SLEEP DISODER

အိပ်မပျော်ခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်း

ညဘက်အိပ်မပျော်ခြင်း၊ အိပ်မရခြင်းများသည် ယနေ့ခေတ်လူကြီးများတွင်သာမက လူငယ်များတွင်ပါ အဖြစ်များနေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ အိပ်မပျော်ခြင်းရောဂါဖြစ်စေနိုင်သော အကြောင်းအရင်းများစွာရှိသည့်အနက် စိတ်ဖိစီးမှုများခြင်း၊ အတွေးလွန်ကဲမှုများခြင်း၊ အိပ်ချိန်မမှန်ခြင်းတို့သည် အိပ်မပျော်ခြင်းကို ပိုပြီးဖြစ်စေနိုင်ပါသည်။ အိပ်ရေပျက် များလာခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ရှိရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ ယိုယွင်းလာနိုင်ပြီး အာရုံစူးစိုက်မှုနည်းလာခြင်း၊ သတိမေ့လွယ်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် စိတ်ရောဂါများ စသည့်မလိုလားအပ်သောရောဂါများ ဖြစ်လာနိုင်ပါသည်။ ထိုသို့သောရောဂါအခြေအနေများမဖြစ်ပေါ်လာနိုင်ရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-UP ဌာနတွင် (Sleep Disorder Check-Up Package)ဖြင့် ကျွမ်းကျင်သောဆရာဝန်ဆရာမများ နှင့်ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

Program(အစီအစဉ်) Sleep Disorder
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
 
မျက်စိစမ်းသပ်စစ်ဆေးခြင် (မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Exam Screening
 
နားအကြားအာရုံစစ်ဆေးခြင်း Hearing Screening
 
သွေးဆဲလ်များအား ဓာတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
 
သွေးနီဥအနည်ထိုင်နှုန်းစစ်ဆေးခြင်း ESR
 
လည်ပင်းကြီးရောဂါ ရှိ/မရှိ စစ်ဆေးခြင်း Thyroid Screening TSH, Free T3, Free T4
 
အီးစီဂျီစစ်ဆေးခြင်း ECG
 
ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း Digital Chest X-ray(PA)
 
မနက်စာစားသုံးခွင့်ကူပွန် Breakfast Coupon
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)