Bahosi Oncology Center တွင် ကင်ဆာဆေးသွင်းနေသည့် အန်တီဒေါ်သန်းသန်းဦး၏ ရင်တွင်းစကား

အန်တီနာမည်ကတော့ ဒေါ်သန်းသန်းဦးဖြစ်ပါတယ်။ အသက်ကတော့ (၅၂) နှစ်ပါ။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ကမာက လဲကျေးရွာကနေ ဗဟိုရ်စည်ဆေးရုံကြီးမှာ ကင်ဆာဆေးလာသွင်းတာ (၈) ကြိမ်သွင်းပြီးသွားပါပြီ။ နောက်ထပ် (၆) ကြိမ်သွင်းရမှာ ခုဆို (၅) ကြိမ်မြောက်ရှိပါပြီ။ ဒီမှာကင်ဆာဆေးသွင်းရတာ မူးတာ အန်တာလည်းမရှိဘူး အစား အသောက်အနေအထိုင်ကအစ အဆင်ပြေပါတယ်။ ကင်ဆာဆေးသွင်းတဲ့ ဌာနကဝန်ထမ်းများကလည်း မိသားစု သဖွယ်နွေးနွေးထွေးထွေးရှိတယ်၊ နေရထိုင်ရတာလည်းအဆင်ပြေတယ်၊ ဝန်ဆောင်မှုလည်းကောင်းလို့ ဒီဗဟိုရ်စည် ဆေးရုံမှာကင်ဆာဆေးလာသွင်းဖြစ်တာပါ။ ပြီးတော့ အန်တီခွဲစိတ်မှု လုပ်တုန်းကလည်း ခွဲစိတ်ဆရာဝန်ကြီး ဦးထွန်းဦးနဲ့ ခွဲစိတ်ရတာအဆင်ပြေတယ်။ နောက်ပြီး ကင်ဆာဆေးသွင်းဖို့ကိုလည်း ကင်ဆာဆရာဝန်ကြီး တစ်ယောက် နဲ့တိုင်ပင်ပြီး အန်တီအနေနဲ့ ဒီဗဟိုရ်စည် ဆေးရုံကိုပဲရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီခွဲစိတ်မှု လုပ်တုန်းကလည်း အဆင်ပြေခဲ့လို့လေ။ ခုလည်းကင်ဆာဆေးသွင်းတာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ ဗဟိုရ်စည်ဆေးရုံကြီးလည်း ဒီထက်မကအောင်မြင်ပါစေလို့ အန်တီအနေနဲ့ဆုတောင်း ပေးလိုက်ပါတယ်နော်။