အရေပြားလေးဖက်နာ Systemic Lupus Erythematosus (SLE)
SLE သည်နာတာရှည် autoimmune ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ကာ ရောင်ရမ်းနာကျင်မှုများဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် သွေးကြောများကို ပျက်စီးစေနိုင်သည့် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါသည်။ Systemic Lupus Erythematosus (SLE) သို့မဟုတ် အများခေါ် Lupus ကို မြန်မာဘာသာဖြင့် အရေပြားလေးဖက်နာဟုခေါ်ပါသည်။
📌ဘယ်လိုလူတွေ SLE ဖြစ်နိုင်ခြေများတာလဲ
SLE ၏ အကြောင်းအရင်းကို အတိအကျ မသိရှိနိုင်သော်လည်း အများအားဖြင့်
- 👉မိသားစုရာဇဝင်ရှိခြင်း၊
- 👉ဆေးလိပ်သောက်ခြင်း၊
- 👉ဗီတာမင်ဒီချို့တဲ့ခြင်း၊
- 👉ကူးစက်ပိုးဝင်ခြင်း၊
- 👉ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများသောသူများသည် ဖြစ်နိုင်ခြေပိုများနိုင်ခြင်း သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်ခြင်း၊
- 👉အချို့သောဆေးဝါးများ သုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်နိုင်သော်လည်း ဆေးကိုရပ်လိုက်သည်နှင့်သက်သာသွားနိုင်ခြင်း၊
- 👉ကိုယ်ဝန်ဆောင်စဉ်၊ ဓမ္မတာလာချိန်နှင့် ဟော်မုန်းသန္ဓေတားဆေးများ အသုံးပြုသောအချိန်များတွင် SLE ရောဂါဖြစ်နိုင်ခြေပိုများနိုင်သည်ဟုဆိုထားပါသည်။
📌SLE အဖြစ်များသောလက္ခဏာများမှာ
🔹အရိုးအဆစ်များနာကျင်၊ ရောင်ရမ်း၊ တောင့်တင်း၊ ဖောရောင်ခြင်း (အထူးသဖြင့် လက်ချောင်း၊ လက်ကောက်ဝတ်နှင့် ဒူး)၊ မောပန်းခြင်း၊ အဖျားရှိခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အသက်ရှူလျှင်အောင့်ခြင်း အသက်ရှူမဝခြင်း၊ ပါးစပ်အတွင်း အနာများပေါက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နေထိသောနေရာ (အထူးသဖြင့် ပါးပြင်နှင့် နှာခေါင်း တစ်ဝိုက်တွင် လိပ်ပြာပုံသဏ္ဍာန် အရေပြားယားယံနီမြန်းခြင်းနှင့် အဖုအပိတ်များထွက်ခြင်း)၊ ဆံပင်ကျွတ်ခြင်း၊ အမျိုးသမီးအင်္ဂါအနာပေါက်ခြင်းအပြင် အရေပြားကျန်းမာရေးပြဿနာများဖြစ်ပေါ်လာနိုင်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင် ကုသမှုခံယူသင့်ပါသည်။
🔹အရေပြားလေးဖက်နာရောဂါသည် ပြင်းထန်လာပါက အာရုံကြောဆိုင်ရာရောဂါများဖြစ်သည့် တက်ခြင်းနှင့် မှတ်ဉာဏ် ချို့ယွင်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းကို မြင့်မားစေပြီး လူနာမှာ နှလုံးရောဂါဖြင့် ကွယ်လွန်တတ်ခြင်း၊ ကျောက်ကပ်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ကိုပျက်စီးနိုင်ခြင်း၊ အဆုတ်ရောဂါများကိုဖြစ်နိုင်ခြင်း၊ သွေးအားနည်းရောဂါ သွေးကင်ဆာကိုဖြစ်နိုင်ခြင်း စသည်တို့ကိုဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါသည်။ ခေတ်မီကုထုံးများနှင့် ကုသခြင်းဖြင့် လူနာ ၈၀ % မှာ သက်တမ်း ၁၅ နှစ်ကျော်ကြာ နေထိုင်နိုင်လာပြီး အမျိုးသားများထက် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားမှုနှုန်း ၉ ဆ ရှိသည်ဟုဆိုထားပါသည်။
🛡🛡SLE ကိုကာကွယ်ရန်အတွက်
- 👉နေရောင်ကာကွယ်ခြင်း- နေရောင်ကာခရင်မ်ကို အသုံးပြု၍ အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ခြင်း၊
- 👉ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်- အလုံးစုံ ကျန်းမာရေးကို အထောက်အကူပြုရန် မျှတသော အစားအသောက်ကို ထိန်းသိမ်းခြင်း၊
- 👉ပုံမှန်လေ့ကျင့်ခန်း- အရိုးအဆစ်များ၏လုပ်ဆောင်ချက်များနှင့် အလုံးစုံကြံ့ခိုင်မှုကို ထိန်းသိမ်းရန်အတွက် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊
- 👉စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း- ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းနှင့် လုံလောက်သော အနားယူခြင်းနည်းစနစ်များသည် စိတ်ဖိစီးမှုကို စီမံခန့်ခွဲရာတွင် အထောက်အကူ ဖြစ်စေခြင်း၊
- 👉ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏လမ်းညွှန်မှုများအတိုင်း အတိအကျလိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
🔸SLEသည် 🧔♂️အမျိုးသားများထက် 👩🦰အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတစ်ခုလည်းဖြစ်ပါသည်။ အထူးသဖြင့် အသက် ၁၅ နှစ် မှ ၄၄ နှစ် အမျိုးသမီးများတွင် အဖြစ်များပြီး မည်သည့်အသက်အရွယ်တွင်မဆို ရောဂါခံစားရနိုင်ပါသည်။ SLE အတွက် ကုသဆေးမရှိသော်လည်း ကုသမှုများသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်းမှ ကာကွယ်ရန် စောစီးစွာကုသမှုခံယူပါက ရောဂါလက္ခဏာများ ကောင်းမွန်လာနိုင်ပါသည်။
🔸SLE ၏ရောဂါရှာဖွေခြင်းတွင် ဆေးမှတ်တမ်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပေါင်းစပ်ပါဝင်သည်။ SLE ဖြင့်နေထိုင်သူများသည် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူနေမှုပုံစံ ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။
🔸စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် သင့်လျော်သောကုသမှုများသည် SLE ၏အကျိုးသက်ရောက်မှုကို လျှောချရန်နှင့် နောက်ဆက်တွဲကျန်းမာရေးပြဿများကို ကာကွယ်ရန်အတွက်အလွန်အရေးပါကြောင်း ဗဟုသုတအလို့ငှာ ဖေါ်ပြပေးလိုက်ပါသည်ခင်ဗျာ။
Source: Mayo Clinic, CDC, National Health
⛳️မိမိတွင်ဖြစ်ပေါ်နေသော ကျန်းမာရေးပြဿနာများကိုစောစီးစွာသိရှိပြီး ကာကွယ်ကုသမှုများ ပြုလုပ်နိုင်ရန် အတွက် 🩺Medical Check-up Package များအား အောက်ပါ Bahosi Hospital Website Link 👇👇 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com
🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
#systemiclupuserythematosus #autoimmune #disease #medicalcheckup #Bahosihospital