DIABETES CARE PACKAGE
ဆီချိုသွေးချိုကျန်းမာရေးစစ်ဆေးခြင်း
ကမ္ဘာပေါ်တွင်အဖြစ်များဆုံးရောဂါများထဲမှာ ဆီးချိုသွေးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆီးချိုရောဂါမှာ Type 1 Diabetes, Type 2 Diabetes ရှိပြီး ဆီးချိုရောဂါခံစားရသူ (၉၀%) သည် Type 2 အမျိုးအစား ဝေဒနာရှင်များဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါသည် အသက်အရွယ်မရွေး အချိန်အခါမရွေးဖြစ်ပွါးတတ်သောကြောင့် ဌင်း၏ရောဂါလက္ခဏာများကို စောစီးစွာသိထားခြင်းဖြင့် အချိန်မလွန်မီကာကွယ်ထားနိုင်မည်ဖြစ်ပါသည်။ စောစီးစွာသိရှိထားခြင်းဖြင့် နာတာရှည်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ဆီးချိုရောဂါသည် အခြားအသက်အန္တာယ်ရှိသော နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်ခြင်းကိုပါဆက်တိုက်ဖြစ်စေနိုင်ပြီး အမျိုးသမီးများအနေဖြင့်ကိုယ်ဝန်ဆောင်သောအချိန်တွင်ဆီးချိုရောဂါဖြစ်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ ကလေးမွေးဖွားလာပါက ကလေးမှာကိုယ်အလေးချိန်လွန်ကဲပြီး(၉ ပေါင်နှင့်အထက် )ရှိကာ ကလေးတွင် အဆုတ်ပွခြင်း၊ အသက်ရှုလမ်းကြောင်းများပုံမှန်အလုပ်မလုပ်ခြင်း စသည်ရောဂါဖြစ်တတ်သောကြောင့် လုံးဝမပေါ့ဆသင့်သောရောဂါတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Diabetes Check-Up Package များအတွက်(၂၄)နာရီပတ်လုံးပိတ်ရက်မရှိ သင့်တင့်သောနှုန်းထားများဖြင့် အဖြေများကိုအမြန်ဆုံးနှင့် အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျာ။
Diabetes Care Check-up Package(ဆီးချိုကျန်းမာရေးစစ်ဆေးခြင်း)တွင်တိုင်းတာစစ်ဆေးနိုင်မည့် အစီအစဉ်များမှာ
- Physical Examination(ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)၊
 - Eye Test(မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ))၊
 - Hearing Test(နားအကြားအာရုံစစ်ဆေးခြင်း)၊
 - FBS (အစာမစားမီသွေးထဲရှိသကြားဓာတ်အားတိုင်းတာခြင်း)၊
 - 2HPPBS (အစာစားပြီး(၂)နာရီကြာသကြားဓာတ်စစ်ဆေးခြင်း)၊
 - HbA1C (၃ လအတွင်း ဆီးချိုထိန်းသိမ်းမှုတိုင်းတာခြင်း)၊
 - Kidney Function Test (BUN/Urea, Creatinine) (ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း)၊
 - Cholesterol(သွေးထဲရှိအဆီဓာတ်တိုင်းတာခြင်း)၊
 - Uric Acid (ဂေါက်ရောဂါ ရှိ/မရှိစစ်ဆေးခြင်း)၊
 - Urine RE (ဆီးစစ်ခြင်း)၊
 - Urine for Microalbumin(ဆီးထဲတွင်အသားဓာတ်စစ်ဆေးခြင်း)၊
 - ECG (အီးစီဂျီ စစ်ဆေးခြင်း)၊
 - CXR(PA)(ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း)တို့ပါဝင်ပါသည်။
 
| Program(အစီအစဉ်) | Diabetes care | |
|---|---|---|
| ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း | Physical Examination | |
| မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Test | |
| နားအကြားအာရုံစစ်ဆေးခြင်း | Hearing Test | |
| အစာမစားမီသွေးထဲရှိသကြားဓါတ်တိုင်းတာခြင်း | FBS | |
| အစာစားပြီး(၂)နာရီကြာသကြားဓါတ်စစ်ဆေးခြင်း | 2HPPBS | |
| လွန်ခဲ့သော(၃)လအတွင်းပျမ်းမျှသွေးထဲရှိသကြားသဓါတ်ထိန်းနှုန်း | HbA1C | |
| ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း | Urea | |
| ကျောက်ကပ် ထိခိုက်ပျက်စီးမှု စစ်ဆေးခြင်း | Creatinine | |
| သွေးထဲရှိအဆီဓာတ်စစ်ဆေးခြင်း | Cholesterol | |
| ဂေါက် စစ်ဆေးခြင်း | Uric Acid | |
| ဆီးစစ်ဆေးခြင်း | Urine RE | |
| ဆီးထဲတွင်အသားဓာတ်စစ်ဆေးခြင်း | Urine for microalbumin | |
| နှလုံးစစ်ဆေးခြင်း | ECG | |
| ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | Digital Chest X-ray(PA) | |
| ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း | USG(Abd+pelvis) | |
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
 - သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
 - ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
 - ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
 
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)
