Port-a-Cath ဆိုတာဘာလဲ

Port-a-Cath ဆိုသည်မှာ ရင်ဘတ်၏အရေပြားအောက်တွင် Implant လုပ်ထားသော ကိရိယာလေးတစ်ခုပင်ဖြစ်ပါသည်။ အဆိုပါ ကိရိယာတွင် သေးငယ်ပျော့ပျောင်းသော ပိုက်ငယ်လေးပါရှိပြီး ၄င်းအား နှလုံးသို့သွားသော သွေးကြောအတွင်း ထည့်ပေးထားခြင်းဖြစ်သည်။

ဘာလို့ Port-a-Cath လိုတာလည်း
သွေးကြောသေးငယ်သော၊သွေးကြောရှာခက်သော၊သွေးကြောနံရံများ မာပြီး ဆေးသွင်းရန်ခက်ခဲသော၊ သွေးကြောငယ်များကို ထိခိုက်စေနိုင်ခြင်း၊ ပြင်ပသို့စိမ့်ပါက အန္တရာယ်ဖြစ်တတ်သောဆေးသွင်းရန်လိုအပ်သော အခါမျိုးတွင် Port-a-Cath ထည့်ထားခြင်းဖြင့် လျင်မြန် လွယ်ကူ ဘေးကင်းစွာဆေးသွင်းနိုင်မည်ဖြစ်ပါသည်။

🎯ဘယ်လိုလူနာမျိုး ထည့်သင့်ပါသလဲ❓
အထက်ဖော်ပြပါအခြေအနေများ နှင့် ကင်ဆာဆေးသွင်းနေရသူများ အတွက်အထူးသင့်လျော်ပါသည်။

🎯ဘယ်လိုထည့်တာလဲ❓
👉👉Intervention Radiology နည်းပညာအသုံးပြုပြီး Catheterization Lab တွင် Interventional Radiologist မှထည့်ခြင်းဖြစ်ပါသည်။ များသောအားဖြင့်လူနာ၏ အခြေအနေပေါ်မူတည်ပြီး ဆေးရုံတက်စရာမလိုဘဲ အရေပြားထုံဆေးဖြင့် Day Care အနေဖြင့်ဆောင်ရွက်နိုင်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

အသေးစိတ်သိရှိလိုပါက အေက်ပါဖုန်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
📲 09441444949
🏥 အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ရန်ကုန်။

📧Email: bahosihospital@gmail.com
📧Webmail: bahosihospital@bahosihospital.com

More Health Info⇐