လတ်တလောကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉
 
မြန်မာနိုင်ငံတွင် (၂၀၂၃)ခုနှစ် ဧပြီလမှစပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) သည် ကူးစက်မှုနှုန်းအနည်းငယ်မြင့်တက်လာသောကြောင့် လုံးဝမပေါ့ဆသင့်ကြောင်း အထူးသတိပေးနှိုးဆော်လိုက် ပါတယ်ခင်ဗျာ။

✅ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၃၁)နိုင်ငံသည် Covid-19ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) နှင့်ပတ်သက်ပြီး ကူးစက်မှုများ ပြန်လည် မြင့်တက်လာသည်ဟုဆိုထားပါသည်။ ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇ ပြောင်း ရောဂါပိုးများထက် (၁.၂၇)ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိကြောင်း၊ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုထားပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွား မှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့်သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုထားပါသည်။
 
✅(၂၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ COVID-19 သံသယလူနာများ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၉၃) ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅၁) ဦး တွေ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၀.၅၇) ရာခိုင်နှုန်း ရှိသည်ဟုဆိုထားပါသည်။
 
🛡🛡ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အပြင်သွားတိုင်းနှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော Covid-19ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို အမြဲမပျက်နားထောင်ပြီး စနစ်တကျ လိုက်နာဆောင်ရွက်သင့်ကြောင်းအကြံပေးအပ်ပါသည်ခင်ဗျာ။
 
🩺🩺ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အနံ့အရသာမရခြင်း၊ မျက်လုံးများပန်းရောင်ဖြစ်ခြင်း(pink eye)၊ ကြွက်သားနှင့်အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ တစ်ခုခုရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားပြီး စစ်ဆေးမှုခံယူသင့်ပါသည်။ မျက်လုံးများပန်းရောင်ဖြစ်ခြင်းလက္ခဏာသည် Covid-19 လူနာများ ကြားတွင် အတော်ပင်ရှားပါသည်။ ကလေးများနှင့် Hight Risk Group လို့ခေါ်တဲ့ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ ကာကွယ်ဆေးမထိုးထားသူများ အထူးသတိပြုသင့်ပါသည်ခင်ဗျာ။
 
💉💉💉ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကာကွယ်ရန်နှင့် သေဆုံးမှုလျှော့ချနိုင်ရန်အတွက် အသက်(၅)နှစ် အထက်နှင့်၊ (၁၈)နှစ်အထက်ရှိသူအားလုံး ကာကွယ်ဆေးထိုးသင့်ပြီး (၆)လပြည့်ပါက ထပ်ဆောင်း ကာကွယ်ဆေးကို မပျက်မကွက် ထပ်မံထိုးနှံရန်လိုအပ်ပါသည်ခင်ဗျာ။ ထို့ကြောင့် Covid-19 ရောဂါကို မိမိကစကာကွယ်ပြီး မိမိ မိသားစုနှင့် မိမိပတ်ဝန်းကျင်ကိုကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”
 
☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext-4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com