⛳️ပူပြင်းသောနွေရာသီတွင် ကျန်းမာစွာနေထိုင်ခြင်း

🌞ယခုလိုပူပြင်းသောနွေရာသီတွင် အပူချိန်မြင့်တက်လာသောကြောင့် အပူချိန်ကိုနေ့စဉ်နေ့တိုင်း တော်တော်လေး ခံစားနေကြရပါသည်။ ထို့ကြောင့်နေပူထဲတွင်သွားလာနေသူများ၊ နေပူထဲတွင် အလုပ်လုပ်နေကြသောသူများ၊ အိမ်မှ နေပြီးအပြင်ထွက်သူများ၊ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ရာသီဥတုပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါ အခြေအနေများနှင့်အပူဒဏ်ကိုကာ ကွယ်နိုင်မည့်နည်းလမ်းများကို ဗဟုသုတအလို့ငှာ ဖေါ်ပြပေး လိုက်ပါသည်ခင်ဗျာ။

🌞🛡🛡နွေရာသီတွင် ခန္ဓာကိုယ်အတွက်အပူလွန်ကဲမှုကို ကာကွယ်ရန်အခြေအနေများ-

🛡နွေရာသီအပူလွန်ကဲမှုကို ကာကွယ်ရန်လုပ်ဆောင်မှုများမှာ

✅ရေဓာတ်ပြည့်ဝအောင်နေပါ၊ ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ရန် ရေများများသောက်ပါ၊ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်ဆားများကို အစားထိုးရန် Electrolytes ပါဝင်သော အချိုရည်များကို သောက်နိုင်ပါသည်။

✅ခန္ဓာကိုယ်ကို အေးမြစေဖို့အတွက် ပေါ့ပါးပြီးအရောင်ဖျော့ဖျော့ အဝတ်အစားများကိုဝတ်ဆင်ပါ။ ချည်သို့မဟုတ် ပိတ်စကဲ့သို့သော လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသောအဝတ်အစားများကိုရွေးချယ်ဝတ်ဆင်ပါ၊

✅အရိပ်ရ၍အေးမြသောနေရာတွင်နေပါ၊

✅နေခင်းဘက်အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းအားရှောင်ကြဉ်ပါ (များသောအားဖြင့် မနက် ၁၀ နာရီမှ ည နေ ၄ နာရီကြား) အပြင်ထွက်သည့်အခါတိုင်း အပူဒဏ်ကာကွယ်နိုင်မည့်အရာများကို ယူဆောင်သွားပါ၊(ထီး၊ ဦးထုပ်၊ နေကာမျက်မှန်)

✅အပူဓာတ်ရှိသောအစားအစာများကို ရှောင်ကြဉ်ပြီး အအေးဓာတ်ရှိသော အစားအစာများကို ရွေးချယ်စားသုံးပါ၊

✅နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုုးခြင်းကို ရှောင်ကြဉ်ပါ၊

✅ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ခြင်းဝင်ရောက်ခြင်း၊ အလွန်အေး သောအခန်းနှင့်ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းကို ရှောင်ကြဉ်ပါ၊

✅အရက်နှင့် ကဖိန်းဓာတ်များကို ရှောင်ကြဉ်ပါ အရက်နှင့်ကဖိန်းဓာတ်သည် ရေဓာတ်ခန်းခြောက်စေကာ အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါသည်။

🌞🤒ပူပြင်းသောနွေရာသီတွင် အပူရှပ်ခြင်းကိုဂရုပြုပါ

အပူရှပ်ခြင်းသည် သင့်ခန္ဓာကိုယ် အပူလွန်ကဲသောအခါ ဖြစ်ပွားနိုင်သည့် ပြင်းထန်သော ကျန်းမာရေး အခြေအနေ တစ်ခုဖြစ်ပါသည်။ မြင့်မားသောအပူချိန်နှင့်ထိတွေ့ပြီး ခန္ဓာကိုယ်တွင် ရေဓါတ်၊ ဓါတ်ဆားဓါတ်များ အလုံအလောက် မရှိသည့်အခါ ဖြစ်ပွားနိုင်ပါသည်။

အပူချိန်မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများမှာ

  •  အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း(Heat Exhaustion)-ကိုယ်အပူချိန်မြင့်မားခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း၊ တို့ပါဝင်ပါသည်။
  • အပူဒဏ်ကြောင့်သတိလစ်ခြင်း(Heat Stroke)-ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း(သို့)ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတက်ခြင်း၊  ဤလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားပြီးချက်ချင်း ဆေးကုသမှုခံယူသင့်ပါသည်။ ဤအကြံ ပြုချက်ကို လိုက်နာခြင်းဖြင့် အပူဒဏ်ကိုကာကွယ်နိုင်ပြီး ပူပြင်းသောရာသီတွင် ကျန်းမာစွာနေနိုင်မည်ဖြစ်ပါသည် ခင်ဗျာ။

⛳️အရေးပေါ်ရှေးဦးပြုစုခြင်း

လူနာကိုအရိပ်ရ၍အေးမြသောနေရာသို့ရွှေ့ထားပါ၊ လေပန်ကာ လေအေးပေးစက်ဖွင့်ထားပါ၊ ယပ်ခတ်ပေးပါ၊ လူနာ ၏ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ၊ လူနာ၏အဝတ်အစားများကိုချွတ်ပါ၊ လူနာ၏လည်ပင်း ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ၊ လူနာကောင်းစွာသတိရနေပါက ရေးအေး (သို့) ဓါတ်ဆားရည်တိုက်ပါ၊

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext-4001, 4002, 4010

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။