကယ်တော့ ရေသောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်သော Energy တစ်ခုဆိုရင်လည်း မမှားပါဘူး။ ရေဟာခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး (၆၀) ရာခိုင်နှုန်းခန့်ပါဝင်နေပါတယ်။ခန္ဓာကိုယ်ရှိ ဆဲလ်၊ တစ်ရှူးနှင့် အင်္ဂါတိုင်း ကောင်းစွာလုပ်ဆောင်ရန် ရေကို လိုအပ်ပါတယ်။ လုံလောက်တဲ့ရေပမာဏ နေ့တိုင်းရရှိခြင်းဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ရေအလုံလောက်မရှိဘဲ အပူထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်း ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့် ချွေးမှတစ်ဆင့် ရေဓာတ်များဆုံးရှုံးသွားနိုင်ပါတယ် ထို့သို့ဆုံးရှုံးသွားသော ရေဓာတ်များကို မဖြည့်ဆည်းပါက ခန္ဓာကိုယ်အပူချိန် မြင့်တက်လာနိုင်ပြီး သွေးဖိအားလျော့နည်းခြင်းကဲ့သို့သော ဆိုးဝါးသော အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ သန့်ရှင်းသော သောက်ရေသန့်များကိုလည်း သောက်ရန်လည်းလိုအပ်ပါတယ် သောက်သုံးသောရေမှာ မသန့်ရှင်းပါက ဝမ်းပျက်ဝမ်းလျောခြင်းများနှင့် အခြားကျန်းမာရေး ပြဿနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။

✅ရေသောက်ခြင်း၏အကျိုးကျေးဇူး
ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် ကောင်းစွာအလုပ်လုပ်နိုင်ရန်အတွက် ရေဟာအရေးကြီးလှပါတယ်။ လူအများစုမှာ ရေဓာတ်ချို့တဲ့ခြင်းကို ရှောင်ရှားရန် တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် ၄ ခွက်မှ ၆ ခွက် (၂ လီတာမှ ၄ လီတာ ခန့်) သောက်ရန်လိုအပ်သော်လည်း ကိုယ်ခန္ဓာတိုင်းမှာ ကျန်းမာရေးအခြေအနေများနှင့် လှုပ်ရှားမှု အဆင့်ပေါ်မူတည်၍လည်း ကွဲပြားခြားနားမှုများလည်းရှိနိုင်ပါတယ်။ ရေဟာ မရှိမဖြစ်လိုအပ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူပါဘူး။ အာဟာရဆိုင်ရာ အကျိုးကျေးဇူးများနှင့် ကယ်လိုရီစားသုံးခြင်းတို့အပါအဝင် ရေအမျိုးအစားပေါ်တွင် မူတည်ပြီး ကွဲပြားမှုများလည်းရှိနိုင်ပါတယ်။ ရေသောက်ခြင်းဖြင့် အစားစာမှ အရေးကြီးသော ဗီတာမင်များ၊ သတ္တုဓာတ်များ နှင့် အာဟာရများကိုစုပ်ယူရန်လည်း အထောက်အကူပြုသောကြောင့် ကျန်းမာရေးကောင်းရန် အခွင့်အလမ်းများကို တိုးများစေနိုင်ပါတယ်။ ဟာဗတ်ဆေးဘက်ဆိုင်ရာ အထူးကျန်းမာရေး အစီရင်ခံစာအရ မှန်ကန်သောရေသောက်နည်းဖြင့် ခန္ဓာကိုယ်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်း ဖော်ပြပေးလိုက်တယ်ခင်ဗျာ။ အဟာရဓာတ်များနှင့် အောက်ဆီဂျင်များကို ခန္ဓာကိုယ်အတွင်းရှိဆဲလ်များသို့ သယ်ဆောင်ပေးခြင်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း သွေးဖိအားကိုပုံမှန်ပြုလုပ်ပေးခြင်း အရေပြားကျန်းမာရေးနှင့် အကောင်းဆုံးခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း ကျောက်ကပ်နဲ့ အသည်းပေါ် ရှိ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းဖြင့် ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်မှုလျော့နည်းစေခြင်းများ စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

✅မှန်ကန်သောရေသောက်နည်း
လူအများစုသည် ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို နားလည်ကြပေမယ့် မှန်ကန်သော ရေသောက်နည်းကို သတိမပြုမိကြပါဘူးခင်ဗျာ။ လူတစ်ယောက်ဟာ တစ်နေ့ကို အကြမ်းအားဖြင့် သောက်သုံးသင့်တဲ့ ရေပမာဏကတော့ ပုံမှန်အားဖြင့် ရေနှစ်လီတာမှ လေးလီတာအထိ သောက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက် အဓိကအားဖြင့် ဘယ်အချိန်တွေမှာ ရေပမာဏ ဘယ်လောက် သောက်သင့်ပါသလဲ ဆိုရင်

📌နံနက်အိပ်ရာထထချင်းမှာ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် ဘာအစာမှမစားခင် ရေဖန်ခွက်တစ်ခွက်(၁၀၀စီစီ/၂၀၀စီစီ) ပြည့်အောင် သောက်သင့်ပါတယ်။
📌နေလည်စာမစားခင်မှာ အစာချေဖျက်စနစ်ကို ကူညီပေးနိုင်ရန်အတွက် ရေဖန်ခွက်(၁၀၀စီစီ/၂၀၀စီစီ) တစ်ခွက်သောက်သင့်ပါတယ်။ ဒါဟာဝိတ်ချဖို့ကြိုးစားနေတဲ့ သူတွေအတွက် လိုအပ်တာထက်ပိုပြီး အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ်အလေးချိန် နည်းသူတွေအနေနဲ့ သတိထားပြီး သောက်သင့်ပါတယ်။
📌ရေမချိုးခင်မှာလည်း ရေဖန်ခွက်(၁၀၀စီစီ/၂၀၀စီစီ)တစ်ခွက်သောက်သင့် ပါတယ် ရေမချိုးခင် ရေသောက်ခြင်းဟာ သွေးတိုးရောဂါမဖြစ်အောင် သွေးပေါင်းချိန်ပမာဏကို ထိန်းညှိ ပေးတာကြောင့် သောက်ဖို့ မမေ့သင့်ပါဘူး။

👉👉ရေသောက်ခြင်းဟာ အသားအရေကို စိုပြည်စေတဲ့ သဘာဝနည်းလမ်းတွေထဲက တစ်ခုဖြစ်တာကြောင့် ဂရုစိုက်ပြီး သောက်ပေးသင့်ကြောင်း ဆန္ဒပြုရင်း မှန်ကန်တဲ့ရေသောက်နည်းနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

☎️Phone 01-2300631(Hot Line), 2300502 to 2300514

🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email: bahosihospital@gmail.com
Website: www.bahosihospital.com

⇒More Health Info⇐