Imaging Department 24-hour Service

secondary-banner

ဗဟိုရ်စည်ဆေးရုံကြီးသို့ ကျန်းမာရေးအတွက် လာရောက်ကျသော မိဘပြည်သူများအား ခန္ဓာကိုယ်အတွင်းရှိရောဂါများ ရှိမရှိစစ်ဆေးဖို့ရန်အတွက် Imaging Department မှ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများဖြစ်တဲ့ နိုင်ငံတကာမှတင်သွင်းသော စက်ကြီးများကိုအသုံးပြုကာ မိဘပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီအတွင်း အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါရဲ့အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ပုံရိပ်ဖေါ်ပေးခြင်းဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

  • X-Ray (Digital) (ဓါတ်မှန်ရိုက်ခြင်း)
  • ECG (နှလုံးစစ်ဆေးခြင်း)
  • C-Arm(ခွဲစိတ်ကုသမှုဓါတ်မှန်ရိုက်ခြင်း)
  • CT 128-slice CT OPtima CT 660 with ASiR(ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)
  • Bone DEXA (အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးခြင်း)
  • Colour Doppler (သွေးကြောဓာတ်မှန်ရိုက်ခြင်း)

စသည့်ပုံရိပ်ဖော်ခြင်းများကိုကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ဆရာမများနှင့်အရည်အသွေးပြည့်မီသောဝန်ထမ်းများကအကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

Call Us: 01 2300631

Extension-6024, 6025

X-Ray(Digital) (ဓါတ်မှန်ရိုက်ခြင်း)

ထိခိုက်ဒဏ်ရာရရှိသူများ၊ အချို့သောအကျိတ်အမျိုးအစားများ အဆုတ်ရောင် ရောဂါ (သို့မဟုတ်)တီဘီရောဂါများ ရှိမရှိကို နိုင်ငံတကာအဆင့်မီသော စက်ကြီးများဖြစ်သည့် ဂျပန်နိုင်ငံမှတင်သွင်းသော 630mA-SHIMADZU RAD Speed စက်ကြီးများဖြင့် အကောင်းဆုံးပုံရိပ်ဖေါ်ပြီး (၂၄)နာရီအတွင်းဝန်ဆောင်မှုပေးနေပါသည်။ Mobile X-ray စက်ကြီးများဖြင့်လည်း ဗဟိုရ်စည်ဆေးရုံကြီးရှိရောဂါပြင်းထန်သောလူနာများ၊ X-ray ဌာနသို့လာရောက်၍မရိုက်နိုင်သောလူနာများအတွက်လည်း အခန်းတွင်းဝင်ဆောင်မှုပေးပြီး ဆောင်ရွက်ပေးနေပါသည်။

ECG (နှလုံးစစ်ဆေးခြင်း)

ရင်တုန်၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘက်အောက်ခြင်း၊ ရင်ဘက်အဆင်မပြေမှု များ (သို့မဟုတ်) အခြားရောဂါလက္ခဏာများကြောင့် ဆေးကုသမှုများအတွက် အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးပေးနေပါသည်။

C-Arm(ခွဲစိတ်ကုသမှုဓါတ်မှန်ရိုက်ခြင်း)

အထွေထွေခွဲစိတ်ကုသမှုများ၊ အာရုံကြောဆိုင်ရာရောဂါများ၊ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုများ၊ အရိုးအကြောခွဲစိတ်ကုသမှုများကို ခွဲစိတ်နေချိန်အတွင်းဓါတ်မှန်ရိုက်ခြင်းအတွက် ကျွမ်းကျင်ပြီးအတွေ့အကြုံရှိသောအထူးကုဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

CT Scanကို ရိုးရိုးရိုက်ခြင်းနှင့် ဆေးထိုး/ဆေးသွင်းရိုက်ခြင်းဟူ၍ နှစ်မျိုး ရှိပါသည်။ ရိုးရိုးရိုက်ခြင်းကို(NECT) Non-Enhancement CT နှင့်  ဆေးထိုးဆေးသွင်းရိုက်ခြင်း (CECT)တို့ကို သက်ဆိုင်ရာဆရာဝန်များ၏ ညွှန် ကြားချက်အတိုင်း ဓါတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကအကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက် ပေးနေပါသည်။

CT(ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)

ဗဟိုရ်စည် CT ဌာနတွင် USA နိုင်ငံထုတ် (GE 128-Slice CT Optima CT 660 with ASIR)စက်ကြီးများဖြင့် ဓါတ်ရောင်ခြည်သင့်မှုကို အနည်းဆုံးဖြစ်အောင်လျှောချပေးပြီး လူနာများ၏ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို ရှု့ထောင့်အမျိုးမျိုးမှ ကွန်ပျူတာနည်းပညာ အကူအညီဖြင့် Multiplanner Reconstruction (MRI)ပုံရိပ်များ ၊ 3Dပုံရိပ်များ ကိုအသုံးပြုကာရောဂါရှာဖွေ၍ ပုံရိပ်များကိုကြည်လင်ပျက်သားစွာရိုက်ကူးပေးနေပါသည်။

BONE DEXA အရိုးသိပ်သည်းဆတိုင်းတာခြင်း

Bone DEXA ဆိုသည်မှာ အရိုးသိပ်သည်းဆကိုတိုင်းတာသည့် ပုံရိပ်စမ်းသပ်ချက်တစ်ခုဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အရိုးဆုံးရှုံးမှုကိုကာကွယ်နိုင်ရန်အတွက် ရိုးဆက်ရောင်ရမ်းနာနှင့် အရိုးပါး၊ အရိုးပွရောဂါများအပြင် အရိုးထိခိုက်ကျိုးလွယ်မှုများ မဖြစ်ပေါ်စေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်ပတ်သက်ပြီး အန္တရာယ်ဖြစ်စေနိုင်သော အသေးစိတ်အချက်အလက်များကို ကြိုတင်သိရှိနိုင်ရန်အတွက် စစ်ဆေးမှုများပြုလုပ်ခြင်းဖြစ်ပါသည်။

Colour Doppler(သွေးကြောဓါတ်မှန်ရိုက်ခြင်း)

ကိုယ်ခန္ဓာအတွင်းမှာရှိသော သွေးကြောများအတွင်း အညစ်အကြေးများ (သို့) သွေးလွှတ် ကြောအတွင်း သွေးစီးဆင်းမှုကိစ္စရပ်များကို စစ်ဆေးရန်နှင့် သွေးကြောပိတ်မပိတ်ကို အဓိကသိရှိစေရန်  Color Doppler ရိုက်ခြင်းဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

Call Us: 01 2300631

Extension-6024, 6025