DIAMOND PACKAGE (45 YEAR UP)

ယနေ့အချိန်အခါ မိမိတို့ပတ်ဝန်းကျင်တွင် ကူးစက်စေသောရောဂါများ (သို့) မကူးစက်စေသောရောဂါများ (ဥပမာ-ကင်ဆာ/ အဝလွန်/နှလုံး)ဖြစ်ပွားမှုများသည် အသက်အရွယ်၊ ကျားမ မရွေးပိုမိုများပြားစွာဖြစ်ပွား သေဆုံးလျက်ရှိနေသည်ကို တွေ့ မြင်နေရပါတယ်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်းမွန်သည်” ဆိုသည့်အတိုင်း မိမိတွင်ဖြစ်ပေါ်နိုင်သော ရောဂါများကို ကြိုတင်သိရှိမှသာ ကာကွယ်ခြင်း၊ စောလျင်စွာထိန်းချုပ်ကုသခြင်းဖြင့် အကုန်အကျနည်းပါးစွာ မိမိ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါတယ်။

Medical Check-up ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါတယ်-

  • ရောဂါဖြစ်စေနိုင်သော Risk ကိုလျော့ချနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာသိရှိနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာ ကုသနိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ခြင်း၊
  • မိမိရှိရင်းစွဲရောဂါ အခံ၏ နောက်ဆက်တွဲဆိုးကျိုးကို စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊
  • မိမိကျန်းမာရေးအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေနိုင်ခြင်း၊
  • ရောဂါရင့်မှ ကုသရခြင်းထက် ကုန်ကျမှုစရိတ်သက်သာစေခြင်း၊
  • မိမိကျန်းမာရေးအတွက် ဆရာဝန်များဖြင့် ပိုမိုတိုင်ပင်နိုင်ခြင်း၊
  • အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် Quality of Life ကို ပိုမိုရရှိနိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူများကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က မိဘပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စအဝဝကိုသိရှိစေရန်အတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၄၅)နှစ်အထက်အမျိုးသား၊ အမျိုးသမီးများအတွက် Diamond Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။ Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိရောဂါအခြေအနေများကို သိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။

 
Program(အစီအစဉ်)
Age(အသက်အပိုင်းအခြား)
Diamond Package
Male Female
45 up
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
 
 
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Exam Screening
နားအကြားအာရုံစစ်ဆေးခြင်း Hearing Screening
 
 
သွေးဆဲလ်များအားဓာတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
 
 
အစာမစားမီသွေးထဲရှိသကြားဓာတ်အားတိုင်းတာခြင်း FBS
 
 
(၃) လအတွင်း ဆီးချိုထိန်းသိမ်းမှုကိုတိုင်းတာခြင်း HbA1C




အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း (Liver Function Test)
SGPT
 
 
SGOT
 
 
Alkaline Phosphatase
GGT
Bilirubin (Total Bilirubin)
ဗီတာမင် (ဒီ)ဓာတ်တိုင်းတာခြင်း Vitamin D
 
 



ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test
BUN / Urea
 
 
Potassuim
 
 
Sodium
 
 
Creatinine
 
 

လည်ပင်းကြီးရောဂါရှိ/မရှိစစ်ဆေးခြင်း (Thyroid Screening)
TSH
Free T4
ဂေါက်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း Uric Acid
 
 






သွေးထဲရှိအဆီဓာတ်တိုင်းတာခြင်း(Lipid Profile)
Cholesterol
 
 
Triglyceride
HDL
 
 
LDL
 
 
VLDL
 
 
C/H Ratio
 
 
အသည်းကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း AFP
 
 
အူလမ်းကြောင်းကင်ဆာဇီဝအမှတ်သားတိုင်းတာခြင်း CEA
 
 
ဆီးကျိတ်ကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း Total PSA,Free PSA
 
ပန်ကရိယ / အူမကြီးကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း CA 19-9
 
 
ရင်သားကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း CA 15-3  
 
သားဥအိမ်ကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း CA 125  
 
သားအိမ်ခေါင်းကင်ဆာဆဲလ် ရှိ/မရှိ စစ်ဆေးခြင်း
Pap smear test  
 
အသည်းရောင်အသားဝါ(ဘီ)ပိုးစစ်ဆေးခြင်း HBsAg(Strip Test)
 
 
အသည်းရောင်အသားဝါ(စီ)ပိုးစစ်ဆေးခြင်း HCV Ab(Strip Test)
 
 
ဆီးစစ်ဆေးခြင်း Urine Exam
 
 
ဝမ်းစစ်ဆေးခြင်း Stool Exam
 
 
အစာအိမ်အူလမ်းကြောင်းတွင်သွေးယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးခြင်း Stool Occult Blood
 
 
အီးစီဂျီစစ်ဆေးခြင်း ECG
 
 
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း Digital Chest X-ray(PA)
 
 
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းဖြင့်ရောဂါရှာဖွေခြင်း Ultrasound (Abdomen+Pelvic)
 
 
အရိုးသိပ်သည်းဆတိုင်းတာခြင်း(ခါးရိုးနှင့်တင်ပါးဆုံ)
Dexa Scan Lumber and Both Hip
 
 
မနက်စာစားသုံးခွင့်ကူပွန် Breakfast Coupon
 
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)