Bone DEXA (အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးခြင်း)

Bone DEXA ဆိုသည်မှာ အရိုးသိပ်သည်းဆကိုတိုင်းတာသည့် ပုံရိပ်စမ်းသပ်ချက်တစ်ခုဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အရိုးဆုံးရှုံးမှုကိုကာကွယ်နိုင်ရန်အတွက် ရိုးဆက်ရောင်ရမ်းနာနှင့် အရိုးပါး၊ အရိုးပွရောဂါများအပြင် အရိုးထိခိုက်ကျိုးလွယ်မှုများ မဖြစ်ပေါ်စေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်ပတ်သက်ပြီး အန္တရာယ်ဖြစ်စေနိုင်သော အသေးစိတ်အချက်အလက်များကို ကြိုတင်သိရှိနိုင်ရန်နှင့်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် စစ်ဆေးမှုများပြုလုပ်ခြင်းဖြစ်ပါသည်။အရိုးပွရောဂါ (Osteoporosis) ဟာ အသက်အရွယ်ကြီးသော အမျိုးသမီးများတွင် အဖြစ်များတက်သော်လည်း အမျိုးသားများတွင်လည်းဖြစ်နိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးသိပ်သည်းဆ လည်း တဖြည်းဖြည်းကျလာတက်ပါသည်။ တစ်ခါတစ်ရံ မည်သည် လက္ခဏာမှ မပြပဲ သာမာန်ထိခိုက်မှုလေးဖြင့် အရိုးကျိုးမှ သာ သိရှိတတ်ကြပါသည်။ အထူးသဖြင့် ‌တင်ပဆုံရိုး၊ ကျောရိုးမကြီးနှင့် လက်ကောက်ဝတ်ရိုးတို့တွင် အဖြစ်များတက်ပါသည်။ မိမိကိုယ်ကို အရိုးပွရောဂါအတွက်သံသယကင်းစွာဖြင့် နေ့စဥ်ဘဝကိုဖြတ်သန်းနိုင်စေရန် အရိုးပွခြင်းစမ်းသပ်စစ်ဆေးမှုများဖြစ်သောသွေးစစ်ခြင်းနှင့် (Bone DEXA Scan) ရိုက်ခြင်းအား ဗဟိုရ်စည်ဆေးရုံတွင် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

♦Phone-01-2300631(Hot Line),

♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

⇒More Health Info⇐