အရက်သောက်ခြင်းနှင့် ကျန်းမာရေး၏ဆိုးကျိုးများ

ကျန်းမာရေးကို မထိခိုက်စေဖို့ အရက်သောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေကို မျှဝေပေးသွားချင်ပါတယ် ခင်ဗျာ။ အရက်ဟာ လွန်ခဲ့သော ရာစုနှစ် များစွာကတည်းက လူ့အဖွဲ့အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာခဲ့တာ ယ္ခုလက်ရှိ အချိန်ထိဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မှတ်တမ်းအရ နှစ်စဉ် အရက်၏ ဆိုးကျိုးများကြောင့် သေဆုံးသူဦးရေမှာ ၃ သန်းကျော် ရှိသည်ဟုဆိုပါတယ်။ လူများစွာဟာ အရက်သောက်သုံးခြင်းကို ယနေ့ခေတ်မှာ 🧔👱👩‍🦰လူကြီးလူငယ် ကျားမ အသက်အရွယ်မရွေး သောက်သုံးနေကြပြီး အကြောင်းပြချက်မှာ စိတ်ဖိစီးမှုများ ပြေပျောက်စေပြီး သက်သောင့်သက်သာဖြစ်စေဖို့၊ အသည်းကွဲလို့၊ အရက်ကိုကြိုက်လို့ သောက်တာတွေနဲ့ ၊ပတ်ဝန်းကျင် သူငယ်ချင်း အပေါင်းအသင်းအပေါ် ခင်မင်မူအရ သောက်တာတွေ၊ ခေတ်မီအောင်ဆိုပြီး ကလပ်၊ ဘား တွေကိုသွားပြီး အရက်သောက်တာတွေ စတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့သောက်လာကြပါတယ်။ အရက်နဲ့ပတ်သက်ပြီး ရရှိစေတဲ့ ဆိုးကျိုးတွေကတော့ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ အခြားကျန်းမာရေး အခြေအနေတွေဖြစ်တဲ့ အရက်စွဲခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အပြုအမူဝေဒနာတွေ ၊ အသည်းရောင်ရောဂါ၊ ကင်ဆာ နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ဆက်နွယ်လျက်ရှိပြီး ဒါ့အပြင် ယာဉ်တိုက်မှု၊ အကြမ်းဖက်မှု၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုများ မတော်တဆဖြစ်သွားတဲ့ ထိခိုက်ဒဏ်ရာများနှင့် တမင်တကာဖြစ်သော ထိခိုက်ဒဏ်ရာများလည်း ပါဝင်ပြီး ကြီးမားသောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ အရက်ကို အလွန်အကျွံ ရေရှည်စွဲသောက်ခြင်းက ကိုယ်ခန္ဓာအတွင်းရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အင်္ဂါစနစ်အားလုံးနီးပါးကို ပျက်စီးစေနိုင်သောကြောင့် ❌❌အရက်ကိုမသောက်မိစေရန် သတိထား ဆင်ခြင်သင့်ပါတယ်ခင်ဗျာ။

⛔️ကိုယ်ဝန်ဆောင်မိခင်များနှင့် အရက်သောက်ခြင်းအန္တရာယ်
ဆေးဘက်ဆိုင်ရာ ပညာရှင်များကလည်း အမျိုးသမီးများအနေဖြင့် 🫃ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အ ရက်သောက်သုံးခြင်းကို ⛔️⛔️ပြင်းပြင်းထန်ထန်ကန့်ကွက် ထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် အရက်သောက်သုံးပါက (FAS) နှင့် သက်တမ်းမတိုင်မီ ကလေးမွေးဖွားခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ထိုအပြင် အရက်သောက်သုံးသူ မိခင်ရဲ့ သွေးကြောမှတစ်ဆင့် သန္ဓေသားသို့အလွယ်တကူ ဖြတ်သန်းသွားကာ ဦးနှောက်နှင့် ကိုယ်အင်္ဂါဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အရက်သောက်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘယ်အဆင့်တွင်မဆို သန္ဓေသားကို ထိခိုက်စေနိုင်သော်လည်း အန္တရာယ်ပေးနိုင်သော ပမာဏမှာ အရက်သောက်သုံးမှု ပမာဏနဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့ ကိုယ်ရင်သွေးကိုချစ်တယ်ဆိုရင် အရက်သောက်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်ခင်ဗျာ။

