🎗️🎗️International Childhood Cancer Day 2026
 
International Childhood Cancer Day ကို နှစ်စဉ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းလုံး ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “Demonstrating Impact: From Challenge to Change” ဖြစ်ပါသည်။
 
ဤနေ့သည် ကင်ဆာရောဂါကို တိုက်ဖျက်လျက်ရှိသော ကလေးများနှင့် ဆယ်ကျော်သက်များအား အားပေးထောက်ခံကာ ကလေးကင်ဆာစောင့်ရှောက်မှု ဝန်ဆောင်မှုများကို အလုံအလောက် ရရှိနိုင်ရေး၊ တန်းတူညီမျှမှုနှင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပသည့် အရေးပါသော အထိမ်းအမှတ်နေ့တစ်ရပ် ဖြစ်ပါသည်။
 
ထိုသို့သော ရည်ရွယ်ချက်များအား လေးစားအသိအမှတ်ပြုလျက် International Childhood Cancer Day ကို ဗဟိုရ်စည် ဆေးရုံကြီးမှ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”