ဝမ်းချုပ်ခြင်းကိုကာကွယ်ပါ

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူးဆိုသကဲ့သို့ မိမိခန္ဓာကိုယ်ကျန်းမာစွာအသက်ရှင်နေနိုင်ပြီး အခြားမလိုလားအပ်သောရောဂါများမဖြစ်လာစေရေးအတွက် ဝမ်းမချုပ်ရန် အလွန်အရေးကြီးလှပါသည်။ ဝမ်းချုပ်ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းချို့ယွင်းမှုတစ်ခုဖြစ်ပြီးများသောအားဖြင့် တစ်ပတ်တွင်  ဝမ်းသုံးရက်မသွားခြင်းသည် ဝမ်းချုပ်ခြင်းဟုသတ်မှတ်နိုင်ပါသည်။ ဝမ်းချုပ်ခြင်းကြောင့်အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများအပြင် မလိုလားအပ်သောရောဂါများဖြစ်ပေါ်လာနိုင်သောကြောင့် ဂရုစိုက်ဆင်ခြင် စားသောက်နေထိုင်သင့်ပါသည်ခင်ဗျာ။

ဝမ်းချုပ်ခြင်းကိုကာကွယ်ရန် အခြေခံအကြောင်းအရင်းများ

(၁) အစားအစာများ

ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အမျှင်ဓာတ်များများပါသောအစားအစာများကိုစားသုံးခြင်း၊ အရည် များများသောက်ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ အသက်အရွယ်ရလာသောလူများတွင် အစာချေစနစ်များ အားနည်းလာခြင်းကြောင့်လည်း နာတာရှည်ဝမ်းချုပ်မှုအန္တရာယ်ကိုအဖြစ်များစေ၍ ဂရုစိုက်စားသောက်သင့်ပါသည်။

(၂) ဘဝပုံစံနှင့်အလေ့အထများ

အတတ်နိုင်ဆုံးတက်ကြွစွာနေပြီး ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် နာတာရှည်ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အသက်အရွယ်ရသူများတွင် ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ပါသည်။

 

ဝမ်းချုပ်စေနိုင်သောအကြောင်းအရင်းများ

  • အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဝမ်းချုပ်ခြင်းသည်အဖြစ်များလာတတ်ပါသည်။
  • ခရီးသွားခြင်းကဲ့သို့ လုပ်ရိုးလုပ်စဉ်ပြောင်းလဲခြင်းကြောင့်လည်း ဝမ်းချုပ်တတ်ပါသည်။
  • ကိုယ်ဝန်ဆောင်များသည်လည်း ဝမ်းချုပ်တတ်ပါသည်။
  • အစားအစာနှင့် လှုပ်ရှားမှုအပြောင်းအလဲများကြောင့်လည်း ဝမ်းချုပ်တတ်ပါသည်။
  • အချို့သောဆေးဝါးများသောက်သုံးနေခြင်းကြောင့်ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဝမ်းချုပ်တတ်ပါသည်။
  • အရည်စားသုံးမှုနည်းပါးခြင်း (သို့မဟုတ်) ရေသောက်မှုလျော့နည်းခြင်းများကြောင့်လည်း ဝမ်းချုပ်တတ် ပါသည်။
  • အမျှင်ဓာတ်ပါဝင်မှုနည်းသောအစားအစာများကိုစားသုံးခြင်း၊ စားသောက်မှု မူမမှန်ခြင်းကြောင့်လည်း ဝမ်းချုပ်တတ်ပါသည်။
  • ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း၊ ပုံမှန်လေ့ကျင်းခန်းများမပြုလုပ်ခြင်း၊
  • အရက် (သို့မဟုတ်) ကဖိန်းဓာတ်ပါဝင်မှုများကို အများအပြားသောက်သုံးခြင်း၊
  • အစာချေစနစ်မကောင်းခြင်းတို့ကြောင့်လည်း ဝမ်းချုပ်စေနိုင်သောအကြောင်းအရင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

ဝမ်းချုပ်ခြင်းနှင့် ဆက်နွယ်သည့် အခြားလက္ခဏာများ

ဝမ်းချုပ်ခြင်းနှင့် ဆက်နွယ်သည့် အခြားလက္ခဏာများမှာ ဝမ်းသွားလျှင်သွေးပါခြင်း၊ ဝမ်းဗိုက်တွင်အဆက်မပျက်နာကျင်ခြင်း၊ အန်ခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဝိတ်မချဘဲ ကိုယ်အလေးချိန် လျော့ကျလာခြင်းတို့ဖြစ်ပါသည်။

အထက်ဖော်ပြပါလက္ခဏာများကြုံတွေလာလျှင်ဆရာဝန်နှင် ချက်ချင်းဆွေးနွေးတိုင်ပင်ကုသသင့်ပါသည်ခင်ဗျာ။ မိဘပြည်သူများ၏ စားသောက်နေထိုင်မှုပုံစံ (lifestyle), (environment) ပတ်ဝန်းကျင်တို့ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပေါ်လာပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OEC-OPTION ENDOSCOPY CENTER (အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့် ဌာန)တွင်လူနာများ၏ ကျန်းမာရေးဘေး ကင်းလုံခြုံစိတ်ချမှု ရရှိစေရန်အတွက် ဝါရင့်အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သောသူနာပြုများမှ နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ လူကြီးမင်းတို့အား အတိကျဆုံးနှင့်အကောင်းဆုံး ကုသမှုများပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်ခင်ဗျာ။

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Email: bahosihospital@gmail.com

Web Mail: bahosihospital@bahosihospital.com

Website: www.bahosihospital.com, Endoscopy Center | Bahosi Hospital

⇒More Health Info⇐