⛳Peripherally Inserted Central Catheter (PICC)

🎯PICC ဆိုတာဘာလဲ❓

✅PICC ဆိုသည်မှာ အကြောသွင်းကိရိယာ (IV) အမျိုးအစားဖြစ်ပြီး လက်မောင်းအတွင်းပိုင်းသွေးပြန်ကြောမှတစ်ဆင့် နှလုံးအနီးရှိ ပိုကြီးသောသွေးပြန်ကြောဆီသို့ ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်များ၊ အာဟာရများနှင့် ဆေးဝါးများကို ပိုမိုပို့ဆောင်နိုင်ရန်အတွက် သေးငယ်ပျော့ပြောင်းရှည်လျားသည့် Catheter ကိုအသုံးပြုသည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါသည်။

✅ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးရှိ PICC တပ်ဆင်ခြင်းသည် အခြားသော Central Line များနှင့် မတူသော အချက်မှာ ပြင်ပ Entry Point အားလက်မောင်းအတွင်းပိုင်းတွင် ထားရှိခြင်းကြောင့် သွားလာလှုပ်ရှားမှုတွင် ပိုမိုလွယ်ကူစေနိုင်ခြင်းအပြင် Complication and Risk အနည်းဆုံးဖြင့် ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ ကုသမှုအချိန်ပေါ်မူတည်ပြီး PICC တပ်ဆင်ခြင်းသည် ရက်သတ္တပတ်မှ လများအထိကြာမြင့်နိုင်ပါသည်။ PICC ထည့်ခြင်းအား Ultrasound and Fluoroscopy Guided ဖြင့် ထိခိုက်မှုအနည်းဆုံးနှင့် အန္တရာယ်ကင်းစွာဖြင့် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးရှိ Interventional Radiologist မှပြုလုပ်ပေးနေပါသည်ခင်ဗျာ။

🎯PICC ကိုဘယ်လိုလူမျိုးတွေပြုလုပ်သင့်သလဲ❓

Intravenous (IV) ကုထုံး – PICC ကို ရေရှည် သွေးကြောသွင်းကုသမှုလိုအပ်သောလူနာများ (ဓာတုကုထုံးများ၊ ပဋိဇီဝဆေးများ)၊ ဆေးသွင်းရာ၌ သွေးကြောရှာရခက်ခဲသောသူများ၊ ပုံမှန်စားသောက်၍ မရသောလူနာများတွင် သွေးကြောမှတစ်ဆင့် ဆေးဝါး၊ အရည်များနှင့် အာဟာရများပေးပို့ရန် အသုံးပြုသင့်ပါသည်။ ထို့အပြင် Peripheral သွေးကြောရောင်ခြင်း၊ Leakage ဖြစ်ခြင်းစသောအရာများကို ပိုမိုလျော့နည်းစေနိုင်ပါသည်။ နာတာရှည်ဆေးဖက်ဆိုင်ရာအခြေအနေများတွင် မကြာခဏ IV သွင်းရန်လိုအပ်သူများသည် PICC ကို အသုံးပြုခြင်းဖြင့် မကြာခဏဆေးထိုးအပ်များအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော သွေးပြန်ကြောများ ပျက်စီးသွားနိုင်သည့် အန္တရာယ်ကိုလျော့ချနိုင်မည်ဖြစ်ပါသည်။

✅PICC တပ်ဆင်ထားစဉ် လိုက်နာရန်အချက်များ

PICC တပ်ဆင်ထားသူများသည် ပုံမှန်အတိုင်းလက်ကို ကွေးပြီးအသုံးပြုနိုင်သော်လည်း အချို့သောကြိုတင်ကာ ကွယ်မှုများကို လိုက်နာရန်လိုအပ်ပါသည်။

🔹လေးလံသောအရာများကို ၅ ပေါင်ထက်ပို၍ မသယ်ဆောင်သင့်ခြင်း၊

🔹PICC တပ်ထားစဉ်တွင် လက်မောင်းကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်ဆောင်သင့်ခြင်း၊

🔹PICC တပ်ဆင်ထားသော နေရာအား ရေနှင့်ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊

🔹PICC တပ်ဆင်အသုံးပြုထားသော ပစ္စည်းများ ရေစိုညစ်ပတ်ခြင်းများရှိနေပါက ပြောင်းလဲအသုံးပြုသင့်ခြင်း တို့ကိုလိုက်နာဆောင်ရွက်သင့်ပါသည်။

👉👉လူနာ၏ တိကျသော ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံ၍ PICC အသုံးပြုမှုကို လိုအပ်ခြင်းရှိမရှိ၊ မည်မျှကြာကြာအသုံးပြုရမည်တို့ကို လူနာ၏အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများက အကောင်းဆုံးဆောင်ရွက် ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone-01-2300631(Hot Line)

📱Phone-09-441444949

📧Email: bahosihospital@gmail.com

📧Webmail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

⇒More Health Info⇐