Fallopian Tube Recanalization(သားဥပြွန်လမ်းကြောင်းချဲ့ခြင်း)

သားဥပြွန်လမ်းကြောင်းပိတ်နေခြင်းကြောင့် သားသမီးမရနိုင်ခြင်းအား ကုသခြင်း(Fallopian Tube Recanalization)သားသမီးလိုချင်သော   ဇနီးမောင်နှံများတွင် တစ်ခါတစ်ရံအကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလအ တန်ကြာ မရရှိဘဲဖြစ်နေတတ်ပါသည်။ အမျိုးသား (သို့) အမျိုးသမီး ဘက်တွင် အကြောင်း အမျိုးမျိုးကြောင့် သားသမီးမရနိုင်ခြင်းများထဲမှ အကြောင်းအရာတစ်ခုဖြစ်သော အမျိုးသမီး၏သားဥပြွန်ပိတ်နေခြင်းအား ဆေးရုံတက်စရာ၊ ခွဲစိတ်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။ သားသမီးမရ/ရခြင်းသည် အမျိုးသမီး၏ သားဥပြွန်လမ်းကြောင်းဆိုင်ရာကြောင့် ဖြစ်ပါက သက်ဆိုင် ရာသားဖွားမီးယပ်အထူးကုဆရာဝန်၏ ညွှန်ကြားမှုဖြင့် Interventional Radiologist  ဖြင့်တိုင်ပင်ဆောင်ရွက်ရပါမည်။ ပထမဦးစွာ သားအိမ်ခေါင်းမှတဆင့်ပုံရိပ်ဖော်ဆေးရည် ဆေးသွင်းရိုက်ကူး၍ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ်အား ကြည်ရှုစစ်ဆေးခြင်း Hysterosalpingogram (HSG) ဆောင်ရွက်ပါသည်။ ထိုသို့ ပုံရိပ်ဖော်စစ်ဆေးကြည့်ရာတွင် သားဥပြွန်လမ်းကြောင်းများ ပိတ်နေပါက သေးငယ်သော Guide Wire ကိုအသုံးပြု၍ လမ်းကြောင်းပြန်ပွင့်စေရန် Fallopian Tube Recanalization ကို ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

♦Phone-01-2300631(Hot Line),

♦Phone-09-441444949 (Bahosi Interventional Radiology Centre)

♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#Bahosi_Hospital

#Interventional_Radiology

⇒More Health Info⇐