⛔️နှလုံး ကျန်းမာရေးနှင့် အရက်သောက်ခြင်းအန္တရာယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၀ ခုနှစ်မှာ စနစ်တကျ ပြန်လည်သုံးသပ်မှုတစ်ခုအရ အရက်အသင့် အတင့်သောက်သုံးခြင်းက နှလုံးရောဂါ ရှိသူတွေကို ထိခိုက်စေတာမဟုတ်ဘူးလို့ စနစ်တကျပြန်လည်သုံးသပ်ခဲ့ပါတယ်။ အရက်ကို အလွန်အကျွံ စွဲစွဲမြဲမြဲသောက်သောသူတွေနဲ့ ပတ်သက်ပြီးလေ့လာမှုမှာတော့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သော လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ သွေးကြောတွေအပေါ် အကျိုးသက်ရောက်မှု ရှိစေသောကြောင့် သွေးတိုးခြင်းနှင့် နှလုံးထိခိုက်မှုများလည်းရှိလာပြီး ရုတ်တရပ် နှလုံးရပ်တန့်ခြင်းကိုပါ ကြုံတွေ့လာနိုင်ပါတယ်ခင်ဗျာ။

⛔️လူငယ်တွေနဲ့ အရက်သောက်ခြင်းအန္တရာယ်
လူငယ်များအနေနဲ့ အရက်ကိုအများကြီး အကြာကြီး သောက်တဲ့သူတွေမှာဆိုရင် ဦးနှောက်ကျုံ့သွားစေနိုင်ပြီး သင်ယူနိုင်စွမ်းတွေ မှတ်ဉာဏ်တွေနဲ့ တွေးခေါ်နိုင်စွမ်းတွေ လျော့ကျသွားစေကာ ဦးနှောက်ကို ထိခိုက်လာနိုင်ပါတယ်။ ထိုအပြင် ခိုက်ရန်ဖြစ်ပွားတာနဲ့ အခြားမလိုလားအပ်သော လူမူရေး၊ ပညာရေး၊ စီပွားရေး ပြဿနာတွေကြုံတွေ့နိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ကာ လူညွှန့်တုံး ဘဝပျက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ထို့ကြောင့် လူငယ်များအနေနဲ့ အရက်ကိုအစပြုပြီး မသောက်မိစေဖို့ သတိပေးချင်ပါတယ်ခင်ဗျာ။

⛔️အစာအိမ် ကျန်းမာရေးနှင့် အရက်သောက်ခြင်းအန္တရာယ်
အရက်ကိုကြာရှည်စွာ အလွန်အကျွံသောက်ခြင်းက အစာအိမ်ထဲမှာ အက်စစ်ဓါတ်တွေပိုများလာကာ အစာအိမ်ရောင်ရမ်းခြင်း(သို့မဟုတ်) အစာအိမ်အနာကို အစပျိုးပေးနိုင်ပြီး အစာအိမ်ကိုထိခိုက်လာနိုင်ပါမယ်။ယင်းက အစာအိမ်ကျုံ့ခြင်းနှင့် နာကျင်မှုတို့ကို ပြင်းထန်စေနိုင်ပါတယ်။ အစာအိမ်နာခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေသည့်အခါ အရက်သောက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်ခင်ဗျာ။

⛔️အသည်း ကျန်းမာရေးနှင့် အရက်သောက်ခြင်းအန္တရာယ်
အသည်းဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲသို့ ဝင်လာသောအရက်ဟာ၊ အဆိပ်အတောက်များစွာကို အဓိက ဖျက်ဆီးပေးတဲ့အသည်းမှာ အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ခြင်းတွေ ဖြစ်လာနိုင်ပြီး အသည်းထိခိုက်လာနိုင်ပါတယ်။ အရက်ဟာ အသည်းပျက်စီးရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲကတစ်ခုပါ အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကိုချေဖျက်တဲ့ ဖြစ်စဉ်တွေက ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန်များစွာ ဖြစ်လာတဲ့အခါ အသည်းကို စတင်ထိခိုက်လာပါတယ်။ အသည်းမှာအဆီတွေစုပုံလာမယ်၊ အသည်းရောင်လာမယ်၊ အသည်းချောက်လာမယ် စတဲ့ရောဂါများဖြစ်လာပြီး အရက်ကို မဖြတ်ဘဲ အလွန်အကျွံ စွဲစွဲမြဲမြဲသောက်နေပါက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

