Computer Screen Time များခြင်းကြောင့်ဖြစ်ပေါ်လာကျန်းမာရေးပြဿနာများ

ယနေ့ခေတ်တွင် ကလေးရောလူကြီးပါမကျန် ဖုန်း၊ ကွန်ပျူတာ၊ တီဗီ စသည့် အီလက်ထရောနစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်နှင့်အမျှ ကောင်းကျိုးဆိုးကျိုးများသည်လည်း ဒွန်တွဲလျက်ရှိပါသည်။ ထို့ကြောင့် 💻ကွန်ပျူတာနှင့်ပတ်သက်ပြီး Screen Time အလွန်အကျွံအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ကို ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်သည်ခင်ဗျာ။

🔹Eye Strain and Computer Vision Syndrome (CVS) – အချိန်ကြာမြင့်စွာ ကွန်ပျူတာ Screen ကို စိုက်ကြည့်ခြင်းသည် မျက်စိညောင်းခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် ခေါင်းကိုက်ခြင်း တို့ကိုဖြစ်စေနိုင်ပြီး ဤလက္ခဏာအများစုကို Computer Vision Syndrome ဟုခေါ်ပါသည်။

🔹Musculoskeletal ပြဿနာများ – ကွန်ပျူတာရှေ့တွင် ကြာရှည်စွာထိုင်ခြင်းသည် လည်ပင်းနှင့် ခါးနာခြင်းနှင့် ကြွက်သားအရိုးစုဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပါသည်။ ထို့အပြင်စာရိုက်ခြင်း၊ မောက်စ်ကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် Carpal Tunnel Syndrome လက်ကောက်ဝတ်များနှင့် လက်များကိုထိခိုက်စေနိုင်ပါသည်။

🔹အဝလွန်ခြင်း – ကွန်ပျူတာကြာရှည်စွာအသုံးပြုခြင်းနှင့် ဆက်စပ်သော အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် ကိုယ်အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

🔹အိပ်စက်ခြင်းအား ထိခိုက်ခြင်း – အထူးသဖြင့် အိပ်ရာဝင်ခါနီးတွင် ကွန်ပျူတာအလွန်အကျွံအသုံးပြုခြင်းသည် ဖန်သားပြင်မှထုတ်လွှတ်သောအပြာရောင်အလင်းတန်းကြောင့် ခန္ဓာကိုယ်၏ သဘာဝ Circadian စည်းချက်ကို အနှောက်အယှက်ပေးကာ အိပ်ပျော်ရန် ပိုမိုခက်ခဲစေနိုင်ပါသည်။

🔹စိတ်ကျန်းမာရေးပြဿနာများ – ဆိုရှယ်မီဒီယာ နှင့် အွန်လိုင်းတွင် ကွန်ပျူတာအချိန်အလွန်အကျွံသုံးစွဲခြင်းက စိတ်ကျန်းမာရေးပြဿနာများဖြစ်သည့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် လူမှုရေးအထီးကျန်မှုတို့ကိုဖြစ်စေနိုင်ပါ သည်။

🎯🔸ကွန်ပျူတာ အလွန်အကျွံအသုံးပြုမှုနှင့် ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များကို လျှော့ချရန် အကြံပြုချက် အချို့မှာ-

✅ကွန်ပျူတာရှေ့ထိုင်ရန် အကြံပြုထားသောအကွာအဝေးမှာ ကွန်ပျူတာမျက်နှာပြင်အရွယ်အစား၊ လူတစ်ဦး၏ မျက်စိကျန်းမာရေးအနေအထားပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ သို့သော် အများစုလမ်းညွှန်ချက်မှာ ကွန်ပျူတာရှေ့ (၂၀) လက်မအကွာအဝေးမှကြည့်သင့်ဟုဆိုထားပါသည်။ ထို့အပြင် ၂၀-၂၀-၂၀ စည်းမျဉ်းကို လည်းလိုက်နာရန်လိုအပ်ပါသည်။ မိနစ် (၂၀) တိုင်းတွင် စက္ကန့် (၂၀) အနားယူပြီး ပေ (၂၀) အကွာ အဝေးမှ အရာတစ်ခုကိုကြည့်ရှုသင့်ပြီး မျက်စိညောင်းညာမှုကို လျော့ချနိုင်သည်ဟုဆို ထားပါသည်။

✅ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် အတည့်ထားပြီး စာရိုက်နေစဉ် လက်များကို ၉၀ ဒီဂရီ အနေအထားတွင် ထားပြီးစာရိုက်ပါ။

✅ကြွက်သားတင်းမာမှုကို လျော့ချရန် လည်ပင်း၊ ပခုံးနှင့် လက်ကောက်ဝတ်တို့ကို သင့်လျော်သော လေ့ကျင့်ခန်းများကိုပြုလုပ်ပါ။

✅အထူးသဖြင့် ဖန်သားပြင်ကိုအချိန်ကြာမြင့်စွာ စိုက်ကြည့်သည့်အခါ မျက်လုံးခြောက်ခြင်းမှ ကာကွယ်ရန် မျက်တောင်မကြာခဏခတ်ပါ။

✅မျက်စိမအီမသာဖြစ်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းမှ ကာကွယ်ရန် လုံလောက်သောရေပမာဏကိုသောက်သုံးပါ။

✅ကျောရိုးနှင့် ကြွက်သားများတင်းမာမှုကိုလျှော့ချရန် ကျောရိုးနှင့် ကုလားထိုင်ကို တည့်တည့်ထိုင်ပါ။

✅အမြင်အာရုံဆိုင်ရာပြဿနာများကို ဆောလျင်စွာဖြေရှင်းကုသမှုခံယူရန်အတွက် ပုံမှန်မျက်စိစစ်ဆေးမှုခံယူပါ။

✅ကွန်ပျူတာ Screen ပေါ်ရှိအလင်းကိုလျော့ချပါ။

✅ကွန်ပျူတာ အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော အထိုင်များခြင်း၏ဆိုးကျိုးများကို တိုက်ဖျက်ရန် လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပါ။

👉👉အကယ်၍ ကွန်ပျူတာအကြည့်များခြင်းနှင့်ဆိုင်သော ကျန်းမာရေးလက္ခဏာများခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသမှု ခံယူသင့်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့။

More Health Info⇐