Thyroid သိုင်းရွိုက်ဟော်မုန်းချို့ယွင်းခြင်းများကိုဂရုစိုက်ပါ

သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းနှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကိုပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ်အသီးသီးအပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါသည်။

👉သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက် ဟော်မုန်းများ ပုံမှန်ဖြစ်နေခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိအခြားဟော်မုန်းများအား ပုံမှန်ဖြစ်စေနိုင်မှာဖြစ်ပါ သည်။ သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်း (နည်းခြင်း/များခြင်း)ထဲမှ (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးလက္ခဏာများနှင့် ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🔹သိုင်းရွိုက်ဟော်မုန်းများခြင်း(Hyperthyroidism)၏လက္ခဏာများ

စိတ်မြန်လက်မြန်ဖြစ်ပြီး စိတ်ဆိုးလွယ်ခြင်း၊ နှလုံးခုန်သံမြန်ခြင်း၊ ချွေးထွက်လွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သား များအားနည်းလာခြင်း၊ အစားဘယ်လောက်စားစား ကိုယ်အလေးချိန်တက်မလာဘဲ ပိန်ချုန်းနေခြင်း၊ ညဖက်အိပ်မပျော်ခြင်း၊ အထိုင်အထလေးခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ဝမ်းလျှောတက်ခြင်း တို့ဖြစ်ပါသည်။

🔹သိုင်းရွိုက်ဟော်မုန်းများခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ

မိသားစုရာဇဝင်ရှိခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးပြုလုပ်ဖူးခြင်းနှင့် အချို့သောဆေးဝါးများကြောင့်လည်းဖြစ်နိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းများသွားပါက နောက်ပိုင်းတွင် နှလုံး၊ အရိုး၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ နှလုံးပြဿနာများ၊ မျိုးမပွားနိုင်ခြင်း နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုဖြစ်လာနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းမှုများသည် အသက်အရွယ် (ကျား/မ) မရွေး ထိခိုက်စေနိုင်သော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ခံစားရနိုင်ပါသည်။

🔹သိုင်းရွိုက်ဟော်မုန်းများသူတိုင်း ရှောင်သင့်တဲ့အစားအစာများ

အိုင်အိုဒင်းများသောအစားအစာများ၊ ပင်လယ်စာနှင့် ရေညှိများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အနီရောင်ဆိုးဆေးဆိုးထား သောအစားအစာများ၊ ကြက်ဥအနှစ်၊ အုန်းနို့များ၊ ပဲပိစပ်ပါဝင်သောအစားအစာများ၊ Nitrates များသော အစားအစာများ၊ Gluten များသောအစားအစာများ၊ ကဖင်းဓာတ်ပါသောအစားအစာများကို ရှောင်ရှားသင့်ပြီး လုံးဝ ဖြတ်လိုက် ခြင်းမျိုးမဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်းကို မထိန်းနိုင်သေးသောကာလပတ်လုံး ဆင်ခြင်စွာစားသုံးသင့်ပါသည်။

🛡သိုင်းရွိုက်ဟော်မုန်းများခြင်းကို လျှော့ချရန်အကြံပြုချက်များမှာ

✅ကျန်းမာသောအစားအစာများကိုစားပါ- သက်ဆိုင်ရာဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း အစားအစာများကို မျှတစွာစားသုံးခြင်းဖြင့် သိုင်းရွိုက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။

✅လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှု ကို တိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပြီး အချို့သော သိုင်းရွိုက်ချိုးယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

✅စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပြီး သိုင်းရွိုက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။

✅လုံလောက်စွာအိပ်စက်ပါ- လုံလောက်သော အိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။

✅ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်း သည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုက်ဖြစ်ပွားမှုများကိုပါတိုးမြင့်စေနိုင်ပါသည်။

✅ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးမှုများသည် သိုင်း ရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)

ထို့ကြောင့် မိမိတွင်သိုင်းရွိုက်ရောဂါရှိနိုင်သည်ဟု သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

👉👉သိုင်းရွိုက်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် ကျွမ်းကျင်သောပညာရှင်များက တိကျသောအဖြေများရရှိအောင် စစ်ဆေးဆောင်ရွက် ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010

🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

More Health Info⇐