⛔️ဆီးချို ရောဂါနှင့် အရက်သောက်ခြင်းအန္တရာယ်
ဆီးချိူသွေးချိူရောဂါဟာ နာတာရှည်ရောဂါဖြစ်ပြီး အရက်အလွန်အကျွံ သောက်ခြင်းက အမျိုးအစား(၂) ဆီးချိုကို ပို၍ဆိုးရွားစေနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြနေပါတယ်။ ဆီးချိုဆိုတာ အလွန်ကြောက်စရာကောင်းပြီး ဆက်စပ်ရောဂါတွေလည်း များသောကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ အယ်ကိုဟောလ်ကို မသောက်တာ အကောင်းဆုံးပါခင်ဗျာ။ ထို့အပြင် အကန့်အသတ်မရှိအရက်သောက်သောသူများသည် ကိုယ်အလေးချိန် တိုးလာရန်နှင့် အဝလွန်ခြင်း၊ အမျိုးအစား(၂ )ဆီးချိုရောဂါဖြစ်စေရန် အခွင့်အလမ်း ပိုများကြပါတယ်။ ရှောင်မရလို့ သောက်တော့မယ်ဆိုရင် ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝသော ယမကာများကိုဝေးဝေး ရှောင်သင့်ပါတယ်။ ဘီယာမှာပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဟာ အရက်သေစာများမှာ ပါဝင်တဲ့ ပမာဏထက်ပိုများပါတယ်။ ဘီယာအမျိုးအစားနှင့် အရက်အမျိုးအစားပေါ် မူတည်ပြီး ပါဝင်တဲ့ပမာဏလည်း ကွာခြားနိုင်ပါတယ်။ အရက်၊ ဘီယာ၊ ဝိုင် စသော အရက်ယမကာများထဲတွင် သွေးထဲရှိ သကြားပါဝင်မှုနှုန်း တိုးများလာနိုင်ပြီး ဆီးချိုရောဂါကိုအားပေးသော သကြားနှင့် ကယ်လိုရီ အများအပြားပါဝင်သောကြောင့်ဆီးချိုရှိသူတစ်ဦးအနေဖြင့် အယ်ကိုလ်ဟော ၃ ယူနစ်အထက်သောက်သုံးပါက သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်သောကြောင့် ထိုအခြေအနေမျိုးတွင် လူနာသည် နှလုံးကိုဖိစီးစေပြီး သွေးကြောများကို ထိုခိုက်စေသောကြောင့် သွေးဖိအားကို နာတာရှည်ခံစားရပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ် ပျက်စီးမှု အန္တရာယ်များကို တိုးပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါသည်များ အယ်ကိုဟောလ် သောက်သုံးခြင်း၏ အန္တရာယ်အရှိဆုံး အကျိုးဆက်များအနက် တစ်ခုမှာ နှလုံးရပ်တန့်ခြင်းအန္တရာယ်ဖြစ်ပါတယ်။ ထို့ကြောင့် မိမိရောဂါအခြေအနေကို သိသောဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း အရက်ကိုချင့်ချိန်သောက်သင့်ပြီး ဖြစ်နိုင်လျှင် အယ်လ်ကိုဟောလ် ပါဝင်သောအရာများကို မသောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

🎯🎯အထက်ပါရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုသမှုများပြုလုပ်ချင်သော မိဘပြည်သူများအတွက်လည်း ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် သက်ဆိုင်ရာရောဂါအမျိုးအစားများအလိုက် အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာ ကုသမှုခံယူနိုင်ပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

☎️01-2300631(Hot Line), 2300502 to 2300514
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email: bahosihospital@gmail.com
Website: www.bahosihospital.com

⇒More Health Info⇐