Bahosi Oncology Center တွင် ကင်ဆာဆေးသွင်းနေသည့် အန်တီဒေါ်စန်းစန်းထွေး၏ ရင်တွင်းစကား 

အန်တီနာမည်ကတော့ ဒေါ်စန်းစန်းထွေးဖြစ်ပါတယ်။ အသက်ကတော့ (၇၂) နှစ်ရှိပါပြီ ဗဟိုရ်စည် ဆေးရုံမှာ ကင်ဆာဆေးသွင်းနေတာကတော့ (၅) ကြိမ်ရှိပါပြီ။ ဒီဗဟိုရ်စည်ဆေးရုံမှာက ဧည့်ကြိုဌာနကနေစပြီး ကင်ဆာဆေးသွင်းတဲ့နေရာအထိ ဝန်ထမ်းတွေက မိသားစုသဖွယ် နွေးနွေးထွေးထွေးရှိ၍ အန်တီ စိတ်ချမ်းသာရပါတယ်။ ကင်ဆာဆေးသွင်းတဲ့ဌာနက တာဝန်ကျဝန်ထမ်းများလည်း ကောင်းမွန်သော ဝန်ဆောင်မှုနှင့် လူနာအခန်းများလည်း သန့်ရှင်းသပ်ရပ်မှုများကြောင့် တော်တော်စိတ်ချမ်းသာရပါတယ်။ ဗဟိုရ်စည်ဆေးရုံရဲ့ ကင်ဆာဆေးသွင်းဌာနကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့ ဆရာဝန်ကြီးအချင်းချင်း ညွှန်ကြားမှုနဲ့ ရောက်လာတာလည်းပါတယ် ပြီးတော့ ဒီဗဟိုရ်စည်ဆေးရုံမှာက အစ်ကိုကြီးတက်ခဲ့ဖူး တယ်၊ အစ်မလေး တက်ခဲ့ဖူးတယ် အဲ့လိုမျိုးဆိုတော့ ဗဟိုရ်စည်ဆေးရုံကမိသားစုသဖွယ်ဖြစ်နေတော့ အန်တီကလည်း ဒီမှာလာတက်တာဖြစ်ပါတယ်။ သူတို့တက်တုန်းကလည်း အစစအရာရာ အဆင်ပြေခဲ့ တယ်လေ အဲ့ဒါကြောင့် ဒီဗဟိုရ်စည်ဆေးရုံကိုရွေးချယ်ဖြစ်ခဲ့တာပါ။ အန်တီက ဆေးစသွင်းကတည်းက ဘာမှမဖြစ်ဘူး တစ်ချို့ကဖျားမယ် အဖုအပိတ်တွေထွက်မယ် အန်တီကအဲ့ဒါတွေလည်းမဖြစ်ဘူး ထမင်းလည်းစားနိုင်တယ် အိပ်လည်းအိပ်တယ်။ အစစအရာရာအဆင်ပြေလို့ အားလုံးကို ကျေးဇူးလည်း တင်ပါတယ် ဗဟိုရ်စည်ဆေးရုံကြီးလည်း ဒီထက်မက အောင်မြင်ပါစေလို့အန်တီအနေ့နဲ့ ဆုတောင်ပေးပါတယ်နော်။