BONE WELLNESS PACKAGE

Bone Wellness Check-Up(အရိုးကျန်းမာရေးစစ်ဆေးခြင်း)

မည်သည့်အသက်အရွယ်တွင်မဆို အရိုးသိပ်သည်းမှုနည်းခြင်းသည် ရိုးဆက်ရောင်ရမ်းနာကဲ့သို့သော အခြေအနေများနှင့်အတူ အရိုးကျိုးခြင်းအခြေအနေများကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးကျန်းမာကြောင်းသေချာစေရန် အရိုးသိပ်သည်းဆစမ်းသပ်မှုများ မကြာခဏပြုလုပ်ရန်လိုအပ်ပါသည်။ ကျန်းမာသောအရိုးသိပ်သည်းဆကိုရရှိရန်အတွက် အသက်အရွယ်မရွေး ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ ပရိုတင်းနှင့် ဟင်းသီးဟင်းရွက်များကိုစားသုံးသင့်ပြီး ပုံမှန်လေးကျင့်ခန်းများကိုလည်းပြုလုပ်ခြင်းးဖြင့် အရိုးကျန်းမာရေးကိုတိုးတတ်ကောင်းမွန်စေနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ရန်လည်းအရေးကြီးပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အရိုးသိပ်သည်းဆကိုထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်မိဘပြည်သူများ၏ အရိုးကျန်းမာရေးအတွက် ကြိုတင်သိရှိပြီးကာကွယ်မှုများပြုလုပ်နိုင်ရန် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Bone Wellness Check-Up Package များဖြင့် ဝန်ဆောင်မှု‌ပေးနေပါသည်။ ကျွမ်းကျင်သောဆရာဝန်ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ အကောင်းဆုံးဝန်ဆောင်မှုပေး၍ ဆောင်ရွက်ပေးနေပါသည်။

Bone Wellness Check-up Package(အရိုးကျန်းမာရေးစစ်ဆေးခြင်း)တွင်တိုင်းတာစစ်ဆေးနိုင်မည့် အစီအစဉ်များမှာ

  • Physical Examination(ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)၊
  • Eye Test(မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ)၊
  • Hearing Test(နားအကြားအာရုံစစ်ဆေးခြင်း)၊
  • Calcium(ကယ်လ်ဆီယမ်ဓာတ်တိုင်းတာခြင်း)၊
  • Vitamin D(ဗီတာမင် D တိုင်းတာခြင်း)၊
  • Phosphate(Phosphate ဓာတ်တိုင်းတာခြင်း)၊
  • Liver Function Test (Alkaline Phosphate)(အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း)၊
  • DEXA Scan(အရိုးသိပ်သည်းဆတိုင်းတာခြင်း)တို့ပါဝင်ပါသည်။

#Bahosihospital #Bone #Wellness #Checkup #Package

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

Program(အစီအစဉ်) Bone Wellness
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း Physical Examination
 
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Test
 
နားအကြားအာရုံစစ်ဆေးခြင်း Hearing Test
 
ကယ်လ်ဆီယမ်ဓာတ်တိုင်းတာခြင်း Calcium
 
ဗီတာမင်(D)တိုင်းတာခြင်း Vitamin D
 
Phosphate ဓာတ်တိုင်တာခြင်း Phosphate
 
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test
အရိုးသိပ်သည်းဆတိုင်းတာခြင်း(ခါးရိုးနှင့် တင်ပါးဆုံ) DEXA Scan Lumbar and Both Hip
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့မှအပနေ့စဉ် နံနက် ၈နညရီမှညနေ ၄နာရီအထိ ကျန်မာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8am to 4pm daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)