လည်ပင်းကျီးပေါင်းကြောင့် စိတ်ညစ်နေပါသလား
 
ဗဟိုရ်စည်ဆေးရုံကြီးရှိ အရိုးအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန (Physical and Rehabilitation Unit) ကို သတိရလိုက်ပါခင်ဗျာ။

 
😲ဘာကြောင့်လည်ပင်းကျီးပေါင်းဖြစ်ရတာလဲ❓
ကျီးပေါင်းတက်ခြင်းဆိုသည်မှာ အရိုးအဆစ်ရောင်ရမ်းနာတစ်မျိုးဖြစ်ပြီး အရိုးအဆစ်ကြားရှိ အရိုးနုလွှာများ ပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာသောရောဂါတစ်ခုဖြစ်ပါသည်။ လည်ပင်းကျီးပေါင်းတက်ခြင်းသည် အသက်အရွယ် (ကျား/မ) မရွေးဖြစ်ပွါးတတ်ပြီး လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွင်အများဆုံး အဖြစ်များတာကိုတွေ့ရှိရပါသည်။ နည်းပညာများ တိုးတတ်လာသောခေတ်ကြီးတွင် အသက်အရွယ်မရွေး 🖥TV အကြည့်များခြင်း၊ 📱ဖုန်းများနှင့် 💻ကွန်ပျူတာများကိုအာရုံစူး စိုက်ကာအသုံးများလာခြင်းကြောင့် အာရုံကြောဆိုင်ရာရောဂါများနှင့် အကြောတက်ဝေဒနာများ၊ လည်ပင်းကျီးပေါင်းတက်ခြင်းများကို ခံစားနေကြရပါသည်။ ထို့အပြင် အားကစားလုပ်ခြင်းကြောင့်သော်လည်းကောင်း မတော်တဆဖြစ်ခြင်းကြောင့်သော်လည်းကောင်း လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူများသည်လည်း အဖြစ်များပါသည်။
 
⛳️လည်ပင်းကျီးပေါင်းလက္ခဏာများ
လည်ပင်းကျီးပေါင်းရောဂါစတင်ခံစားရပြီဆိုလျှင် တရိပ်ရိပ်မူးဝေခြင်း၊ ဇတ်ကြောတက်ခြင်း၊ လည်ပင်းကြွက်သား တောင့်တင်းနာကျင်ခြင်း၊ ဦးခေါင်း(လှည့်ခြင်း/ငုံ့ခြင်း)များတွင်ခက်ခဲခြင်း၊ ဇက်အတွင်းဆုတ်ဆွဲထားသကဲ့သို့ဖြစ်ခြင်း၊ လည်ပင်းလှုပ်ရှားတိုင်း အသံမြည်ခြင်းတို့ဖြစ်ပါသည်။ ထို့အပြင် လည်ပင်းကျီးပေါင်းရောဂါခံစားရပြီဆိုလျှင် လည်ပင်း အရိုးအဆစ်ကြားတွင် ကြောရိုး အာရုံကြောမကြီးရှိသောကြောင့် ၎င်းကိုပါထိခိုက်စေနိုင်ပါသည်။ ထို့သို့ ထိခိုက်ခြင်းကြောင့် လက်ပြင်အောင့်ခြင်း၊ ခြေလက်များထုံကျင်ကိုက်ခဲလာခြင်း၊ လမ်းကောင်းစွာ မလျောက်နိုင်ခြင်း၊ လက်မြှောက်ရန်ခက်ခဲခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ အကြောဆွဲခြင်းများအထိခံစားရနိုင်ပါသည်။ အချို့အဖြစ်နည်း သောလက္ခဏာများမှာ(နားအူခြင်း၊ ပျို့အန်ခြင်း၊ အမြင်ဝါးခြင်း၊ ရင်တုန်ခြင်း) တို့ကိုလည်းဖြစ်စေနိုင်ပါသည်။ ထို့သိုဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်။
 
⛳️ထိုသို့ကျီးပေါင်းရောဂါဝေဒနာခံစားနေသူများအတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် Physical Rehabilitation အထူးကုဆရာဝန်ကြီးများ (Physiatrist) ဖြင့်ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီး ဆရာဝန်ကြီးများ၏ညွှန်ကြားချက်အတိုင်း (Physical and Rehabilitation Unit) အရိုးအကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာနမှ ကျွမ်းကျင်သော (Physiotherapist)များက ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်များလျှင်မြန်တိုးတက်စွာ ပြန်လည်ကောင်းမွန်လာစေရန်အတွက် လူနာများ၏အခြေခံနှင့် အဆင့်မြင့်လှုပ်ရှားမှုများကို စနစ်တကျခေတ်မီသော လေးကျင့်ရေးကုထုံးများနှင့် စက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောဝန်ထမ်းများက နေ့စဉ် နံနက်(၉)နာရီမှ ည(၅)နာရီအထိ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။ မိမိဆန္ဒအလျောက်လာရောက်သော လူနာများ၊ GPဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ စေလွှတ်သောလူနာများအား အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎Phone; 01-2300631, Ext; 5030
📧Email: bahosihospital@gmail.com
📧Webmail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com
🏥အမှတ်(၉-၁၀) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။