လိပ်ခေါင်းရောဂါကာကွယ်ပါ(Hemorrhoids)
လိပ်ခေါင်းရောဂါဖြစ်စေသောအကြောာင်းအရင်းများစွာအနက်မှ ဝမ်းချုပ်ခြင်းသည် အဓိကအကြောင်းအရင်းဖြစ်ပါသည်။ လိပ်ခေါင်းရောဂါသည် အသက်ရွယ်ကြီးရင့်သူများမှာဖြစ်နိုင်ခြေပိုများပြီး အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်လေ့ရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ လိပ်ခေါင်းရောဂါဆိုသည်မှာ စအိုနဲ့အစာဟောင်းအိမ်မှာရှိသောသွေးကြောများထုံးခြင်းကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာတစ်ခုပင်ဖြစ်ပါသည်။
 
⛳ဘယ်လိုလူတွေအဖြစ်များသလဲ
နာတာရှည်ဝမ်းမကြာခဏချုပ်သူများ၊ မကြာခဏဝမ်းလျှောသူများ၊ ရေသောက်နည်းသူများ၊ အလေးအပင်မသူများ၊ အဝလွန်သူများ၊ ဝမ်းသွားချိန်တွင် ဝမ်းညှစ်ပြီးသွားနေရသူများ၊ ရေရှည်ထိုင်ပြီးအလုပ်လုပ်ရသူများ၊ အိမ်သာထဲတွင် အချိန်အကြာကြီးထိုင်တတ်သူများ၊ အူမကြီးကင်ဆာရောဂါရှိသူများ၊ အသည်းရောဂါရှိသူများ၊ အရက်အလွန်အကျွံ့ သောက်သူများ၊ ကိုယ်ဝန်ဆောင်သူများနှင့် ကလေး မီးဖွားပြီးသူများတို့တွင် အဖြစ်များပါသည်။
 
⛳လိပ်ခေါင်းရောဂါ၏လက္ခဏာများ
လိပ်ခေါင်းရောဂါ၏လက္ခဏာများသည် လိပ်ခေါင်းအမျိုးအစားအပေါ်မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။ လိပ်ခေါင်း ရောဂါတွင် စအိုဝ၏အတွင်းပိုင်း Rectum လို့ခေါ်တဲ့အစားဟောင်းအိမ်တွင်ဖြစ်တတ်သော (Internal Hemorrhoid) အတွင်းလိပ်ခေါင်းနှင့် စအိုဝ၏အပြင်တွင်ဖြစ်တတ်သော (External Hemorrhoid) အပြင်လိပ်ခေါင်းဟူ၍နှစ်မျိုးရှိပါ သည်။ အတွင်းလိပ်ခေါင်း၏လက္ခဏာများသည် နာကျင်မှုမရှိဘဲ ဝမ်းသွားလျှင်တစ်ခါတစ်ရံသွေးပါခြင်း၊ ဝမ်းသွားလျှင်အားမရခြင်း၊ စအိုဝတွင်တစ်စို့တစ်စို့ခံစားရခြင်းများကို ခံစားရနိုင်ပါသည်။ အပြင်လိပ်ခေါင်း၏လက္ခဏာများမှာ စအို၏အနီးတစ်ဝိုက်တွင်ယားယံခြင်း၊ စအိုဝပတ်ပတ်လည်တွင် နာကျင်ယောင်ရမ်းခြင်း၊ စအိုမှသွေးစီးဆင်းမှုများရှိပြီး ဝမ်းသွားချိန်တွင်နာကျင်မှုရှိခြင်းတို့ဖြစ်ပါသည်။ သွေးယိုစီးမှုအချိန် ကြာမြှင့်စွာပြင်းထန်လာပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သံဓာတ်လျော့နည်းသည့် သွေးအားနည်းရောဂါ (Iron Deficiency Anemia)ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်မိမိတွင် လိပ်ခေါင်းရောဂါဖြစ်သည်ဟုယူဆပါက ဆရာဝန်နှင့်စောစီးစွာပြသတိုင်ပင်ခြင်းဖြင့် ခွဲစိတ်ကုသသည့်အဆင့်ထိမရောက်ဘဲ ကာကွယ်မှုပြုလုပ်နိုင်မည်ဖြစ်ပါသည်။
 
🛡🛡လိပ်ခေါင်းရောဂါကို ကာကွယ်ရန်နှင့် လိပ်ခေါင်းရောဂါလက္ခဏာများကို လျှော့ချရန်အကြံပြုချက်အချို့မှာ
 
✅အမျှင်ဓာတ်များသောအစားအစာများကိုစားပါ- သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များများစားပါ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝမ်းပျော့စေပြီး အူမကြီးကိုတိုးတက်ကောင်းမွန်စေနိုင်ကာ လိပ်ခေါင်းရောဂါဖြစ်စေနိုင်သော ဝမ်း ချုပ်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ အမျှင်ဓာတ်ဖြည့်စွက်စာများသည် လိပ်ခေါင်းသွေးထွက်ခြင်းကို သက်သာစေကြောင်း လေ့လာမှုများကလည်းဖော်ပြနေပါသည်။
 
✅ရေများများသောက်ပါ- ဝမ်းပျော့စေရန် တစ်နေ့လျှင် ရေဖန်ခွက်ခြောက်ခွက်မှ ရှစ်ခွက်(၄လီတာမှ ၆လီတာ)အထိ သောက်သင့်ပါသည်။ ခန္ဓာကိုယ်၏ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားမှုအဆင့်ပေါ်မူတည်ပြီး ကွဲပြားခြားနားမှုများ လည်းရှိနိုင်ပါသည်။
 
✅လေ့ကျင့်ခန်းလုပ်ပါ- လေ့ကျင့်ခန်းလုပ်ခြင်းသည် ဝမ်းချုပ်ခြင်းနှင့် အချိန်ကြာကြီး မတ်တပ်ရပ်ခြင်း/ထိုင်ခြင်း ကြောင့် သွေးပြန်ကြောများဆိုင်ရာ ဖိအားများကိုလျှော့ချရန်ကူညီပေးနိုင်ပါသည်။
ထို့အပြင် ဝမ်းသွားချင်စိတ်ဖြစ်နေသည့်အချိန်တိုင်း ဝမ်းကိုအောင့်ထားခြင်းမရှိဘဲချက်ချင်းထသွားသင့်ပါသည်။ ထို့ကြောင့်မိမိတွင်လိပ်ခေါင်းရောဂါဖြစ်နေသည်ဟုသံသယရှိပါက(သို့မဟုတ်) စအိုမှတစ်ပတ်ကျော်ကြာသည်အထိ သွေးထွက်နေပါက ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားပြီး ဆွေးနွေးတိုင်ပင် ကုသမှုခံယူသင့်ပါသည်ခင်ဗျာ။
 
👉👉👉လိပ်ခေါင်းရောဂါနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ကုသလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနရှိ အထူးကုဆရာဝန်ကြီးများနှင့် ကြိုတင်ဘိုကင်ယူပြီး ဆွေးနွေးတိုင်ပင်ကုသနိုင်ပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com