VIRAL SCREENING

ခုခံအားကျဆင်းမှု နှင့် အသည်းရောင်အသားဝါ (ဘီ)ပိုး (စီ)ပိုး ရှိ/မရှိ တိုင်းတာစစ်ဆေးခြင်း

Viral screening ပြုလုပ်ခြင်းဖြင့် မိမိတွင် အသည်းရောင်အသားဝါ ရောဂါရှိ/မရှိ ကြိုတင်သိရှိပြီး စောစီးစွာကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ရောဂါကူးစက်နှုန်း လျော့ချနိုင်ပြီး ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Viral screening package ကိုအလုပ်မဝင်မီ၊ ခွဲစိတ်မှုမတိုင်မီ၊ လက်ထပ်မည့်ကြင်စဦးဇနီးမောင်နှံများ၊ ပညာတော်သင်သွားမည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများပြုလုပ်နိုင်ပါသည်။ ရောဂါကိုကြိုတင်သိရှိနိုင်ပြီး ဆေးသောက်၍ပိုးကောင်ရေကိုလျော့ချနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောဘဝ (Quality of Life) ကိုအသေအချာရရှိစေမည်ဖြစ်ပါသည်။ ထိုပြင်ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုသည့်အတိုင်း ရောဂါမရှိပါကလည်း ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Viral Screening Check up Packageတွင်တိုင်းတာစစ်ဆေးနိုင်မည့်အစီအစဉ်များမှာ

  • Hepatitis Viral Screening(HBs Ag, HCV Ab)(အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း)၊
  • HIV 1&2 Ab(ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း)တို့ပါဝင်ပါသည်။

Program(အစီအစဉ်) Viral Screening
အသည်းရောင်အသားဝါ (ဘီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HBsAg
အသည်းရောင်အသားဝါ (စီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HCVAb
ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း HIV 1&2 Ab

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)