Percutaneous Nephrolithotripsy (PCNL)

Percutaneous Nephrolithotripsy (PCNL)
 
(PCNL) ဆိုသည်မှာအရေပြားမှတစ်ဆင့် (၁ စင်တီမီတာ)ခန့် ဓါးရာအနည်းငယ်ပေးပြီး (Nephroscope) ခေတ်မီကျောက်ကပ်တွင်းကြည့် မှန်ပြောင်းဖြင့် ကျောက်ကပ်မှ ကျောက်တုံးများအရွယ်အစားသေးအောင် (Laser)လေဆာစွမ်းအင် (သို့) အာထရာစောင်းစွမ်းအင်တို့ကို အသုံးပြုပြီး ဖယ်ရှားရန်အသုံးပြုသည့် ကုသနည်းတစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် ဆီးကျောက်တည်ခြင်းကို ကုသဖို့နည်းလမ်းများစွာရှိသည့်အနက် အရေပြားတွင် အပေါက်ငယ်တစ်ခုဖောက်ပြီး မှန်ပြောင်းကနေတစ်ဆင့် ဆီးကျောက်ချေခြင်းသည် အသုံးများသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
 
အကျိုးကျေးဇူးများမှာ
 
  • အပေါက်ငယ်သာ ဖောက်ရန်လိုအပ်ပြီး အကြီးစားခွဲစိတ်ကုသမှု မဟုတ်သောကြောင့် လူနာအနေဖြင့် မိမိ၏နေ့စဉ်ပုံမှန်အလုပ်များကို ပိုမိုလျင်မြန်စွာ ပြန်လည်လုပ်ဆောင်နိုင်ခြင်း၊
  • အကြီးစားခွဲစိတ်ကုသမှု မဟုတ်သဖြင့် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးခြင်း၊
  • အခြားနည်းများဖြင့် ကျောက်ချေရန်ခက်ခဲ့သော လူနာများကုသနိုင်ခြင်း စသည်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
PCNL နည်းလမ်းဖြင့်ကုသမှုခံယူမည့်သူများမှ ဆရာဝန်အားကြိုတင်အသိပေးရမည့် အခြေအနေများ
 
  • သွေးကြဲဆေးသောက်ထားခြင်း၊
  • ကိုယ်ဝန်ဆောင်ထားခြင်း၊
  • ဓါတ်မတည့်မှုများ၊
 
💯👉တစ်ခြားကုသနည်းများဖြင့် ကျောက်ချေရန် အဆင်မပြေသောအခါမျိုးတွင် ဤနည်းဖြင့် ကုသရန်ရွေးချယ်နိုင်ပါသည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကျောက်တည်သောရောဂါများကို ကျောက်အရွယ်အစား၊ တည်နေရာ၊ လူနာကျန်းမာရေး အခြေအနေများပေါ်မူတည်ပြီး ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် အရည်ပြားအပေါက်ငယ်ဖောက်ပြီး ခေတ်မီမှန်ပြောင်း တပ်ဆင်ထားသောပြွန်ထည့်ကာ ကျောက်ကပ်အတွင်းမှ ကျောက်ခြေခြင်း (Percutaneous Nephrolithotripsy) (PCNL)များကို ကျွမ်းကျင်သော အထူးကု ခွဲစိတ်ဆရာဝန်ကြီးများမှ ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ အကောင်းဆုံး ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

Call Us: 01 2300631

Extension 1601, 1606