အသည်းကင်ဆာဆေးဖြန်းကုသခြင်း(TACE)
အသည်းကင်ဆာဆေးဖြန်းကုသခြင်း TACE နည်းပညာဆိုသည်မှာ Interventional Radiology နည်းပညာ အသုံးပြု၍ အသည်ကင်ဆာအကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေး၀ါးသွင်းကာ သွေးကြောပိတ်ဆို့အောင်ပြုလုပ်သည့်နည်း (Embolization) ကိုအသုံးပြုသည့်ကုထုံးဖြစ်ပါသည်။ TACE (TRANSARTERIAL CHEMOEMBOLIZATION)နည်းပညာ၏ အဓိကရည်ရွယ်ချက်မှာ အသည်း ကင်ဆာအကျိတ်ကို အဓိကထောက်ပံ့နေသော သွေးကြောထဲသို့ ဓာတုဆေးဝါးများ တိုက်ရိုက်ထိုးသွင်း၍ကင်ဆာဆဲလ်များသေစေ ခြင်းဖြင့် ကင်ဆာအကျိတ်အရွယ်အစာသေးစေရန်နှင့် ကင်ဆာကျိတ်ကြီထွားမှုကို နှေးစရန်ဖြစ်ပါသည်။ ကင်ဆာအားအမြစ် ပြတ်ကုသသည့်နည်းလမ်းမဟုတ်ပါ။ ပထမ အကြိမ်ပြုလုပ်သော တုံ့ပြန်မှုအပေါ်မူတည်၍ ထပ်မံကုသမူခံယူရန်လည်း လိုအပ်နိုင်ပါသည်။
ဘာကြောင့်ဖြစ်တာလည်း
အသည်းရောင် ဘီ ပိုး၊ စီ ပိုး
အရက်၊
ဆိုးဆေးနှင့် Aflatoxinပါသောအစားအသောက်များ
ကုသနိုင်သောနည်းများ
အသည်းဆေးဖြန်းခြင်း (TACE)၊
ခွဲစိတ်ကုသခြင်း
ဓာတ်ရောင်ခြည်လှိုင်းဖြင့်ကုသခြင်း (Radio Frequency Ablation)၊
အသည်းအစားထိုးကုသခြင်း၊
အသည်းကင်ဆာဆေးဖြန်းကုသခြင်းTACE နည်းပညာဆိုသည်မှာ Interventional Radiology နည်းပညာ အသုံးပြု၍ အသည်ကင်ဆာအကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေး၀ါးသွင်းကာ သွေးကြောပိတ်ဆို့အောင်ပြုလုပ်သည့်နည်း (Embolization) ကိုအသုံးပြု သည့် ကုထုံးဖြစ်ပါသည်။
TACE နည်းပညာ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာ အကျိတ်ကို အဓိကထောက်ပံ့နေသော သွေးကြောထဲသို့ ဓာတုဆေးဝါးများ တိုက်ရိုက်ထိုးသွင်း၍ကင်ဆာဆဲလ်များသေစေခြင်းဖြင့် ကင်ဆာအကျိတ်အရွယ်အစားသေးစေရန် နှင့် ကင်ဆာကျိတ် ကြီထွားမှုကို နှေးစေရန်ဖြစ်ပါသည်။ကင်ဆာအား အမြစ်ပြတ်ကုသသည့်နည်းလမ်းမဟုတ်ပါ။ ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအပေါ်မူတည်၍ ထပ်မံကုသမူခံယူရန်လည်း လိုအပ်နိုင်ပါသည်။
အသည်းကင်ဆာဆေးဖြန်းကုသရန်အတွက်
အသည်းအထူးကု ဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဦးနှင့်ပြသစစ်ဆေးရန်လိုအပ်ပါမည်။ ၎င်းတို့၏ ညွှန်ကြားမှုဖြင့် အသည်းကင်ဆာဆေးဖြန်းကုသမည့် ဓာတ်မှန်အထူးကုဆရာဝန်ကြီး(Consultant Interventional Radiologist) ဖြင့် တိုင်ပင်ဆောင်ရွက်ရပါမည်။
အသည်းဆေးဖြန်းကုသမှုအတွက် ပုံမှန်အားဖြင့် ဆေးရုံတစ်ရက်ခန့်တက်ရောက်ရပါမည်။ ကုသမှုဆောင်ရွက်ပြီးသောအခါ မိမိပြသလျှက်ရှိသော အသည်းအထူးကုဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးဖြင့်ဆက်လက်ပြသရန်လိုအပ်ပါသည်။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
09441444949 (Bahosi Interventional Radiology Centre)
♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email: bahosihospital@gmail.com
Web Mail: bahosihospital@bahosihospital.com