International Day of Older Persons-2025
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် ကမ္ဘာပေါ်ရှိ သက်ကြီးရွယ်အိုများအားစာနာမှု၊ မေတ္တာတရားနှင့် ပျော်ရွှင်မှုများပေးစွမ်းနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ“Older Persons Driving Local and Global Action: Our Aspirations, Our Well-Being, Our Rights.” ဖြစ်ပါသည်။ ထို့ကြောင့် မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်တွင် သက်ကြီးရွယ်အို အဖိုးအဖွားများရှိပါက ဂရုတစိုက် အဖော်ပြုစောင့်ရှောက်၍ ပျော်ရွှင်သောမိသားစု ပျော်ရွှင်သော ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးခြင်းဖြင့် အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါ သည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”